#ပန်ထွာ_သုံးပန်လှ_ဗိဿနိုး_ဘုရင်မ
🏵️ပန်ထွာဘုရင်မ_သုံးပန်လှဘုရင်မ သို့မဟုတ် ဗိဿနိုးဘုရင်မကို အိပ်ယာ၀င် နားထောင်ကောင်းသော ဇာတ်လမ်းများအဖြစ် မြန်မာပြည်သား အတော် များများက သိရှိ ကြားဘူး ကြသည်။ ပန်ထွာ၏ အဓိပ္ပါယ်မှာ တရက်တည်းတွင် သုံးမျိုး သုံးကြိမ် လှပသူ၊ အလွန်ချောမော လှပသူဟု ဖြစ်သည်။
🏵️အချိန်ကာလက ...
မြတ်စွာ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်ပြီး သာသနာ သက္က ရာဇ် ၅၉ ခုနှစ်မှာပေါ့။ (ယခုခေတ် မန္တလေးတိုင်း သပိတ်ကျင်းမြို့အနီးရှိ) တကောင်းပြည် ဘုရင် #သတိုးမဟာရာဇာ( နဂါးနိုင်မင်း) နဲ့ မိဖုရားကြီး ကိန္နရီဒေဝီမှာ သားတော် နှစ်ပါး ထွန်းကားတယ်။ သားတော် နှစ်ပါးဟာ မွေးကတည်းက မျက်စိ မမြင် ဘူး။ ဖခင်က တခြား တိုင်းပြည်တွေ မသိခင် သတ်စေ အမိန့်ချတယ်။ မိခင်က မသတ်ရက်တော့ ဖွက်ထားတယ်။ အရွယ် ရောက်တော့ ဘုရင်ကြီး သိသွားတော့ မိဖုရားကြီးက မနေသာ တော့ပဲ သားတော် နှစ်ပါးကို ဖောင်ပေါ်တင်ပြီး မသိုးထမင်း၊ မသိုးဟင်း တွေနဲ့အတူ ရင်နာနာနဲ့ ရေမှာ မျော စေခဲ့တယ် ။ လမ်းခရီး ရေစပ်က စစ်ပင်ကြီး ကိုင်းနေတဲ့နေရာမှာ ဖောင်နဲ့ ညှိနေတုံး ဘီလူးမလေးက ဖောင်ပေါ် တက်လိုက် လာတယ်၊ ထမင်းတွေခိုးစားတယ်၊ မိတယ်၊ သတ်မယ်လုပ်တော့ တောင်းပန်ပြီး မျက်စိ ကုပေးလိုက်တော့ မင်းသားနှစ်ပါး မျက်စိပြန်မြင် သွားတယ်။မင်းသားအငယ် #စူဠသမ္ဘဝနဲ့ စန္ဒမုခိဘီလူးမလေး ညားတယ် ။ #ပန်ထွာကို မွေးတယ် ပေါ့ ။(စစ်ပင်ကြီး ကိုင်းနေတဲ့ နေရာဆိုတာ စစ်ကိုင်းမြို့
ဖြစ်လာမယ့် နေရာပါ။)
🏵️ဆက်လက်မျောပါရင်း ...
သရေ ခေတ္တရာ (ပြည်)ကို ရောက်တယ်။ မင်းကြီးတောင်ခြေမှာ ဗူးပေါက် ကျဉ်းကျဉ်းနဲ့ ရေခတ်နေတဲ့ မဗေဒါကို တွေ့တယ် ။ သဘောကျတယ်။ ဗူးပေါက်ကို သံလျက်နဲ့ ချဲ့ပေးတယ် ။ အဲတာနဲ့ #မဟာသမ္ဘဝနဲ့ ဗေဒါရီ ညားကြတယ် ။ #ဒွတ္တဘောင် မင်းသားကို မွေးတယ် ။ ဒါကြောင့် ပန်ထွာ မင်းသမီးနဲ့ ဒွတ္တဘောင်ဘုရင်ဆိုတာ မောင်နှစ်မ တစ်ဝမ်းကွဲတွေပါ။ ဗေဒါရီမင်းသမီး ကလည်း သူစိမ်း မဟုတ်ပြန်ဘူး။ ဗေဒါရီရဲ့ မေမေက သမင်မ ကလေးပေါ့ ။ ရသေ့ကြီးရဲ့ မင်းကြီး တောင်က ကျောင်းသင်္ကန်းမှာ အစာ စားရင်း၊ရသေ့ကြီးရဲ့ ကျင်ငယ်ရေ သောက်မိရာက သမင်မ လေးမှာ ကိုယ်ဝန် ရှိပြီး ဗေဒါရီကို မွေးတာ။ ရသေ့ကြီးက အဓိဌာန်နဲ့ လက်ညှိုး ကနေ နို့ထွက်စေပြီး မွေးစားခဲ့တာပါ ။ ရသေ့ကြီးရဲ့ နာမည်က #ခေပဒူပ တဲ့ ။တကောင်း ဘုရင် သတိုးမဟာရာဇာရဲ့ ညီအရင်း အိမ်ရှေ့မင်းသားပါ ။ သတိ သံဝေဂရပြီး မင်းကြီးတောင်မှာ ရသေ့ ဝတ်နေတာပါ။ ဗေဒါရီက မဟာသမ္ဘဝ တို့ကို ရသေ့ကြီး ကျောင်းသင်္ကန်းကို ခေါ်လာပြီး
ဆွေမျိုး စပ်တော့ တူအရင်းတွေ ဖြစ် နေတာပေါ့ ။ ဒါကြောင့် ရသေ့မြို့ ဆိုပြီး မြို့တည်ပေးတယ်။မဟာသမ္ဘဝက ဘုရင်၊ စူဠသမ္ဘဝက အိမ်ရှေ့မင်းပေါ့။ မဟာ သန္ဘဝနဲ့ ဗေဒါရီဟာလည်း မောင်နှမ တစ်ဝမ်းကွဲ တော်စပ်တယ်။
🏵️ဒွတ္တဘောင်နဲ့ ပန်ထွာ တို့ဟာ ဒီဂေါတမ ဘုရားလက်ထက် မှာပဲ ပြည် မြို့ရဲ့တစ်ဖက်ကမ်းက ' ဖိုးဦးတောင်' မှာ ပွေးဖိုနဲ့ ပွေးမအဖြစ် ချစ်ခင်စွာ နေခဲ့ကြဖူးတယ်။ ဘုရားရှင်ဟာ ၁၀၃ ခုနှစ်မှာ ဖိုးဦးတောင်ကို ကြွလာတယ်။ သူတို့ မောင်နှံဟာ ကတိ တစ်ခု ထားခဲ့
ကြသတဲ့။' ဘုရားရှင် ကြွလာရင် ဘယ်သူ အရင်တွေ့တွေ့ တစ်ယောက်ကို တစ်ယောက် လာခေါ်ကြဖို့ပေါ့ ။ ဒါပေမယ့် ဘုရားရှင် တကယ်ကြွ လာတဲ့ အခါမှာတော့ ပွေးဖိုက အရင် ဘုရားကို ဖူးမျှော်ရပြီး ပွေးမလေးက
မဖူးလိုက်ရဘူး။ ပွေးမလေး လုံးဝ မကျေနပ်ဘူးပေါ့ ။ သူမလည်း အားကျမခံ မြေကျစ် ဆုပ်လေး ကိုင်ပြီး ဘုရားရှင်ဆီ အမှီလိုက် ဆုတောင်းတယ်ပေါ့ ။
" ဖြစ်လေရာဘဝမှာ ဟောဒီပွေးဖိုနဲ့ လုံးဝ မတွေ့ဆုံ ရပါစေနဲ့ အရှင်ဘုရား" ပေါ့ ။ပွေးဖို ကလည်း အားကျ မခံ ပြန် ဆုတောင်းတယ်၊ " သူပြု သမျှ ကုသိုလ်ကံကြောင့် ပွေးမလေးနဲ့ ဘဝ ဆက်တိုင်း ပေါင်းဆုံ ပါရစေ ဘုရား" ပေါ့ ။ ဒီ ဆုတောင်းတွေ ကြောင့်ပဲ ချစ်
သူ၊မုန်းသူ ၊ အခဲမကြေသူတွေ အဖြစ် လူ့ဘဝမှာ ပြန်လည် ဆုံတွေ့ကြ ပေမယ့် တစ်ယောက်က အချစ်ကြီး ချစ်သူ၊တစ်ယောက်က အမုန်းကြီး မုန်းသူ ဖြစ်နေရတယ်လို့ ပြောကြတယ်။
🏵️ပန်ထွာမင်းသမီး ကြီးပြင်း လာသော အခါတွင် ဗိဿနိုးနတ်မင်း ( the Hindu god Vishnu) က ရှေးဘဝ၌ မောင်နှမတော်ခဲ့သဖြင့် ဗိဿနိုးမြို့ ( ယခု တောင်တွင်းကြီးမြို့ အနီး) ကို ဖန်ဆင်း၍ ပန်ထွာမင်းသမီးအား အပ်နှင်းလိုက်တယ်။ ဗိဿနိုး မြို့နိုင်ငံကို အနီးနားက အင်အားကြီး ဘုရင်များက သိမ်းပိုက်ရန် ကြိုးစားခဲ့ ကြတယ်။ ဗိဿနိုးမြို့တွင် အလွန်ထူးခြားသော အတုလ စည်တော်ကြီး တစ်လုံးရှိတယ်။ အကယ်၍ ဗိဿနိုးအား ရန်သူများ လာရောက်တိုက်ခိုက်သောအခါ ပန်ထွာ ဘုရင်မသည် ထိုစည်တော် ကြီးကို တီးခတ် လိုက်ပါက ဗိဿနိုးမြို့ကိုဝန်းရံထားသော ရန်ပယ် ချောင်းရှိ ရေတံခါးကိုစောင့်ကြပ် သူများက ရေတံခါးကို ဖွင့်ချလိုက်တယ်။ ထိုအခါ ရန်ပယ်ချောင်းအတွင်း ရေကြီး လာပြီး ရန်သူများ ဆုတ်ခွာ သွားရလေ့ရှိသည်။ ဒွတ္တဘောင်မင်းကြီးသည် ဗိဿနိုးအား သူ၏ တပ်ကို စေလွှတ်၍ တိုက်ခိုက်ရန် ကြိုးစား သော်လည်း ထိုစည်တော်ကြီး၏ အစွမ်းကြောင့် အောင်မြင် နိုင်ခြင်း မရှိဘဲ
တပ်ပျက် ပြီး ပြန်ပြေးရတယ် ။
🏵️ရေတံခါး တွေဟာ အတုလ စည်တော် အပေါ် တည်မှီနေကြောင်း သိတဲ့အခါ ဒွတ္တဘောင် မင်းသည် ထိုစည်တော်ကို ဖျက်ဆီးရန် အတွက် သူလျှိုတစ်ယောက်ကို တန်ခိုးရှင် ရသေ့ (ရဟန်းတု) ယောင်ဆောင် စေပြီး ဗိဿနိုးသို့စေလွှတ်သည်။ ထိုသူ၏ လှည့်စားမှုများကို ပန်ထွာဘုရင်မက ယုံကြည်သဖြင့် တန်ခိုးရှင်ဟု ထင်မှတ်ပြီး နန်းတော်တွင် ကိုးကွယ်ထားသည်။ ထိုအခါ ထိုရသေ့က ဘုရင်မကို အယုံသွင်း၍ သူ၏ အစွမ်းဖြင့် ထိုစည်တော်ကြီးကို ပို၍အစွမ်းရှိအောင် ပြုပြင် ပေးမည်ဟု လှည့်ဖျားသည်။ နောက်တစ်ခါ ရန်သူများ လာတိုက်ချိန်တွင် ထိုစည်တော်ကြီးကို တီးခတ်ပါက နတ်ဒေဝါတို့ လာရောက်၍ ကူညီ တိုက်ခိုက်ပေးရန် စီရင်ပေးမည်ဟု ဆိုသည်။ မိဖုရားက ယုံကြည်၍ ပြင်ဆင်ရန် အပ်နှံသော အခါတွင် ထိုရသေ့က စည်တော်ကြီးကို ဖျက်ဆီး၍ ထွက်ပြေး တိမ်းရှောင် သွားလေသည်။ စည်တော်ကြီး ပျက်စီးသွားကြောင်း သိရှိသော အချိန်တွင် ဒွတ္တဘောင်မင်းက သူ၏ တပ်ကို စေလွှတ်၍ တိုက်ခိုက် စေသည်။ ပန်ထွာဘုရင်မသည် ထိုအချိန်မှ စည်တော်ကြီး ပျက်စီးသွားကြောင်း သိသဖြင့် မည်သို့မျှ မတတ်နိုင်တော့ပေ။ နောက်ဆုံးတွင် ဒွတ္တဘောင်မင်းသည် ဗိဿနိုးကို သိမ်းပိုက်၍ ပန်ထွာ ဘုရင်မနှင့် လက်ဆက်ခဲ့သည်။
🏵️မတတ်သာ၍ မာန်လျော့ကာ ခေတ္တရာပြည် သို့ လိုက်ပါ ခဲ့ရသော်လည်း မိမိနိုင်ငံ ဗိဿနိုးကို ဖျက်ဆီးခဲ့သူ ဒွတ္တဘောင်မင်းကို အခဲမကျေ လှပေ။ ထို့ပြင် အလွန် ချောမောလှပတဲ့ ပန်ထွာ မိဘုရားကို အခြား မိဘုရားများက မနာလို ဖြစ်ကာ မင်းကြီးကို အခွင့် သာတိုင်း ဂုံးချော လေ့ရှိကြတယ်။ အဲလို ဂုံးချော စကားတွေ ကို နားယောင်မိတဲ့ ဒွတ္တဘောင်မင်းနဲ့ ပန်ထွာ ဘုရင်မ အကြား ဆက်ဆံရေးဟာ ပိုလို့ အေးစက်လာတယ်။ အမုန်းတွေ၊ အညှိုးတွေ၊ မာန်မာနတွေ ပြည့်နှက်နေတဲ့ ပန်ထွာ မိဘုရားဟာ မင်းကြီး ပျက်ဆီးရာကို အမြဲ ကြံနေလေ့ရှိတယ်။ ပန်ထွာ မိဘုရားဟာ မိန်းမ ထမီအောက်နား၊ သုဿန်က လူသေပတ်တဲ့ ပိတ်စ စတဲ့ မသန့်ရှင်းတဲ့ ချည်စတွေကို ပြန်လည် သန့်စင်ပြီး သန့်ရှင်း မွှေးကြိုင်တဲ့ တဘက် တထည် ပြုလုပ်ပြီး မင်းကြီးဆီ ဆက်သ လိုက်တယ်။ မင်းကြီးက တဘက်နဲ့ မျက်နှာသစ်တယ် ဆိုရင်ဘဲ သကြားမင်း ပေးထားတဲ့ တန်းခိုးကြီးတဲ့ တတိယ မျက်ရှင်တော် ကွယ်ခဲ့ရတယ်။ ဘုန်းကံ လည်း နိမ့်ကျ သွားခဲ့တယ်။ ပတ်ဝန်းကျင် မြို့တွေက အခွန်မဆက် ကြတော့ဘူး ။ဘုရင်ကြီး ကိုယ်တိုင် အခွန် မဆက်သတဲ့ မြို့တွေကို လှည့်လည်ရင်း ပုသိမ်မြစ်ဝမှာ ဖောင်တော်မှောက်ပြီး နတ်ရွာစံခဲ့ရတယ် ။
🏵️မင်းကြီး အပေါ် ရက်ရက်စက်စက် အကောက်ကြံခဲ့တဲ့ ပန်ထွာ မိဘုရားကို အခြား မိဘုရားများက ဝိုင်း နှိပ်စက် ကြတယ်။ ဒီဒဏ်တွေကို မခံနိုင် တော့ဘဲ ပန်ထွာ မိဘုရားဟာ ကိုယ့်ကို သတ်သေ သွားရှာတယ်။
ဗိဿနိုး မြို့ဟောင်းတွင် ပေပင်များသည် နှစ်ထောင်ချီ သက်တမ်း ရှိသော်လည်း မကြီးထွားလျက် အသီးလည်းမသီး ဖြစ်နေသည်။ ပန်ထွာ ဘုရင်မကြီး၏ ‘ငါလာမှကြီး ငါလာမှသီး’ ဆိုသော ဆုတောင်းကြောင့် ထိုဘုရင်မ လူပြန်မဖြစ်မချင်း ပေပင်များ အသီး မသီးနိုင်၊ လူ့အရပ် အတိုင်းအထွာထက် မကြီးထွားနိုင် ဖြစ်နေသည်ဟု ဆိုသည်။
🏵️ဗိဿနိုး မြို့ဟောင်းရှိ ဥယျာဉ်တွင် မူလ အင်ကြင်း ပင် မရှိသော်လည်း ဗိဿနိုး နတ်မင်းကြီး၏ အမိန့်ဖြင့် အင်ကြင်းပွင့် များသည် ဥယျာဉ်တော် အတွင်း အလိုလျောက် ရောက်လာသောကြောင့် အင်ကြင်းဥယျာဉ်ဟု ခေါ်ဆိုကြသည်။ ယခုတိုင် မည်သည့် နေရာမှ ရောက်ရှိ လာသည်ကို မသိသော အင်ကြင်းပွင့်များ မကြာခဏ တွေ့ရှိလေ့ ရှိသည်ဟု ဆိုကြသည်။ ပန်ထွာဘုရင်မ တည်ခဲ့သော ရွှေရောင်တော် စေတီတွင် အင်ကြင်းပန်း များကို ဘုရားပန်း အဖြစ် လှူထားကြသည်ကို တွေ့မြင်နိုင်သည့်အပြင် ဘုရားရင်ပြင်တဝိုက်တွင်လည်း အင်ကြင်းပန်းများပြန့်ကြဲနေသည်ကို မြင်တွေ့နိုင်ပါသည်။ ထိုဒေသတွင် အသားစားခြင်းနှင့် ဖရုသဝါစာ (မကြားဝံ့ မနာသာ ကြမ်းတမ်းသော စကားများ)၊ ပိသုဏဝါစာ (ကုန်းတိုက် စကားများ) ပြောဆိုခြင်းမှ ရှောင်ကြဉ် သင့်သည်ဟု ဒေသခံ ပြည်သူများက ပြောဆိုလေ့ရှိသည်။
🏵️ယခုခေတ် တိုင်အောင် ဗိဿနိုး ဘုရင်မကို နတ်မယ်တော် တပါးအဖြစ် ကိုးကွယ်မှုများ ရှိနေသည်။ ယုံကြည်မှု အပြည့်နှင့်ကိုးကွယ် ဆုတောင်းပါက ဆုတောင်းပြည့် သည်ဟု ယုံကြည်ကြသည်။ ဗိဿနိုး ဘုရင်မသည် သူ၏တိုင်းပြည်ကို အလွန် ချစ်မြတ်နိုးရာ သူကွယ်လွန် ပြီးနောက် ဗိသာနိုး နတ်မယ်တော်ဖြစ်သွားပြီး သူရဲ့ ပြည်သူ ပြည်သားများကို တန်းခိုးစွမ်းအားဖြင့် စောင့်ရှောက်လျှက်ရှိတယ်လို့ ယုံကြည်ကြသည်။ ပြည်မြို့အနီး မှော်ဇာနှင့် မုထောရွာတို့တွင် ဝါဆို လပြည့် အကြို နေ့တွင် ဗိဿနိုး ဘုရင်မ မယ်တော်ကို ပူဇော်လေ့ရှိကြသည်။
🏵️ဗိဿနိုးဘုရင်မကို ရဲရင့်သော ၊စစ်ရေးစွမ်းရည် ကြွယ်သော ၊ လှပချောမောသော၊ မိမိ တိုင်းပြည်ကို အလွန်ချစ်သော ခေါင်းဆောင် အဖြစ် မြင်ရသလို တဖက်တွင် အမုန်း အညိုးကြီးသော မာန်မာနကြီးသော ရက်စက်သော ဇနီး တဦး အဖြစ်ပါ တပြိုင်နက် မြင်ရမည် ဖြစ်ပါတယ်။
မြန်မာ
ကိုငှက်ကြီး ဆောင်းပါး
Friday, July 31, 2020
Wednesday, July 29, 2020
ဝါဆိုသင်္ကန်းလှူဒါန်းရကျိုး မြတ်တန်ဘိုး"
" ဝါဆိုသင်္ကန်းလှူဒါန်းရကျိုး မြတ်တန်ဘိုး"
********************************************
ဝါဆိုသင်္ကန်းလှူဒါန်းခြင်းနှင့် ပတ်သက်ပြီး ယနေ့ခေတ်မြန်မာတစ်ပြည်လုံး ဗုဒ္ဓဘာသာဝင်များသည် တစ်ဦးချင်း ဖြစ်စေ၊ အသင်းအဖွဲ့အနေဖြင့်ဖြစ်စေ၊ သံဃာအများအားဖြစ်စေ၊ တစ်ပါးကိုဖြစ်စေ အမျိုးမျိုးအဆင်ပြေစွာ လှူဒါန်းနေကြ ပါသည်။
ဝါဆိုသင်္ကန်းဆိုသည်မှာ ဝါဆိုခါနီးကပ်ပြီး လှူဒါန်းသည့် သင်္ကန်းဖြစ်စေ၊ ဝါတွင်းကာလမှာတွင်ဖြစ်စေ လှူဒါန်းသည့် သင်္ကန်းကို ဝါဆိုသင်္ကန်းဟုခေါ်ပါသည်။ ကာလ ဒါနသင်္ကန်းဆိုလျှင်လည်း မှန်ပါသည်။ ဝါဆိုပြီး ခေတ်ကာလတွင် လှူဒါန်းသောသင်္ကန်း၊ ကထိန်ခေတ်ကာလတွင် လှူဒါန်းသောသင်္ကန်းတို့ကို သူခေတ်သူ့ကာလ အခါအားလျော်စွာ လှူဒါန်းသည့် သင်္ကန်းဖြစ်၍ ကာလသင်္ကန်း ကာလဒါနအလှူဟု ခေါ်နိုင်ပါသည်။
ဝါဆိုသင်္ကန်း လှူဒါန်းနိုင်သော ကာလများမှာ- ၁။ ဝါတွင်း(၃)လ၊ ၂။ သီတင်းကျွတ်လဆုတ်(၁)ရက်မှ တန်ဆောင်မုန်းလပြည့်ထိ သင်္ကန်းကာလ (၁)လ၊ ၃။ သီတင်းကျွတ်လဆုတ်(၁)ရက်မှ တပေါင်းလပြည့်အထိ ကထိန်အာနိသင်ကာလ (၅)လ ၄။ တပေါင်းလဆုတ်(၁)ရက်မှ ဝါဆိုလပြည့်အထိ နွေ (၄)လ၊ အထက်ပါကာလများကို ပြန်လည်ပေါင်းရုံးကြည့်လျှင် တစ်နှစ်ပတ်လုံး မည်သည့်နေ့ရက်၌မဆို ဝါဆိုသင်္ကန်း လှူဒါန်း နိုင်ကြောင်း တွေ့ရပေမည်။ သို့သော် လှူဒါန်းပုံနှင့် ရယူပိုင်ဆိုင်ခွင့်များအား ကွာခြားမှုရှိ၏။
၁။ ဝါတွင်း(၃)လ၌ လှူဒါန်းလိုသော်...အလှူရှင်သည် '' ဝိဿံ ဝသန္တာနံ ဒမ္မိ = ဝါဆိုဆဲသံဃာအား လှူပါ၏'' ဟုနှုတ်မြွက်ရွတ်ဆို လှူဒါန်းရ၏။ ဤသို့ ဝါတွင်း၌ လှူဒါန်းလာသော သင်္ကန်းကို ဝါမကျိုးသော ရဟန်းတို့အား ခံယူနိုင်ခွင့် ပိုင်ဆိုင်နိုင်ခွင့်ရှိ၏။ ဝါကျိုးပြတ်သော ရဟန်း မစ္ဆိမဝါ (ဒုတိယဝါ) ကပ်သော ရဟန်းတော်များမခံယူရ၊ ပိုင်ဆိုင်ခွင့်မရှိ။
၂။ သီတင်းကျွတ်လဆုတ် (၁)ရက်မှ တန်ဆောင်မုန်းလပြည့်အထိ သင်္ကန်းကာလခေါ်သော (၁)လအတွင်း၌ အလှူရှင်သည် အထက်ပါအတိုင်း '' ဝိဿံ ဝသန္တာနံ ဒမ္မိ = ဝါဆိုဆဲသံဃာအား လှူဒါန်းပါ၏ '' ဟု နှုတ်မြွက်ရွတ်ဆို လှူဒါန်းလာသော် ဝါဆိုဆဲဝါဆိုတုန်းဖြစ်သော ဒုတိယဝါကပ်သော ရဟန်းတို့သာ ရယူနိုင်ခွင့်၊ ပိုင်ဆိုင်ခွင့်ရှိ၏။ ပုရိမဝါ (ပထမဝါ)ကျွတ်ပြီးသော ရဟန်းဝါကျိုးပြတ်သော ရဟန်းများနှင့်မဆိုင်၊ မရနိုင်ပေ။
၃။ သီတင်းကျွတ်လဆုတ်(၁)ရက်မှ တပေါင်းလပြည့်အထိ ကထိန်အာနိသင် ရရာကာလ (၅)လအတွင်း၌ လှူဒါန်းလိုသော အလှူရှင်သည် '' ဝိဿာဝါသိကံ ဒမ္မံ = ဝါလပတ်လုံးနေခြင်းရှိသော (ဝါဆို) ခဲ့ပြီးသော သံဃာအား လှူပါ၏ '' ဟု နှုတ်မြွက်ရွတ်ဆိုလှူဒါန်းရ၏။ ဤ (၅)လအတွင်း၌ လှူဒါန်းလာသော ဝါဆိုသင်္ကန်းကို (ကထိန်ခင်းသည် ဖြစ်စေ၊ မခင်းသည်ဖြစ်စေ) ပထမဝါကျွတ်သူ၊ ဒုတိယဝါကျွတ်သူ ရဟန်းအားလုံး ပိုင်ဆိုင်ခွင့်၊ ခံယူခွင့်ရှိကြ၏။ ဝါကျွတ်မှ ရောက်လာသော ရဟန်းသစ်တို့အား သံဃာဟောင်းတို့ သဘောတူလျှင် ဝေစုရနိုင်၏။
၄။ တပေါင်းလဆုတ်(၁)ရက်မှ ဝါဆိုလပြည့်နေ့အထိ နွေ(၄)လ၌ လှူဒါန်းရာဝယ် '' ဝိဿာဝါသ်ိကံ '' ဟူ၍ပင် လှူဒါန်းရ၏။ သို့ရာတွင် လှူဒါန်းသူသည်-
(က) ကပ်ခဲ့ပြီးသော အတိတ် (ဝါ ဆိုသံဃာ) ကိုလည်း ရည်မှန်း၍ လှူဒါန်းနိုင်၏။
(ခ) မကပ်ရသေးသည့် အနာဂတ် (ဝါ ဆိုသံဃာ)ကိုလည်း ရည်မှန်း လှူဒါန်းနိုင်၏။
ဤသို့ လှူဒါန်းလာသော် အလှူခံ ရဟန်းတော်တို့က 'ဒကာတို့ ယခု လှူဒါန်းသော ဝါဆိုသင်္ကန်းသည် အတိတ်ဝါကို ရည်မှန်း သလော၊ အနာဂတ်ဝါကို ရည်မှန်းသလော' ဟု မေးမြန်းစိစစ်ကြည့်ရ၏။
အလှူရှင်များက-
(က) ပြီးခဲ့သော အတိတ်ဝါဆိုသံဃာအား ရည်မှန်းပါ၏ဟု လျှောက်ထားသော် ထိုဝါဆိုသင်္ကန်းကို ဤကျောင်း တိုက်၌ ဝါဆိုခဲ့ပြီးသော ရဟန်းတော်များသာ သက်ဆိုင်အလှူခံနိုင်၏။ (ဝါဆိုပြီး ဤကျောင်းတိုက်မှ ပြောင်းရွှေ့သွားသော ရဟန်းတော်များကိုလည်း ဝေစုပေးလိုက်ရ၏။ ဝါကျွတ်ပြီးမှ အသစ်ရောက်လာသော သံဃာကား ကျောင်းတိုက်သံဃာက သဘောတူမှ ရနိုင်၏။)
(ခ) လာမည့်အနာဂတ် ဝါကပ်သံဃာအား ရည်မှန်းလှူဒါန်းပါသည်ဟု ဆိုလာသော် ¤င်းသင်္ကန်းများကို မဝေခြမ်းသေးဘဲ သိမ်းထားပြီး လာမည့် ဝါဆိုနေ့ကျမှ ခွဲခြမ်း ဝေဖန်ရ၏။ သံဃာအဟောင်းအသစ် အားလုံးဆိုင်သည်။ (ယခု ရေးသားဖော်ပြသည်ကား သံဃိကလှူဒါန်းလာသော ဝါဆိုသင်္ကန်းအတွက်လှူဒါန်းဝေဖန်ပုံများ ဖြစ်၏။)
ဝါဆိုသင်္ကန်းလှူဒါန်းရကျိုး။ ။
အရဟတ္တဓဇ'' ခေါ် ရဟန္တာတို့၏ အလံတံခွန်သဖွယ်ဖြစ်သော ဤဝါဆိုသင်္ကန်းကို လှူဒါန်းရသဖြင့် . . .
'' ဝတ္ထဒေါ ဟောတိ ဝဏ္ဏဒေါ ''
'' ဝတ္ထဒါနေန ဝဏ္ဏသမ္ပတ္တိ ပဋိလာဘော '' ဟူသော ဒေသနာတော်များအရ သင်္ကန်း၏ အဓိကအကျိုးဖြစ်သော ' အဆင်းလှခြင်း ' ဟူသော အကျိုးကို ဧကန်ရမည်ဖြစ်ပေသည်။
ထို့ပြင် ဘဝသံသရာ ကျင်လည်ရစဉ်ဝယ် -
'' ရွှေသို့အဆင်း၊ မြူကြေးကင်၍
ရောင်ဝင်းထိန်ပ၊ နူးညံ့ရ၏၊
မကသိန်းဖိုး၊ ပုဆိုးရလေ၊
ညိုရွှေဖြူနီ၊ ဤရှစ်လီသည်၊
ကျမ်းညီသင်္ကန်း လှူကျိုးတည်း။ ''
ဟူသော အပဒါန်လာ သင်္ကန်းအကျိုး (၈)မျိုးကိုလည်း ရဦးမည်ဖြစ်၏။
ထိုမှတပါး '' ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု-တပည့်တော်၏ ဤဝါဆိုသင်္ကန်းအလှူသည် အာသဝေါ တရားလေးပါး ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဥာဏ် ဖိုလ်ဥာဏ် မြတ်နိဗ္ဗာန်ကို ဧကန်ရောက်အောင် ရွတ်ဆောင်နိုင် ပါစေ '' ဟု ဆုတောင်းလှူဒါန်းခဲ့သော် ဒုက္ခခပ်သိမ်း ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာ ဟူသော အကျိုးအမြတ်ကို မလွဲမသေရပေမည်။
ဆရာတော်အရှင်ဇနကာဘိဝံသ မိန့်ဆိုချက်။ ။
ဝဿာဝါသိကံ။ ။ ဝဿံ-ဝါလပတ်လုံး+အာဝါသော ယဿာတိ ဝဿာဝါသော-ဝါလပတ်လုံး နေခြင်းရှိသော ရဟန်း၊ ဝဿာဝါသဿ+ဒိန္နံ ဝဿာဝါသိကံ-ဝါလပတ်လုံး နေခြင်းရှိသော ရဟန်းအား လှူအပ်သော သင်္ကန်း၊ (ယခုကာလ၌ ဝါဆိုခါနီး လှူလေ့ရှိကြ၏။ ထိုသင်္ကန်းကို '' ဝိဿဝါသိက'' ဟုလည်း အချို့က ခေါ်ကြ၏၊ အမှန်ကား '' ဝါတွင်း၌ နေသော ရဟန်းအား ဝါကျွတ်မှ ဖြစ်စေ၊ ဝါကျွတ်သောအခါ သုံးစွဲရန် ဝါတွင်း၌ ဖြစ်စေ လှူအပ်သော သင်္ကန်းကိုသာ ဝဿာဝါသိကသင်္ကန်း'' ဟုခေါ်သည်။
ယဿဘိက္ခဝေ စီဝရံ၊ ပရိဘုဉ္ဇမာနော ဘိက္ခု မေတ္တံ ကရုဏံ ဘာဝေတိ မုဒိတံ ဘာဝေတိ ဥပေက္ခံ ဘာဝေတိ၊
အပ္ပမာဏော တဿ ပုညာဘိသန္တော။ (စတုက္ကနိပါတ် အင်္ဂုတ္တိုပါဠိတော်)
ဘိက္ခဝေ - ရဟန်းတော်များ အိုချစ်သားတို့။ ယဿ - အကြင်သင်္ကန်းလှူသော ဒါယကာ၏။ စီဝရံ - သင်္ကန်းကို။
ပရိဘုဉ္ဇမာနော - သုံးဆောင်သော။ ဘိက္ခု - ရဟန်းသည်။ မေတ္တံ - မေတ္တာကို။ ဘာဝေတိ - ပွားစေ၏။ ကရုဏံ - ကရုဏာကို
ဘာဝေတိ - ပွားစေ၏။ မုဒိတံ - မုဒိတာကို။ ဘာဝေတိ - ပွားစေ၏။ ဥပေက္ခံ - ဥပေက္ခာကို။ ဘာဝေတိ - ပွားစေ၏။
တဿ - ထိုသင်္ကန်းလှူသောသူအား။ ပုညာဘိသန္တော - ကုသိုလ်အယာဉ်သည်။ အပ္ပမာဏော - အတိုင်းမသိသည်။
ဟောတိ - ဖြစ်၏။
ဣတ္ထိနံ စီဝရဒါနံ မဟလ္လတာပသာဒေန မတ္တကံ ပပ္ပေါတိ။ ပုရိသာနံ ဣဒ္ဓိမယပတ္တစီဝရေန။ (ဓမ္မပဒအဋ္ဌကထာပါဠိ)
ဟိသစ္စံ - မှန်၏။ ဣတ္ထိနံ - မိန်းမတို့၏။ စီဝရဒါနံ - သင်္ကန်းအလှူသည်။ မဟလ္လတာပသာဒေန - မဟလ္လတာတန်ဆာကို
ဆင်မြန်းရသဖြင့်။ မတ္တကံ - အပြီးသို့။ ပပ္ပေါတိ - ရောက်၏။ ပုရိသာနံ - ယောက်ျားတို့၏။ စီဝရဒါနံ - သင်္ကန်းအလှူသည်။
ဣဒ္ဓိမယပတ္တစီဝရေန - တန်ခိုးဖြင့်ပြီးသော သပိတ် သင်္ကန်းကို ဆောင်ရသဖြင့်။ မတ္တကံ - အပြီးသို့။ ပပ္ပေါတိ - ရောက်၏။
အဝတ်သင်္ကန်းလှူရသောအကျိုးပြ တေးထပ်။ ။
ဖြစ်လေရာ ဘုံဘဝ၊ ကြုံရတဲ့ ခန္ဓာ။ သိင်္ဂီနက်ဆင်းရွှေဝါ ဝင်းပေလာ အသွေး။ မြူမငြိ ဖြူအိလွင်တယ် ……..
လှူသည့်ရှင် ကောင်းမှုအရေး။ ။
စီဝရမြတ်ဒါနာ မှတ်ကြပါလေသေး၊ ရွှေတောင်မှာ နေရောင်ပေးသလို၊ ပြောင်အသွေး ကိုယ်ရေ၊
ဖဲကတ္တီနု အပါးသို့ သူ့အသား နူးညံ့ခဲ့ပေ ။ ။
အထည်ပေါင်း သိန်းကုဋေ ကိန်းအခြေ မရေတွက်နိုင်ဘု၊ ချွေ့လျက် မိုးပြန့်ခေါင်မှာ ဖြိုးလျှံ့ရောင်ဝါ ပိုးဖဲနှင့် ကတ္တီပါ
လိုရာရာ ရကြောင်းပလေး။ ။
ဒသိမေ ဘိက္ခဝေ စီဝရဒါနေန အာနိသံသာ၊ ကတာမာနိ ဒသ၊
သုဝဏ္ဏဝဏ္ဏော .ဝိရဇော. သဗ္ဗပဘာဝေါ. ဝိတပဝါသိနိဒ္ဓဂတ္တော၊ ဒုဿဟဿ ပဋိလာဘော၊ သေတပိတလောဟိတ
ဝတ္ထဒါယကော၊ ခေါမ ကောသေယျ ကပ္ပါသိက ပဋိလာဘော၊ ကပ္ပရုက္ခ ပဋိလာဘော၊
ပစ္ဆိမဘဝေ ဧဟိဘိက္ခု သပသမ္ပဒ ပဋိလာဘော။ (ဓမ္မပဒ အဋ္ဌကထာ)
ဒီစာပိုဒ်လေး ဝါဆိုသင်္ကန်း လှူရကျိုး ဆယ်မျိုးကို ပြဆိုပါတယ်။
၁။ရွှေအဆင်းနှင့်တူသော အဆင်းကိုရရှိခြင်း။
၂။ မြူကြေးမတင် စင်ကြယ်သောကိုယ်ရှိခြင်း။
၃။ ခပ်သိမ်းသော အရပ်တို့ကို ထွန်းလင်းတောက်ပသော ကိုယ်ရှိခြင်း။
၄။ ပူပန်ခြင်းကင်းသော ကိုယ်ရှိခြင်း။
၅။ နူးညံ့သိမ်မွေ့သော ကိုယ်ရှိခြင်း။
၆။ အလိုရှိသောအခါ တစ်ထောင်သော အဝတ်ပုဆိုးတို့ကို ရရှိခြင်း။
၇။ အဖြူ၊ အရွှေ၊ အနီစသော အဆင်းရှိသော ပုဆိုးတို့ကို ရရှိခြင်း။
၈။ခေါမတိုင်း ကောတုံပရာဇ်တိုင်းတို့တွင် ဖြစ်သော ပုဆိုးတို့ကို ရရှိခြင်း။
၉။ ပဒေသာပင်တွင်ဖြစ်သော ပုဆိုးတို့ကို ရရှိခြင်း။
၁၀။အဆုံးဘဝတွင် ဧဟိဘိက္ခူ ရဟန္တာအဖြစ်ကို ရရှိခြင်း စတဲ့ ဆယ်ပါးသော အကျိုးထူး တရားများကို သင်္ကန်းလှူသော အလှူရှင်တို့မှာ ရရှိခံစားရမှာဖြစ်ပါတယ်ဆိုတဲ့ အကြောင်း အသိပေးရေးသားလိုက်ရပါသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
ဒေါက်တာအရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

လည်ဆွဲ "
ပန်းထိမ်ဆရာတစ်ဦး ကွယ်လွန်သွားပြီးနောက် သူ၏မိသားစုမှာ စီးပွားရေးအခြေအနေကျဆင်းလာခဲ့သည်။ နေ့စဉ်စား၀တ်နေရေး ဖြေရှင်းရန်အတွက် မိသားစုမှာငွေကြေးအခက်အခဲနှင့်ရင်ဆိုင်နေရသည်။
တစ်နေ့မှာ ပန်းထိမ်ဆရာရဲ့ဇနီးက နီလာလည်ဆွဲလေးတစ်ခုကို သိမ်းထားရာမှထုတ်လိုက်ပြီး သူမ၏သားကိုပေးပြီး …
" သားရေ … ဒီလည်ဆွဲကိုယူပြီး မင်းဦးလေးဆိုင်ကိုသွား လည်ဆွဲကိုပေးလိုက် လည်ဆွဲအတွက်တန်ဖိုးငွေကို သားပြန်ယူလာခဲ့ပါ … '' လို့ ပြောတယ်။
ကောင်လေးလည်း မိခင်ပြောသည့်အတိုင်း လည်ဆွဲကိုယူပြီး သူ့ဦးလေးဆီသွားပေးသည်။ ဦးလေးသည်လည်ဆွဲကိုယူကြည့်ပြီး
ကောင်လေးကိုပြောတယ်။
" သားရေ … လည်ဆွဲကို မင်းအမေဆီပြန်ယူသွားလိုက်ဦး။ သူ့ကိုပြောလိုက် အခု ကျောက်မျက်စျေးတွေကျနေတယ်။ နောက်စျေးကောင်းတဲ့အခါမှရောင်းပါလို့ ပြောလိုက် အခုတော့ မင်းအမေစျေးသုံးဖို့ငွေအနည်းငယ်ပေးလိုက်မယ်။ ဪ … ဒါနဲ့ မင်းအခုအလုပ်မရှိဘူး။ အားနေတယ်မဟုတ်လား။ နက်ဖြန် ဦးလေးရဲ့ကျောက်မျက်ဆိုင်မှာ အလုပ်လာလုပ်ကွာ။ ဦးလေးကမင်းကိုလုပ်အားခပေးမှာပေါ့ကွ … " လို့ပြောလိုက်တယ်။
ကောင်လေးလည်း သူ့ဦးလေးပေးလိုက်သည့် ငွေအနည်းငယ်နဲ့သူတို့မိသားစု ရေရှည်ရပ်တည်နိုင်မည်မဟုတ် နက်ဖြန်ကစလို့
ဦးလေးဆိုင်မှာ အလုပ်ဆင်းမှဖြစ်မယ်လို့ စဉ်းစားမိတယ်။ နောက်နေ့ကစ၍ ကောင်လေးသည် သူ့ဦးလေးဆိုင်သို့သွားရောက်ပြီး အလုပ်ဆင်းသည်။
သူသည် အလုပ်လုပ်နေရင်း အဖိုးတန်ကျောက်မျက်တို့၏အကြောင်းကို လေ့လာသင်ယူခဲ့သည်။ လုပ်သက်ရင့်လာတာနဲ့အမျှ ကျောက်မျက်အကြောင်းကို အတော်လေးစစ်ဆေးအကဲဖြတ်နိုင်လာသည်။ ကျောက်မျက်ကို ကြည့်ရှုပြီးစျေးဖြတ်နိုင်သည့်အဆင့်သို့ပင်
ကျွမ်းကျင်တတ်မြောက်လာခဲ့လေသည်။
တစ်နေ့မှာ ဦးလေးက …
'' လူလေးရေ … မင်းအမေဆီသွားလိုက်ဦး။ အခုကျောက်မျက်စျေးတွေကောင်းနေတယ်။ ဒီအချိန်ရောင်းရင်စျေးကောင်းရမှာလို့ ပြောပြီး နီလာဘယက်ကိုယူလာခဲ့ … " ပြောသည်။
ကောင်လေးလည်း အိမ်ပြန်ခဲ့သည်။ သူ့အမေဆီမှ နီလာလည်ဆွဲကိုယူပြီး စစ်ဆေးကြည့်ရှုရာ လည်ဆွဲမှာအစစ်မဟုတ် အတုဖြစ်ကြောင်းသိရလေသည်။ နောက်တစ်နေ့တွင် ကောင်လေးသည်သူ့ဦးလေးဆိုင်သို့ပြန်လာခဲ့သည်။ လည်ဆွဲကိုတော့ သူမယူလာခဲ့တော့ပေ။ ဦးလေးမှ လည်ဆွဲဘာလို့မယူလာကြောင်းမေးရာ …
" လည်ဆွဲလား မယူခဲ့တော့ဘူးလေ။ ကျွန်တော်သေသေချာချာ စစ်ဆေးကြည့်ခဲ့ပြီးပြီ အဲ့ဒါအတုကြီးဗျ။ ဘာမှတန်ဖိုးမရှိပါဘူးဗျာ။ " ဟု
ပြောလိုက်သည်။
ပြီးနောက် ကောင်လေးက ဦးလေးကိုပြန်မေးလိုက်သည်။
" ဦးလေး … အမေ့လည်ဆွဲဟာ အတုကြီးမှန်း ဦးလေးသိပြီးဖြစ်ပေမယ့် ဘာဖြစ်လို့ စျေးကောင်းရမှရောင်းပါဆိုပြီး သိမ်းခိုင်းထားရတာလဲခင်ဗျာ … ''
" ဒီမယ် လူကလေး … မင်းလည်ဆွဲကိုယူလာခဲ့စဉ်တုန်းက လည်ဆွဲကအတုပါလို့ ငါပြောလိုက်ရင် မင်းတို့မိသားစုစိတ်ဓာတ်ပိုကျသွားမယ်။ နောက်ပြီး … ငါကလိမ်ပြောတယ်လို့ မင်းတို့ထင်ကြလိမ့်မယ်။ အခုဆို မင်းလည်းကျောက်မျက်အကြောင်းသိနေပြီပဲ။ လည်ဆွဲက အတုဆိုတာကို မင်းကိုယ်တိုင်သိသွားရတာပေါ့။ "
အသိဥာဏ်မပါတဲ့စောင့်ရှောက်ခြင်းဟာ အထင်လွဲခြင်းနဲ့ ပျက်စီးခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အမြော်အမြင်ကြီးစွာ ဆောင်ရွက်သင့်လှတယ်။
Crd......
Sunday, July 19, 2020
ခေါင်းဆောင်ကြီးများ ကျဆုံးရစဉ်က ဝန်ကြီးဟောင်း ဦးဗဂျမ်း၏ မျက်မြင်ကိုယ်တွေ့
ခေါင်းဆောင်ကြီးများ ကျဆုံးရစဉ်က
ဝန်ကြီးဟောင်း ဦးဗဂျမ်း၏ မျက်မြင်ကိုယ်တွေ့
ရက်ကား (၁၉၄၇) ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်ဖြစ်၍ နေ့ကား စနေနေ့ ဖြစ်ပါသည်။
ထိုအခါက ကျွန်တော်သည် လမ်းပန်းအဆောက်အအုံနှင့် ပြန်ထည်ထူထောင်ရေးဌာနကို အုပ်ချုပ်ရသည်ဖြစ်ရာ ထိုဌာန၏ အတွင်းဝန်မှာ အိုင်စီအက်စ် ဦးအုန်းဖြစ်၍ ဒုတိယအတွင်းဝန်မှာ အိုင်စီအက်စ် ဦးချမ်းသာဖြစ်သည်။ ကျွန်တော်သည် အမှတ် ၈၊ ကိုယ့်မင်းကိုယ့်ချင်းလမ်း၊ ဗလစဌာနချုပ်တွင် နေထိုင်လျက်ရှိရာ ဟင်္သာတခရိုင်သို့ ခရီးထွက်ခဲ့သည်မှအပြန် အအေးမိ၍ အနည်းငယ်ဖျားလျက်ရှိ၏။
ထိုနေ့တွင် ဝန်ကြီးများ အစည်းအဝေး ကျင်းပမည်ဖြစ်ရာ ကျွန်တော်သည် နေမကောင်းသဖြင့် အကြောင်းထူးသာ မရှိခဲ့လျှင် ထိုအစည်းအဝေးသို့ တက်ဖြစ်မည်မဟုတ်ပေ။ ထိုနေ့ ကျင်းပသည့် ဝန်ကြီးများ အစည်းအဝေးတွင် ပြောပြသင့်သော သတင်းထူးတစ်ခုကို ကျွန်တော် ရရှိထား၏။ သတင်းထူးပုံမှာ စစ်တပ်မှ မလိမ့်တပတ်ဖြင့် စက်သေနတ် (ဘရင်းဂန်း) အလက် ၂၀၀ ထုတ်ယူသွားသူမှာ ဦးစောဖြစ်ကြောင်း၊ ထိုသို့ ထုတ်ယူစဉ်က ဦးစောသည် ရှမ်းဘောင်းဘီ၊ မျက်မှန်နက်၊ ဆွယ်တာလက်ပြတ်နှင့်ဖြစ်၍ ထုတ်ယူသွားသော မော်တော်ကား ရှေ့တန်းကား မောင်းသူ၏ဘေးတွင် ထိုင်လျက်ပါကြောင်းများအပြင် ဦးစောတို့လူစုသည် ကုဒီတား (ခေါ်) ‘လက်နက်ဖြင့်အာဏာသိမ်းယူရန်’ ကြံစည်လျက် ရှိကြကြောင်းတို့ကို သတင်းရရှိထား၏။ သို့သော် သတ်ဖြတ်သည်အထိ အကြံပက်စက်ကြမည်ဟူ၍ကား ထိုအခါက ကျွန်တော် လုံးဝ မတွေးတောခဲ့မိပေ။
ရရှိထားသောသတင်းထူးကို ဝန်ကြီးများအစည်းအဝေးတွင် တင်ပြလိုသဖြင့် ကျွန်တော်သည် နေမကောင်းလျက်နှင့်ပင် အဝတ်ထူထူ အထပ်ထပ်ဝတ်၍ အစည်းအဝေးသို့ သွား၏။ အစည်းအဝေး ကျင်းပမည့်နေရာသည် အတွင်းဝန်များရုံး၊ အလယ်ထပ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းတွင်ဖြစ်၍ စမည့်အချိန်မှာ နံနက် ၁၀ နာရီ ဖြစ်၏။
အစည်းအဝေးမစမီ မိနစ်အငယ်နည်းခန့်အလိုတွင် ဗိုလ်ချုပ်နှင့်ကျွန်တော် အစည်းအဝေးခန်းမတွင် မျက်နှာချင်းဆိုင် ဆုံမိပြီး အခန်းတွင်းသို့ အတူဝင်သွားကြ၏။ ထိုနေ့တွင် ဗိုလ်ချုပ်သည် ဝတ်နေကျ စစ်ဝတ်စစ်စား မဟုတ်ဘဲ ထူးထူးခြားခြား အရပ်ဝတ် အရပ်စားနှင့်လာ၏။ ရွှေဖလားရောင် ဗန်ကောက်လုံချည် ပိုးအင်္ကျီတို့နှင့်ဖြစ်၍ ဆံပင်မှာလည်း ခါတိုင်းကဲ့သို့ စုတ်ဖွားဖွားကြီးမဟုတ်ဘဲ ညှပ်ပြီးစဖြစ်၍ သပ်ရပ်၏။
“ဗိုလ်ချုပ်က ဒီလိုတော့ အချောကြီးပဲ …” ဟု ကျွန်တော်က ပြောင်၍ ပြောလိုက်၏။ “နိုင်ငံရေးသမားတွေက လွတ်လပ်ရေးရပြီးရင် စစ်သားစိတ်ဖျောက်ပြီး အရပ်သားစိတ် မွေးမြူကြဖို့ အရေးကြီးတယ်” ဟု ဗိုလ်ချုပ်က ပြန်ပြော၏။
ဗိုလ်ချုပ်၏အခန်းမှာ အတော်ကျယ်၍ မျက်နှာစာတွင် လူဝင်တံခါးကြီး သုံးပေါက်လည်းကောင်း၊ လက်ယာဘက်ဘေးတွင် ဗိုလ်ချုပ်၏အတွင်းရေး အတွင်းဝန်ဗိုလ်ထွန်းလှ၏ အခန်းသို့ကူးသော တံခါးလည်းကောင်း၊ လက်ဝဲဘက်ဘေးတွင် ဝန်ကြီးများအဖွဲ့ အတွင်းဝန်ဦးရွှေဘော်၏ အခန်းသို့ကူးသော တံခါးသည်လည်းကောင်း ရှိပြီးလျှင်၊ အခန်း၏ ကျောဘက်တွင် ပြတင်းပေါက်သုံးခုရှိ၏။ အခန်းတွင်း အရှေ့မြောက်ထောင့်တွင် ဗိုလ်ချုပ်၏ အလုပ်စားပွဲရှိ၍ အခန်း၏ တောင်ဘက်နံရံတွင် ဝန်ကြီးများ အစည်းအဝေးစားပွဲရှိ၏။
ဝန်ကြီးများ အစည်းအဝေးစားပွဲသည် စားပွဲရှည်သုံးခုကို ထောင့်ချိုး(ဂ)ငယ်ပုံ သုံးဖက်ပိတ် တစ်ဖက်ဖွင့် ဆက်၍ထား၏။ ထိပ်စားပွဲသည် ၁၀ ပေခန့်ရှည်၍ သုံးပေခန့်ကျယ်၏။ ထိုစားပွဲထိပ်၏ အစွန်းတစ်ဖက်တစ်ချက်တွင် ယှဉ်၍ ဒေါင်လိုက်ဆက်ထားကာ စားပွဲမှာ ၁၈ ပေခန့်ရှည်၍ သုံးပေခန့်ကျယ်၏။
ထိပ်စားပွဲ၏အလယ်တွင် ဗိုလ်ချုပ်ထိုင်၏။ ဗိုလ်ချုပ်၏လက်ဝဲဘက်တွင် ဝန်ကြီးများအဖွဲ့ အတွင်းဝန် ဦးရွှေဘော် ထိုင်၏။ လက်ယာဘက်နံဘေးရှိ စားပွဲရှည်တွင် သခင်မြ၊ ဦးဘချို၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မန်းဘခိုင်တို့ တစ်ယောက်ပြီးတစ်ယောက် ယှဉ်၍ထိုင်ကြ၏။ ထိပ်စားပွဲ၏ လက်ဝဲဘက်နံဘေးရှိ စားပွဲရှည်တွင် ကျွန်တော်၊ ဦးအောင်ဇံဝေ၊ ပျော်ဘွယ်ဦးမြ၊ မိုင်းပွန်စော်ဘွားကြီးတို့ တစ်ယောက်ပြီးတစ်ယောက် ယှဉ်၍ထိုက်ကြ၏။
အစည်းအဝေးသည် ချိန်းထားသည့်အတိုင်း ၁၀ နာရီမှာ အချိန်မှန်စ၏။ အစဉ်အလာအတိုင်း အရေးကြီးသောကိစ္စများ စဉ်းစားသောအခါ သက်ဆိုင်ရာ ဌာနအတွင်းဝန်သည် လိုအပ်က လာရောက်၍ ရှင်းလင်းပြောပြရ၏။ ထိုနေ့က ကိစ္စအချို့ စဉ်းစားပြီးသည့်နောက် ၁၀ နာရီခွဲကျော်လောက်တွင် လမ်းပန်း ဆက်သွယ်ရေး စီမံကိန်းကို စဉ်းစားရန် အလှည့်ကျသဖြင့် သက်ဆိုင်ရာဌာန၏ ဒုတိယအတွင်းဝန်ဖြစ်သော အိုင်စီအက်စ်ဦးအုန်းမောင်သည် အစည်းအဝေးသို့ ရောက်ရှိလာပြီးလျှင် လက်ယာဘက်စားပွဲထိပ် သခင်မြ၏အနီး၌ ကပ်လျက်ထိုင်၏။
ဦးအုန်းမောင်ရောက်ရှိပြီး နှစ်မိနစ် သုံးမိနစ်ခန့်အကြာတွင် အစည်းအဝေးခန်းမကြီး၏ မျက်နှာစာရှိ တံခါးသုံးပေါက်အနားက မြောက်ဆုံးတံခါးပေါက်ကို တွန်း၍ဖွင့်ပြီးလျှင် စစ်ဝတ်စုံဝတ်ထားသော လူလေးငါးယောက်သည် တော်မီဂန်း၊ စတင်းဂန်း စသည့် သေနတ်များကို ကိုင်ဆောင်၍ အစည်းအဝေး ခန်းမအတွင်းသို့ ဝင်ရောက်လာကြ၏။ ထိုအခါက ကျွန်တော်သည် သူတို့ဝင်လာသည့် တံခါးကို မျက်နှာမူ၍ ထိုင်နေသဖြင့် ဝင်လာသည့်အချိန်မှစ၍ ကောင်းစွာ သတိပြုမိ၏။ ဝင်လာသူများသည် တပ်မတော်၏ အဝတ်အစားများကို ဝတ်ဆင်လာကြသဖြင့် တပ်မတော်သားများ ဖြစ်သည်ဟုပင် ထင်မိ၏။ သူတို့သည် အလွန်အရေးကြီး၍ ရုတ်တရက်ဖြစ်ပေါ်လာသော ကိစ္စတစ်ခုခုကို ဝန်ကြီးအစည်းအဝေးသို့ အစီရင်ခံလိုသဖြင့် လာကြသည်ဟု တွေးမိ၏။ နားမလည်သေး၊ ရိုင်းသေးသဖြင့်သာ တစ်ယောက်တည်းမလာဘဲ လူများစု၍လာခြင်း၊ သေနတ်များ ကိုင်ဆောင်လာခြင်းတို့ကို ပြုလုပ်ကြသည်ဟု တစ်ဆက်တည်းတွေးကာ နောက်နောင် ဝန်ကြီးအစည်းအဝေးသို့ ကိစ္စရှိ၍ လာရောက်လျှင် တပ်မတော်သားတစ်ဦးသည် လက်နက်ကို အပြင်မှာထားခဲ့ရန်နှင့် တစ်ယောက်တည်းလာရန် အမိန့်ထုတ်ထားပါဟု ဗိုလ်ချုပ်အား ပြောမည်ဟူ၍ပင် စဉ်းစားမိ၏။
ဝင်လာသူ ယူနီဖောင်းဝတ် လက်နက်ကိုင်တို့သည် အစည်းအဝေးစားပွဲကြီး၏ စားပွဲသုံးခအနီး (ဂငယ်) ဝမ်းဗိုက်၏ အဝင်ဝသို့လာ၍ သုံးယောက်ခန့် ရှေ့နောက်စီကာ ရပ်ပြီးလျှင် ရှေ့ဆုံးမှဝင်လာသူသည် “ဟိတ်” ဟု အသံကျယ်စွာ တစ်ခွန်းအော်လိုက်ပြီး ဗိုလ်ချုပ်ကား တော်မီဂန်းနှင့် စ၍ပစ်၏။ ဗိုလ်ချုပ်သည် မတ်တပ်ရပ်လိုက်ကာ သေနတ်ပစ်သူတို့ဘက်သို့ လက်ကာပြပြီးလျှင် တစ်စုံတစ်ခုကို ပြောလိုက်၏။ ဘာပြောသည်ဟူ၍ကား ကျွန်တော် နားမလည်လိုက်ပေ။
ထိုသို့ပစ်လိုက်သည်နှင့်တစ်ပြိုင်နက် ပျော်ဘွယ်ဦးမြနှင့် ဦးရွှေဘော်တို့သည် ကျောဘက်ရှိ ပြတင်းပေါက်မှ ကျော်ထွက်ပြီးလျှင် ပြတင်းပေါက်အောက်ရှိ နှစ်ပေခန့်ကျယ်သော ကြမ်းပြင်စွန်းကိုကွယ်၍ ဦးရွှေဘော်၏အခန်းသို့ ကူးပြေးကြ၏။ ကျွန်တော်သည် ထိပ်စားပွဲနှင့် အလျားလိုက်ယှဉ်ကာ ကြမ်းပြင်ပေါ်တွင် မှောက်၍ အိပ်လိုက်၏။ ထိုသို့ အိပ်လိုက်သောအခါ ကျွန်တော်၏ လက်ဝဲဘက်တွင်ရှိသော ဦးအောင်ဇံဝေ၏ လက်ကိုလည်း ဆွဲ၍ချလိုက်သဖြင့် ဦးအောင်ဇံဝေသည်လည်း ကျွန်တော်နှင့်အတူ အိပ်လိုက်၏။
ထိုသို့ ရန်သူ့လက်နက်နှင့် ကြုံကြိုက်သောအခါ လှ၍အိပ်လိုက်ခြင်းသည် ဂျပန်ခေတ်စစ်အတွင်းက ရရှိခဲ့သော အလေ့အကျင့်အမွေ ဖြစ်၏။ ဗုံးကြဲလေယာဉ်များလာသဖြင့် အာရှလူငယ် သူနာပြုအဖွဲ့များကို ဗုံးကျရာသို့ စေလွှတ်သောအခါ ကျွန်တော် အမြဲမှာလေ့ရှိသော နောက်ဆုံးစကားများမှာ (ဗုံးကြဲလျှင်၊ စစ်သေနတ်ပစ်လျှင် အမြန်ဆုံးလှဲအိပ်လိုက်) ဟု ဖြစ်နေသည်ကို သတိပြုမိ၏။ ကျွန်တော်သည် သမ္ဗုဒ္ဓေဂါထာ၊ သိရသ္မိ ံဂါထာနှင့် ဓမ္မခက်ဂါထာများကို စစ်အတွင်းက အမြဲရွတ်လေ့ရှိသည့်အတိုင်း ထိုသို့ ကြမ်းပြင်ပေါ်တွင် မှောက်၍နေစဉ် အချိန်တွင်လည်း ရွတ်လျက်ရှိသည်ကို သတိပြုမိ၏။ ဦးအောင်ဇံဝေသည် ၂၄ ပစ္စည်းခေါ် ပဋ္ဌာန်းကျမ်း၏ အကျယ်ဖြစ်သော ပဋ္ဌာန်းပစ္စယနိဒ္ဒေသပါဠိတော်ကို အနှစ်သုံးဆယ်ကျော်မျှ တစ်နေ့မပြတ် ရွတ်ဖတ်သရဇ္ဈာယ်ခဲ့သည့်အလျောက် ကြမ်းပြင်ပေါ်သို့ လှဲလိုက်သည့်အချိန်မှစ၍ ရန်သူများ ထွက်သွားသည့်အချိန်အထိ စိတ်တွင်အာရုံပြု၍ရွတ်ကြောင်း နောက်မှ စုံစမ်းသိရှိရလေသည်။
ထိုသို့ မှောက်လျက်ရှိစဉ် ကျွန်တော်၏ လက်ဝဲဘက်နံဘေးသည် ပူခနဲဖြစ်သွား၏။ ကျည်ဆန်တစ်ခု ဘေးသို့ရှပ်၍ ဖောက်ဝင်သွားသည်ဟု ထင်မိ၏။ သို့သော် သေနိုင်သောနေရာမဟုတ် ဟူ၍လည်း တွေးလိုက်သေး၏။
အိမ်ပြန်ရောက်၍ ကြည့်သောအခါ ထိုသို့ ပူခနဲဖြစ်သည့်နေရာ (နံရိုးစွန်းနှင့် တင်ပါးရိုးအကြားအသား) တွင် လက်သန်းဖျားခန့် မည်း၍နေသော အပိုင်းငယ်တစ်ခုကို တွေ့ရ၏။ ထိုနေရာနှင့်တည့်တည့် သက္ကလပ်အပေါ်အင်္ကျီတွင် လက်မဝက်ခန့်ရှည်၍ မန်ကျည်းစေ့ခန့်ကျယ်သော အပေါက်ငယ်တစ်ခုကိုလည်း တွေ့ရ၏။ ထိုသို့ ကျည်ဆန်မှန်သော နေရာတွင် လုံချည်၊ ဘောင်းဘီ၊ ရှပ်အင်္ကျီ၊ ဆွယ်တာလက်ပြတ်နှစ်ခုစွပ်ကျယ်နှင့် အပေါ်အင်္ကျီပါ အားလုံး ခုနစ်ထပ်ရှိသည်ကို တွေ့ရ၏။
ကျွန်တော်၏ လက်ယာဘက် လက်သူကြွယ်အဖျားတွင် တစ်ချက်ထိမှန်၏။ ကျည်ဆန်သည် လက်ဖျားမှဝင်ပြီးလျှင် အလယ်ဆစ်၏ ဘေးမှထွက်၏။ လက်ဖျားဆစ်၏ အတွင်းသားနှင့် အရိုးတစ်ပိုင်း ပဲ့ပါသွားသဖြင့် လက်ဖျားဆစ်တွင် စပါးစေ့တစ်ခြမ်းလောက်မျှသော အရိုးတစ်ပိုင်းနှင့် အပေါ်ရေသာ ကျန်ရစ်သည်ဖြစ်ရာ အဖူးကို နှုတ်ယူထားသည့် ပြောင်းဖူးနှင့်တူ၏။
သူသတ်ယောက်ျားတို့ကား သုံးယောက်ပြိုင်တူ ပစ်ကြ၏။ ပထမရပ်၍ ပစ်ကြ၏။ နောက် ဒူးထောက်၍ ပစ်ကြ၏။ ကျွန်တော်နှင့် ဦးအောင်ဇံဝေတို့ကိုမူကား ကြမ်းပေါ်တွင် မှောက်လျက်ရှိသဖြင့် သေပြီထင်ပြီး မပစ်ဟန် လက္ခဏာရှိ၏။
အပစ်အခတ်ရပ်စဲပြီး သူသတ်များ ပြန်ထွက်နေစဉ် တံခါးဝလောက်အရောက်မှာ ဦးအောင်ဇံဝေသည် မှောက်နေရာမှ ထထိုင်ပြီး ဗိုလ်ချုပ်လဲနေသည့်ဘက်ကို လက်ညှိုးထိုး၍ပြပြီးလျှင် “သေကုန်ကြပြီ … သေကုန်ကြပြီ …” ဟု ညည်းတွားလိုက်၏။
ကျွန်တော်က ဦးအောင်ဇံဝေအား ဆွဲ၍လှဲလိုက်ပြီးလျှင် “မထနဲ့ဦး … ပြန်ဝင်လာရင် ခင်ဗျားကို ပစ်လိမ့်မယ် …” ဟု ပြော၏။ ကျွန်တော်တို့ မိနစ်ဝက်ခန့် ဆက်၍ မှောက်နေကြပြီးလျှင် နှစ်ယောက်အတူ ထကြ၏။ တစ်ခန်းလုံး မီးခိုးဖြင့်မှောင်လျက် ယမ်းငွေ့က တထောင်းထောင်းထလျက်ရှိ၏။ ဗိုလ်ချုပ်ကား ပက်လက်လဲလျက်ရှိ၏။
ဦးအောင်ဇံဝေနှင့် ကျွန်တော်တို့သည် ဦးရွှေဘော်၏ အခန်းဘက်သို့ ကူးသွားပြီးလျှင် တယ်လီဖုန်းဆက်ရန် ကြိုးစား၏။ တယ်လီဖုန်းဆက်၍မရ။ ပျက်နေဟန်ရှိ၏။ ကျွန်တော်၏ အခန်းသို့သွားရန် ဦးရွှေဘော်၏ အခန်းပြင်သို့ ထွက်လိုက်ရာ ထိုအချိန်က ရန်ကုန်ပလိပ်မင်းကြီးဖြစ်သူ ဦးအောင်ချိန်အား အခန်းဝတွင် တွေ့၏။
“ဘာဖြစ်ကြတာလဲ …” ဟု ဦးအောင်ချိန် မေးလာသောအခါ “လာလာ … လိုက်သာကြည့်တော့” ဟု ပြောကာ ဦးအောင်ချိန်အား ဦးရွှေဘော်၏ အခန်းကိုဖြတ်၍ အစည်းအဝေးခန်းသို့ ဦးအောင်ဇံဝေနှင့် ကျွန်တော်တို့၏ ခေါ်သွား၏။ ကျွန်တော်တို့ ပြန်သွားသောအချိန်တွင် မိုင်းပွန်စော်ဘွားကြီးသည် သွေးပေလျက်ရှိသော မေးစေ့နှင့်ပါးစပ်ကို လက်ယာလက်ဝါးဖြင့်အုပ်ကာ ဗိုလ်ထွန်းလှ၏ဘက်သို့ လျှောက်သွား၏။ သို့သော် ဗိုလ်ထွန်းလှ ထွက်လာသဖြင့် လမ်းတွင်ပင် ဆုံမိကြ၏။ ဗိုလ်ထွန်းလှသည် အစည်းအဝေးခန်းသို့ ဝင်လာပြီးလျှင် သူသတ်တို့ထွက်သွားသော တံခါးကိုပိတ်၍ ချက်ထိုးလိုက်၏။
ဦးအောင်ချိန်အား အစည်းအဝေးခန်းတွင်ထားပြီး ဦးအောင်ဇံဝေနှင့် ကျွန်တော်၏အခန်းသို့ သွားကြ၏။ အခန်းသို့ရောက်လျှင် ဦးအောင်ဇံဝေသည် ကျွန်တော့်လက်တွင်ရသော ဒဏ်ရာကိုကြည့်၍ ကျည်ဆန်မှာ အဆိပ်ပျံ့မည်စိုးရသည်။ ချက်ချင်းဆေးထည့်ပါဟု သတိပေး၏။ ကျွန်တော်သည် ကျွန်တော်၏ အတွင်းရေး အတွင်းဝန်မောင်သန်းမြင့်အား ဆရာဝန်ခေါ်ခဲ့ရန် မှာထားပြီး အိမ်သို့ပြန်၏။ ကုလားဆရာဝန်တစ်ယောက်၊ ဗိုလ်လက်ျာ၏ညီ ဒေါက်တာလှရွှေတို့ မကြာမီ ရောက်ပြီးလျှင် လက်ဖျားကိုဆေးထည့် ဂွမ်းဆို့၍ချုပ်ပြီး ဒေါက်တာလှရွှေက လက်ပြာနေတာကို သဘောမကျ။ အဆိပ်ကြောင့် ဖြစ်ချင်လျှင် ဖြစ်နိုင်သည်ဟုပြောကာ အဆိပ်ဖြေဆေးကို အရှာခိုင်းသဖြင့် မောင်သန်းမြင့်ကိုလွှတ်၍ စစ်တပ်တွင် ရှာစေ၏။ ထိုဆေးရှာနေစဉ်အတွင်း ဆေးရုံကြီးကို လိုက်ခဲ့ပါ။ ဆေးရုံကြီးမှာ ကိရိယာစုံသည်ဟု ဒေါက်တာလှရွှေက အကြံပေးသဖြင့် လိုက်သွား၏။
ဆေးရုံကြီးသို့ ရောက်သောအခါ ဒေါက်တာဘသန်းနှင့် ဒေါက်တာလှရွှေတို့ တိုင်ပင်ပြီးလျှင် ကုသ၍ ဖြစ်နိုင်သော နည်းမျိုးစုံဖြင့် လိုလေသေးမရှိအောင် ကုသကြ၏။ စစ်တပ်တွင်ရှာသော အဆိပ်ဖြေထိုးဆေးလည်း အလွယ်တကူပင် ရရှိလာသဖြင့် ထိုးရ၏။ ဦးဘချိုနှင့် မိုင်းပွန်စော်ဘွားကြီးတို့အား ခွဲစိတ်ကုသရန် ပြင်ဆင်လျက်ရှိကြောင်း၊ ဒဏ်ရာရသူ ကျန်ပုဂ္ဂိုလ်များမှာ အားလုံးသေဆုံးကြပြီဖြစ်ကြောင်း ကျွန်တော် ဆေးရုံမှမပြန်မီ ကြားသိခဲ့ရ၏။
ည ၈ နာရီခန့်တွင် ဒေါက်တာလှရွှေထံမှ စကားပြောကြေးနန်းဖြင့် ဝန်ကြီးများ၏ အလောင်းကို ညွှန်ကြားချက် တစ်စုံတစ်ရာမရရှိသဖြင့် ရေခဲတိုက်သို့ မပို့ရသေးဘဲ ဆေးရုံမှာပင်ရှိသေးကြောင်း ပြောသည်။ ရေခဲတိုက်သို့ ပို့သာပို့ပါ။ ကျွန်တော် လုံးဝတာဝန်ယူပါမည်ဟု အကြောင်းပြန်ကြားလိုက်၏။
ယခုကဲ့သို့ ဗိုလ်ချုပ်နှင့်တကွ နိုင်ငံ့မျက်နှာဖုံးခေါင်းဆောင်ကြီးများ ကျဆုံးရခြင်းမှာ မိမိ၏စေတနာကို မိမိယုံကြည်လွန်းသောကြောင့် ဖြစ်၏။ ထိုသို့မဖြစ်မီ အချိန်အတော်ကြာကပင် ဗိုလ်ချုပ်နှင့်တကွ ဝန်ကြီးများအား သတ်ဖြတ်ရန် ကြံစည်စိုင်းပြင်းလျက်ရှိကြကြောင်း အစီရင်ခံစာအမျိုးမျိုး အကြိမ်ကြိမ်ရရှိခဲ့၏။ ထိုသို့ အစီရင်ခံစာများ ရရှိ၍ ဆွေးနွေးကြသောအခါတွင် ဗိုလ်ချုပ်က “ကျွန်တော်တို့လို စေတနာသန့်သန့်ရှင်းရှင်းနဲ့ အဘက်ဘက်က စင်ကြယ်တဲ့လူတွေကို သတ်မယ်ဆိုတာ မဟုတ်နိုင်ပါဘူး။ ကျွန်တော်တို့ကိုသတ်ရင် တစ်နိုင်ငံလုံးက အုံကြွပြီး သူတို့ကိုကော မသတ်ဘဲနေမလား” ဟု ပြောဖူး၏။
ဝန်ကြီးအစည်းအဝေး၊ အခမ်းအနား စသည်တို့တွင် လက်နက်ကိုင် ပုလိပ်အစောင့်အရှောက်၊ စစ်တပ်အစောင့်ရှောက်တို့ကို ဗိုလ်ထွန်းလှက စီမံလျှင် ဗိုလ်ချုပ်က သဘောမကျ။
“တို့က လူထုရဲ့အစိုးရပါ။ လက်နက်ကိုင် အစောင့်အရှောက် မလိုပါဘူး …” ဟု ပြောလေ့ရှိ၏။
မြတ်စွာဘုရားသော်မှ ဒေဝဒတ်၊ စိဉ္စမာနစသော ရန်သူများ ရှိသေးကြောင်းကို ပညာရှိသော်လည်း သတိဖြစ်ခဲဆိုသော စကားအတိုင်း ကျွန်တော်တို့ မဆင်ခြင်မိဘဲ ပေါ့ပေါ့ဆဆနေလွန်းလှသဖြင့်သာ ယခုကဲ့သို့ ခေါင်းဆောင်ကြီးများ ရေတိမ်မှာ နစ်ကြရရှာပေသည်။
ဦးစော၏အကြံသည် တစ်ရက်တည်းစောသွားသဖြင့် အောင်မြင်ခဲ့သည်။ စစ်တပ်မှ ဘရင်းဂန်း အလက် ၂၀၀ ဦးစောလိမ်၍ ထုတ်ကြောင်းသတင်းကို သခင်မြတွင်လည်းကောင်း၊ ကျွန်တော့်တွင်လည်းကောင်း အခိုင်အလုံ ရရှိထားကြပြီးဖြစ်၍ ထိုနေ့ဝန်ကြီးများ အစည်းအဝေးနောက်ပိုင်း အထွေထွေခန်းတွင် ဦးစောအားဖမ်းရန် ညွှန်ကြားဖို့ ဆုံးဖြတ်ဖွယ်ရှိ၏။
ဦးစောနှင့်အပေါင်းပါတို့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံ့မျက်နှာဖုံး အခြားခေါင်းဆောင်ကြီးများအား သတ်လိုက်ခြင်းဖြင့် ထိုပုဂ္ဂိုလ်များအား သေစေသည်မဟုတ်။ နိုင်ငံတစ်ခုလုံးကို သေစေသည်မည်၏။
ကံကောင်းသူဝန်ကြီးများ
ထိုနေ့ အစည်းအဝေးတွင် မတက်ရောက်သဖြင့် ကံကောင်းသောဝန်ကြီးများမှာ ဦးကျော်ငြိမ်း၊ ဆမားဒူးဝါး၊ စောစံဖိုးသင်နှင့် ဦးဝမ်ကိုဟောတို့ ဖြစ်ကြ၏။ ထိုအခါက ပြည်ထဲရေးဌာန ဝန်ကြီးဖြစ်သော ဦးကျော်ငြိမ်းမှာ အင်္ဂလန်သို့ သွားနေခိုက်ဖြစ်၍ ပြည်ထဲရေးဌာနကို ပျော်ဘွယ်ဦးမြက အုပ်ချုပ်လျက်ရှိ၏။ ကျန်ဝန်ကြီးသုံးဦးမှာ နယ်သို့ရောက်ရှိ ခရီးလွန်နေ၍ အစည်းအဝေးမတက်ဖြစ်ဟု သိရ၏။ ။
မြဝတီမဂ္ဂဇင်း၊ ဇူလိုင်၊ ၁၉၅၃

Friday, July 17, 2020
ဆွမ်းဘုန်းပေးခါနီး အုန်းမောင်းဘာကြောင့်ခေါက်တာလဲ "
" ဆွမ်းဘုန်းပေးခါနီး အုန်းမောင်းဘာကြောင့်ခေါက်တာလဲ "
-
ဂျပန်ခေတ်က စစ်ကိုင်းတောင်ရိုး မင်္ဂလာစေတီချောင်ကို ဂျပန်အရာရှိကြီးတစ်ဦးနှင့်စကားပြန်တစ်ဦး ရောက်လာ၏ ဆွမ်းစားချိန်ဖြစ်သောကြောင့် ကြေးမောင်းထိုးတုံးခေါက်ရာ ဂျပန်အရာရှိက ဘာလုပ်တာလည်းဟုမေး၏
စကားပြန်က ဆွမ်းစားမှာမို့ ကြေးမောင်းထိုးတုံးခေါက်ခြင်းဖြစ်ကြောင်းရှင်းပြရာ ဂျပန်အရာရှိကြီးက ဒါ... ဘုန်းကြီးတွေများလှူတဲ့ဆွမ်းစားတာတောင် ဒီလို ကြေးမောင်းတွေထိုးတုံးတွေခေါက်ပြီးစားရင် ကိုယ့်ဖာသာရှာစားရင်တော့ အမြောက်နဲ့ဖေါက်ပြီးများ စားမလားမသိဘူး မှတ်ချက်ပြုသတဲ့။
ထိုမှတ်ချက်စကားကို စကားပြန်က မင်္ဂလာစေတီဆရာတော်ဘုရားကြီးအား လျှောက်ထားရာ ဆရာတော်ဘုရားကြီးက ဘုန်းကြီးတို့ ဒီလိုကြေးမောင်းတွေထိုးတုံးခေါက်ပြီး ဆွမ်းဘုဉ်းပေးတာဟာ ကြွားချင်လို့မဟုတ်ဘူး၊ဒီအနီးအနားမှာ ခရီးသွား သံဃာတော်အရှင်သူမြတ်တွေ ဆွမ်း၊ဆွမ်းဟင်းမပြည့်စုံသေးရင် ဒီနေရာမှာ ဆွမ်း ဆွမ်းဟင်းအပြည့်စုံရှိပါတယ်၊ဆွမ်းစားကြွတော်မူကြပါလို့ အသိပေးဖိတ်ကြားတာဖြစ်တယ်အပြင် နောက်ပြီးတော့ ရွာတွေက ဆွမ်း ဆွမ်းဟင်းလောင်းလှူကြသော ဆွမ်းဒါယိကာ၊ဆွမ်းဒါယိကာမ များအနေဖြင့် မိမိတို့လောင်းလှူလိုက်တဲ့ ဆွမ်း ခဲဘွယ်တို့ကို သံဃာတော်အရှင်သူမြတ်တွေ ဘုဉ်းပေးသုံးဆောင်တော့မှာဖြစ်တဲ့အတွက် အလှူရှင်အများအနေဖြင့် ကောင်းမှုကုသိုလ်အစုစုတို့ကို သာဓု အနုမောဒန ခေါ်ဆိုနိုင်ဖို့ဖြစ်တယ်လို့ ဒါကာလို့မိန့်ကြားတော်မူတယ်။
ဆရာတော်ဘုရားကြီး ရှင်းပြတာကိုနားထောင်၍ ဂျပန်အရာရှိကြီးက နားလည်သဘောကျရင်း အကြိမ်ကြိမ်ဦးချကာပြန်သွားသည်၊ ဆရာတော်ဘုရားများအနေဖြင့် ဆွမ်းဘုဉ်းချိန်ရောက်လျှင် စားသောက်ဆိုင်များကိုဝင်ရောက်၍ အကုန်ကျခံဘုဉ်းပေးတော်မူကျပါနဲ့ သိသိ မသိမသိ ဆွမ်းဘုဉ်းချိန်ရောက်လို့ ကြေးမောင်းထိုးတုံးခေါက်သော ကျောင်းတိုက်များသို့သာဝင်ရောက်၍ ဘုဉ်းပေးတော်မူကြပါ ၎င်းကြေးမောင်းသံတုံးခေါက်သံတို့သည် အရှင်ဘုရားတို့အား ဆွမ်းစားပင့်ဖြစ်သည်ဟု ဆရာတော်ဘုရားကြီးမိန့်တော်မူသည်။
နာယူမိသမျှတရားတော်လေးပြန်လည်ဝေမျှပေးတာပါ 😚
ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်ဘုရားကြီး
[ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ_အလှူအားလုံးတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏ ]
-
စာဖတ်သူ ဓမ္မမိတ်ဆွေများအတွက်ရည်ရွယ်ပြီး ဆရာတော်ဘုရားများ ဟောပြလမ်းညွှန်ထားသောတရား တော်များမှအသိဉာဏ် ဗဟုသုတနှင့် ကုသိုလ်တရားများစဉ်ဆက်မပြတ်တိုးပွားစေရန်နေ့စဉ် ဓမ္မအကြောင်းရာလေးတွေ မျှဝေ တင်ပြအပ်ပါတယ် ဓမ္မမိတ်ဆွေများအားလုံး ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ ကောင်းကျိုး လိုရာဆန္ဒများပြည့်စုံကြပါစေသံသရာ ၀ဋ်ဆင်းရဲမှလွတ်မြောက်ကြပါစေ ကျွန်တော့်၏ Post များမှ ဓမ္မတရားတော်များကို အများသူငါဖတ်ရှုလေ့လာ ကုသိုလ်ပွားနိုင်ရန်အတွက်ထပ်ဆင့် ၍ဝေမျှ Share ခြင်းဖြင့်် ကုသိုလ်ယူနိုင်ကြပါသည် ခင်ဗျာ ၊ ဤဓမ္မဒါနကိုဝေမျှရသောကုသိုလ်ကြောင့်နိဗ္ဗာန်အတွက်ကြီးစွာသောအထောက်အပံ့ဖြစ်ပါရစေ . . . ။
မေတ္တာဖြင့်ဓမ္မဒါနဝေမျှပါသည်
မူရင်းcrd#ပေးပါတယ်
ဓမ္မရံသီအရှင်ကဝိန္ဒ (မိုးကုတ်)
Crd.......

Wednesday, July 15, 2020
ရင့်ကျက်သန်မာတဲ့သူဖြစ်ဖို့
🖊🖊🖊🖊
ရင့်ကျက်သန်မာတဲ့သူဖြစ်ဖို့
=================
လူတိုင်းမှာ ...
အားနည်းချက် ကိုယ်စီရှိကြတယ်။
ကိုယ့်ရဲ့ရုပ်ရည်၊ ကိုယ့်ရဲ့ပိုင်ဆိုင်မှုနဲ့ ကိုယ့်ရဲ့
တစ်ခြားသော အားနည်းချက်တွေကြောင့်
ကိုယ့်ကိုကိုယ် မလုံမလဲ စိတ်တွေဝင်လာကြတယ်။
ကိုယ့်ရဲ့အားနည်းချက်တွေကို လက်မခံနိုင်ဘဲ
ဖုံးကွယ်ဖို့ကြိုးစားရင်းကနေ သိမ်ငယ်စိတ်တွေပါ
ဝင်လာကြတယ်။ ကြာလာတော့ ဘဝကို ရင်မဆိုင်
ရဲကြတော့ဘဲ ကြောက်ရွံ့လာကြပါတယ်။
လွယ်လွယ်နဲ့ အရူံးပေးချင်လာကြပါတယ်။
ဒါက လုံးဝကြောက်စရာကောင်းတဲ့ ရှင်သန်မှုပဲလို့
ကျွန်တော်ထင်တယ် ။ တကယ်လဲ ရှိပါတယ် ကျွန်တော်တို့
ပတ်ဝန်းကျင်မှာလဲ တချို့ဆိုရင် သိမ်ငယ်စိတ်တွေကို
တမလွန်အထိ ယူဆောင်သွားကြတယ် ။ တော်တော်စိတ်မကောင်း
ဖြစ်မိတယ် ။
အဲ့တော့ အသက်အရွယ် ငယ်တုန်းကနေစပြီး..
ကျွန်တော်တို့ စနစ်တကျနဲ့ ဘဝကို ပြင်ဆင်နေထိုင်သွားသင့်တယ်
လို့ ထင်တယ် ။
ဘဝကို မကြောက်မရွံ့ရင်ဆိုင်ဖို့၊ လွယ်လွယ်နဲ့
အရူံးမပေးဖို့ဆိုရင် သင်ဟာ ရင့်ကျက်ဖို့ လိုပါတယ်။
၁-ဘယ်သူ့ကိုမှ မကြောက်ရဘူး။
ရှင်ဘုရင်ပဲဖြစ်ဖြစ်၊ ဆင်ရဲသားပဲ ဖြစ်ဖြစ်
ရုပ်ချောချော၊ ရုပ်ဆိုးဆိုး၊ ချမ်းသာတဲ့ သူဖြစ်ဖြစ်၊
ဘယ်သူပဲဖြစ်နေပါစေ အေးအေးဆေးဆေး
ရင်ဆိုင်ရဲရမယ်။
၂-ပျာယာခက်တဲ့ အကျင့်ကို ဖျောက်ရမယ်။
ခြေတုန်၊ လက်တုန်တာမျိုးတွေ မလုပ်ရဘူး။
မလောရဘူး။
၃-ရဲရဲကြည့်ရမယ်။ ပြုံးပြနိုင်ရမယ်။
တစ်စုံတစ်ယောက်နဲ့ စကားပြောတဲ့ အခါပဲ
ဖြစ်ဖြစ်၊ နုတ်ဆက်တဲ့ အခါပဲ ဖြစ်ဖြစ် မျက်လုံး
ချင်းဆိုင်ရမယ်။
၄-ရိုးသားရမယ်။ ဖြူစင်ရမယ်။ ဘယ်သူ့ကိုမှ
လူလည်မကျရဘူး။ မညစ်ပတ်ရဘူး။
မယုတ်မာနဲ့။
၅-ပြတ်သားရမယ်။ အားမနာသင့်တဲ့အခါ အားနာ
မနေနဲ့။ သည်းခံနိုင်တဲ့ အတိုင်းအတာထိပဲ
သည်းခံရမယ်။
၆-ရဲရင့်ရမယ်။ သန်မာရမယ်။ သတ္တိရှိရမယ်။
၇-လူတွေရဲ့အမြင်ကို သောက်ဂရုမစိုက်နဲ့။
လူတိုင်း သဘောကျအောင်မနေနဲ့။
၈-ကလေးဆန်တဲ့ အကျင့်တွေ ပြင်ရမယ်။
လိုချင်တာ မရလို့ ကလေးဆန်ဆန် ငိုတာမျိုး၊
မျှော်လင့်သလို ဖြစ်မလာလို့ ဒေါသထွက် ပူဆွေး
နေတာမျိုးတွေကို ရှောင်ရမယ်။
၉-ငြင်းပယ်မှုကို လက်ခံနိုင်ရမယ်။ ခါးသီးမှုတွေကို
လက်ခံနိုင်ရမယ်။ စွန့်လွှတ်မှုတွေကို နားလည်
နိုင်ရမယ်။
၁၀-ပွင့်လင်းရမယ်။ အရှိကို အရှိအတိုင်း လက်ခံ
နိုင်ရမယ်။ ဟန်ဆောင်မနေနဲ့။
၁၁-လွတ်လပ်စွာနေရမယ်။ ဘယ်သူ့ရဲ့ လွှမ်းမိုးမှု
ကိုမှ မခံနဲ့။ လောင်းရိပ် မမိစေနဲ့။
၁၂-လူတိုင်းကို လေးလေးစားစား ဆက်ဆံနိုင်
ရမယ်။ နိုင်တဲ့သူကို နှိမ်တာမျိုး မလုပ်ရဘူး။
၁၃-မလိုအပ်တာတွေကို စွန့်လွှတ်နိုင်ရမယ်။
၁၄-လူတွေကို အရမ်းကြီး အပြစ်မမြင်နဲ့။
အဝေအဖန် မစောစေနဲ့။
၁၅-အလိုက်သိတတ်ရမယ်။
၁၆-ဘယ်အရာမှ အလကား မလိုချင်နဲ့။
သူတစ်ပါးဆီက အရာတွေကို လူလည်ကျ
အလကား လိုချင်တာမျိုးတွေကို ရှောင်ပါ။
၁၇-မလိုအပ်ပဲ အကူအညီ မတောင်းနဲ့။
ကိုယ်တိုင်လုပ်နိုင်အောင် ကြိုးစားပါ။
၁၈-ကိုယ့်ဘဝကိုယ် ကျေနပ်ရမယ်။
အခြားသူတွေနဲ့ ယှဉ်ပြီး သိမ်ငယ်နေတာဟာ
မရင့်ကျက်ခြင်းပဲ။
၁၉-အမှီအခိုကင်းရမယ်။ တစ်ယောက်ထဲလည်း
ရပ်တည် နိုင်ရမယ်။
ကိုယ်လုပ်မှ ကိုယ်စားရမှာ။ ဒါကြောင့်
တစ်ယောက်ထဲ ရှင်သန်နိုင်ဖို့ ဘာကိုမှ
ကြောက်မနေသင့်ဘူး။
၂၀-ကိုယ့်အိမ်မက်ကိုယ် အကောင်အထည်ဖော်
နိုင်ရမယ်။ ရူံးမှာကို မကြောက်သင့်ဘူး။
၂၁-စာဖတ်ရမယ်။ စာဖတ်ခြင်းက လောကကို
ရင်ဆိုင်နိုင်ဖို့ တွန်းအားတစ်ခုပဲ။
လဲကျနေရင် ပြန်ထပါ ဘယ်တော့မှ
ခြေလှမ်းတွေကို မရပ်တန့်မိပါစေနဲ့။
ပထမခြေလှမ်းမှာ ခြေတုံချတုံဖြစ်နေမှာက
လူသားလို့ ခံယူထားသူတိုင်း ကြုံရမှာပါ ..
ဒါက ပုံစံပဲလေ ဒါမဲ့ အဲ့ပုံစံကနေ ကိုယ်ကိုယ်တိုင်
ရုံးထွက်နိုင်အောင် ကြိုးစားရမှာလေ.....
နောက်ဆုံးပြောချင်တာ...
ဒီစာကိုဖတ်နေတဲ့ ကျွန်တော်ရဲ့ Friend
လေးတွေ အတွက် စကားလက်ဆောင်လေးကတော့...
သက်မဲ့ သစ်ရွက်လေးတွေတောင်မှ..
လေမင်းရဲ့ စေခိုင်းမှုနဲ့ လွန့်လူးကြ..
ဝဲပြန်ပြရသေးတာပဲ...
ငါက.. လူသားတစ်ယောက်ပဲ...
သူတပါးခိုင်းစေတာကို ဘာလို့စောင့်နေမှာလဲ
မိမိဦးနှောက်က မိမိကိုယ်ကို ခိုင်းစေ
တတ်အောင် အဖန်ဖန်ကြိုးစားပါ ။

Sunday, July 12, 2020
အဆင့်အတန်းရှိရှိအနိူင်ယူပါ
#အဆင့်အတန်းရှိရှိအနိူင်ယူပါ
မင်းကို မုန်းတဲ့သူတွေအရှေ့မှာ
ပျော်ပျော်ရွှင်ရွှင် နေပြလိုက်စမ်းပါ။
မင်းကို မနာလိုသူတွေအရှ့မှာ
ယုံကြည်မှူ ရှိရှိ နေပြလိုက်စမ်းပါ။
မင်းကို စွန့်ခွာသွားသူအရှေ့မှာ
"အေးဆေးပါ အပြုံးမပျက်ဘူး"လို့ သိအောင်နေပြလိုက်စမ်းပါ။
မင်း မေတ္တာကို စော်ကားသွားသူအရှေ့မှာ
အေးချမ်းတည်ငြိမ်စွာ နေပြလိုက်စမ်းပါ။
မင်းကို တိုက်ခိုက်နေသူတွေ အရှေ့မှာ
ပြုံးဖြစ်အောင် လှိူက်လှိုက်လှဲလှဲပြုံးပြလိုက်စမ်းပါ။
မင်းကို အထင်သေးပြီး လူရာမသွင်းခဲ့တဲ့
လူတွေအရှေ့မှာ လက်မထောင်နိူင်တဲ့
ဘဝကို ပိုင်ဆိုင်နေပြီဆိုတာ လက်တွေ့ပြလိုက်စမ်းပါ။
မင်း မကောင်းသတင်းပြောနေတဲ့ လူတွေနဲ့
မျက်နှာချင်းဆိုင်တွေ့ခဲ့ရင်
မလုံမလဲ မဝံ့မရဲ ဖြစ်မနေပါနဲ့
အေးဆေးပါဆိုတဲ့ ပုံစံနဲ့ ကြည်နူးစွာပြုံးပြလိုက်ပါ။
မင်း ဘဝစုတ်ပြတ်သတ်သွားတာကို မြင်ချင်သူတွေအရှေ့မှာ
ခန့်ညားထည်ဝါစွာ တည်တည်ငြိမ်ငြိမ် နေပြလိုက်စမ်းပါ။
အဲ့ဒါက မင်းကို မုန်းတီးနေသူတွေကို
လှလှပပ အဆင့်အတန်းရှိရှိ အနိူင်ယူခြင်းပဲ။
မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်။
#Crd..........

Hack နည်းမျိုးစုံသင်ချင်တယ်ဆိုတဲfriတေတင်ပေးလိုက်p
#Hack နည်းမျိုးစုံသင်ချင်တယ်ဆိုတဲfriတေတင်ပေးလိုက်p
=================================
Ph နံပါတ်သိရုံနှင့်hackနည်း
Gmailသိရုံနှင့်hackနည်း
Coc Account hack နည်း
Linkအစားထိုးhackနည်း
Login Approval အမှန်မခြစ်ပေးခဲ့တဲ့
ဟာကျော်နည်း
ကိုယ့် Account ကို Login Approval
ခံနည်း ဖြုတ်နည်း
Facebook Account
Setting ထဲမာ
Gmail 10 Step မက ခံနည်း
Trust Contact ခံနည်း
Trust Contact အသုံးပြုနည်း
ကိုယ်နဲ့ မရင်းနှီးတဲ့ Friတွေ
ကိုယ့်ဝေါထဲမှာ Tag လာလုပ်ရင်
ဝေါထဲမဝင်အောင်လုပ်တဲ့နည်း
Post ကိုတော့ Public တင်နည်း
မည်သူမဆို Friရော Fri မဖြစ်သူတွေရော
Like လုပ်လို့ရမယ် ကိုယ့် post ကို
Comment ကိုတော့ Friend Only (or)
Fr of Friend ပဲ comment ပေးနည်း
Share ပိတ်နည်း
Phishing Link အတုဖန်တီးပီး
Normal User တွေ Register
ဖြည့်တာနဲ့ Gmail & Password & Ip
ကိုယ့်ဆီရောက်လာနည်း
Key Logger နဲ့ Apk File ပုံစံတည်
ဆောက်ပီး Download ဆွဲရင်
က်ိုယ့်စီ Mail & Password ရောက်
လာတဲ့နည်း
Computer နဲ့ သုံးသူတွေကို Access တစ်ခုရအောင် Link တစ်ခုပေးပီး
ဟိုဖက္က Click လိုက်ရင်
သူ့ရဲ့ CMPT ကိုထိန်းချုပ်နည်း
Gmail two step ခံနည်း
ကိုယ်နဲ့ Friend မဖြစ်သူတွေကို
Mention ခေါ်နည်း
စာမဲ /စာပြာ ရေးနည်း
Fake Id လုပ်နည်း
Vpn ကျော်နည်း
Gmail သ်ိရင် Recovery ဆွဲနည်း
Share ပိတ်နည်း
Group Admin ကြည့်နည်း
Group ထောင်နည်း/ဖြတ်နည်း
Page Mention ခေါ်နည်း
Group Link ကူးနည်း
Page ထောင်နည်း/ဖြတ်နည်း
Page Cb မာစာပို့ရင်
Auto Reply ပြန်နည်း
Virous တည်ဆောက်ပီး
ဆေးထိုးနည်း
Profile Copy Link နဲ့
Forgotten Password နေရာမှာ
ရှာမရအောင်ပိတ်နည်း
မည်သည့် Fb မဆို
Forgotten နေရာကနေရှာလို့ရတဲ့နည်း
ကိုယ့်အကောင့်ဟက်သွားရင်
Old Passwordနဲ့ ခဏတာလော့ချနည်း
ကိုယ့်အကောင့်ကို Hack သွားရင်
Gmail အစအကုန်လုံး Remove
လုပ္ပီး တ်ခား acc နဲ့
Mail ချိန်းသွားရင် လုံးဝဟိုဖက်
ကသုံးမရအောင်လုပ်နည်း
ဟုတ်ကဲ့အာ့တွေတစ်ခုမှမလုပ်တတ်ပါဘူးလို့
Crd. ......

" အရှုံး" တွေနဲ့ ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါ ...

်
ပြဿနာ၊ အခက်အခဲ၊ အကြပ်အတည်းဆိုတာ
လူတိုင်းမှာ ရှိကြပါတယ်။
အကျိုးအကြောင်း မတူကြတာပဲ ရှိမယ်။
အရှုံးနဲ့ ရင်ဆိုင်နေရပြီလို့ ထင်နေတဲ့
အခါမှာလည်း .....
ဘယ်တော့မှ စိတ်ဓာတ်ကျမသွားပါနဲ့
ရင်ဆိုင်နိုင်ဖို့ ....... သတ္တိ
တောင့်ခံနိုင်ဖို့ ...... အင်အား
ကျော်လွှားနိုင်ဖို့...... ခွန်အားတွေသာ
သင့်မှာ .... ရှိနေခဲ့မယ်ဆိုရင် ....
အဲ့ဒီအရာတွေကြောင့် ဖြစ်ပေါ်လာတဲ့
အရှုံးဆိုတာဟာ ပရုပ်လုံးလေးလိုပဲ
တဖြည်းဖြည်းနဲ့ သေးငယ်ပျောက်ကွယ်
သွားပါလိမ့်မယ်။
အဓိက,ကတော့ သင့်ရဲ့ စိတ်ပါပဲ။
ဒါကြောင့် ... စိတ်ဆင်းရဲစရာတွေ
ကြုံလာခဲ့ရင် ... သင့်ရဲ့ စိတ်ကို
ချုပ်တည်းမထားပဲ စိတ်သက်သာရာရဆုံး
နေထိုင်သွားပါ။
"အရှုံး" နဲ့ ရင်ဆိုင်ရရင်လည်း ဘယ်တော့မှ
စိတ်ဓာတ်ကျမသွားပါနဲ့
"ကြာ ပန်း" ဆိုတာ ရွှံ့ဗွက်တွေဖုံး ရေတွေလွှမ်းမိုးတဲ့ ဒဏ်ကို ခံရပြီးမှ လှပတဲ့ပန်းတစ်ပွင့်ဖြစ်လာတာပါ။
ဒါကြောင့် ....
အရှုံးတွေနဲ့ ရင်ဆိုင်ရတိုင်း ကြာပန်းလေးကို
နမူနာယူပြီး သတ္တိရှိရှိ ရင်ဆိုင်သွားပါ
အချိန်ပေး၍ ဖတ်ပေးသည့်အတွက်
ကျေးဇူးတင်ပါသည်။

Friday, July 10, 2020
အားငယ်ဖို့ လူဖြစ်လာတာ မဟုတ်ဘူး
🤔 အားငယ်ဖို့ လူဖြစ်လာတာ မဟုတ်ဘူး
############################
ဘာလို့... မပျော်ရွှင် ရတာလဲ..?
သင့်မှာ ပျော်ရွှင်နိုင်တဲ့ အခွင့်အရေးတွေ ရှိပါလျက် မပျော်မရွှင် ဖြစ်နေရတယ် ဆိုတာ ဘယ်သူ့မှာမှ တာဝန်မရှိဘူး..
အပြစ် မဖို့ချင်နဲ့။
သူ့လောက် ငါမပျော်ပါဘူး ဆိုတဲ့
သင့် နှိုင်းယှဉ်မှုမှာပဲ တာဝန်ရှိတယ်။
ဘာလို့ ...ဝမ်းနည်း နေရတာလဲ..?
သင့် ခံစားချက်တွေကို လူတွေရှေ့မှာ
ခဏခဏ ထုတ်.ထုတ် ပြမနေနဲ့..။
သင့်အပေါ် အချိန်ပြည့် သနားပေးနိုင်တဲ့သူ သည်လောကထဲ မှာ မရှိဘူး..။
သူ့ အပူ ကိုယ့်အပူတွေနဲ့ ချည်းပဲ..။
ဘာလို့ ညည်းညူ နေရတာလဲ...?
ညည်းညူသံ သိပ်ပေးလွန်းတဲ့
ခို သတ္တဝါဟာ လေဆန်ကို မပျံရဲဘူး...
လင်းယုန်တွေလို အစာကို စူးစူးရဲရဲ မထိုးသုတ်ရဲဘူး။
သိပ် သနားစရာကောင်းတဲ့ ငှက်...
ဒါပေမယ့် အတုယူစရာ မဟုတ်ဘူး.
ဘယ်သူကမှ နှစ်လိုအားရနဲ့ အိမ်ပေါ်တင်ပြီး ခေါ် မွေးမထားကြဘူး..။
ဘာလို့..ထိခိုက်ကြေကွဲ နေရတာလဲ..?
ပြန်မရနိုင်တော့တဲ့ တန်ဖိုးထားစရာတွေ အတွက် သင့် ပစ္စုပ္ပန်ရဲ့ ပျော်ရွှင်ခြင်း
ကျန်းမာခြင်းတွေကို ထိုးကျွေးဖို့ ထပ်ပြီး မကြိုးစားချင်ပါနဲ့...
ပျောက်သွားလို့ ပြန်မတွေ့နိုင်တော့တဲ့
ဆွဲကြိုးတစ်ကုံးအတွက် ထိခိုက်ခံစား နေမယ့်အစား သင့်လက်ထဲမှာ ကျန်နေသေးတဲ့ နာရီတစ်လုံးကိုပဲ ကျေနပ်ဂုဏ်ယူ စောင့်ရှောက် နေစမ်းပါလေ...။
ဆွဲကြိုး ပျောက်သွားတာနဲ့ ကျန်တဲ့ နာရီပါ အပျောက်ဆုံး ခံနိုင်လို့လား...။
လက်လွှတ် ဆုံးရှုံးလိုက်ရတဲ့အတွက်
သင့်မှာ ပထမ နစ်နာခဲ့ဖူးပြီ...
အဲ့ဒီ ဆုံးရှုံးမှု အပေါ် တအုံ့နွေးနွေးနဲ့
ထိခိုက်ကြေကွဲနေရင် မနက်ဖြန်တိုင်းမှာ
သင် ပျော်ရွှင်ခွင့် ရတော့မှာ မဟုတ်ဘူး..
အခန့်မသင့်ရင် သင့် ကျန်းမာရေးကို
ခြိမ်းခြောက် လာလိမ့်မယ်။
ဒါဟာ ဒုတိယမြောက် နစ်နာမှု ပဲ။
သင်ဟာ ... နစ်နာမှုတစ်ခု အပေါ်မှာ
နောက်ထပ် နစ်နာမှု တစ်ခု ထပ်ယူချင်သေးလို့လား..။ ဆုံးရှုံးရတာက ကြေကွဲစရာ ကောင်းတယ်။ ဆုံးရှုံးပြီး နလန်မထူ နိုင်တာက ပိုပြီး ကြေကွဲစရာ ကောင်းပါတယ်လေ..။
လူ့ ဘဝဆိုတာ စောင်းတစ်လက် ဖြစ်ခဲ့ရင် ပိုင်ဆိုင်တယ်လို့ ထင်နေတဲ့ အရာတွေက စောင်းကြိုး...,စောင်းကြိုး... လေးတွေနဲ့ တူတယ်။
စောင်းကြိုးဆိုတာ ပြတ်တတ်တယ်။
ပိုင်ဆိုင်မှုဆိုတာ ဆုံရှုံး တတ်တယ်။
ပိုင်ဆိုင် ထားပြီးရင်တော့ သေချာပေါက်
ဆုံးရှုံး ရဦးမှာ။ ပူမနေနဲ့..။
သင် ယခု ဆုပ်ကိုင်ထားသမျှ
တစ်နေ့ကျ မဖြစ်မနေ ဆုံးရှုံးရဦးမှာ..။
အဲ့ဒီ တစ်နေ့ဟာ....
ဒီနေ့လား..? မနက်ဖြန်လား..?
အဲ့ဒီ နောက်နေ့ တွေလား..?
ကြိုမသိနိုင်ဘူး။
သေချာတာတော့ တစ်နေ့နေ့...။
ဒီတော့... စောင်းကြိုးလေး တစ်ချောင်း ပြတ်သွားရုံနဲ့ ထိုင်ပြီး ဝမ်းနည်း နေတော့မှာလား.. ကျန်တဲ့ စောင်းကြိုးလေးတွေနဲ့ တေးသွားတစ်လက် သံစဉ်တစ်ခက်ကို ဆက်ပြီး မတီးခတ်တော့ဘူးလား။
"ဟုတ်တယ်... မတီးတတ်ဘူး"လို့
သင် ဝန်ခံတယ် ဆိုရင်
ကျန်နေတဲ့ စောင်းကြိုးလေးတွေရဲ့ အပြစ်မဟုတ်ဘူး။
မလေ့ကျင့်,မပြင်ဆင် မိခဲ့တဲ့
သင့်ရဲ့ အပြစ်...။
သင့်ဘဝထဲက ပိုင်ဆိုင်မှုလေးတွေ ပြိုလဲသွားတိုင်း ကျန်တဲ့ ပိုင်ဆိုင်မှု လေးတွေနဲ့ ပျော်ရွှင်တဲ့ ဘဝတစ်ခုကို ပြန်တည်ဆောက်နိုင်ဖို့က ပတ်ဝန်းကျင် အကူအညီနဲ့ မလုံလောက်နိုင်ဘူး
သင့်စိတ်ရဲ့ လေ့ကျင့်, ပြင်ဆင်မှုနဲ့.
သင့်..ခံယူမှု အပေါ်မှာပဲ လုံးဝ မူတည်တယ်။
အားတင်း ထားစမ်းပါ..
ပြင်ဆင် ထားစမ်းပါ...
ငါတို့ဟာ......
အားငယ်ဖို့ လူဖြစ်လာကြတာ
မဟုတ်ဘူး..။
လေးးစာစွာဖြင့် 📗📗📗
Credit
#k.k

ပျားရည် ဆေးအသုံး
ပျားရည် ဆေးအသုံး
၁ ) - ပျားရည်သောက်ရမည့် အချိန်မှာ မနက်စောစော အိပ်ရာထချိန် ဝမ်းဗိုက်ထဲတွင် ဘာအစာမှမရှိချိန်မှာ ပျားရည်သောက်ရန် သင့်တော်ပါသည်။
သို့မဟုတ် ညစာမစားခင်
၂ နာရီခန့်အလိုနင့် ညအိပ်ရာဝင်ခါနီးတွေမှာလည်း သောက်ပေးနိုင်ပါတယ်။
အရွယ်ရောက်ပြီးသူ လူတစ်ယောက်က တစ်နေ့လျင် ပျားရည်ကို လက်ဖက်ရည်ဇွန်း ၂ ဇွန်းထက် ပိုပြီးမသောက်သင့်ပါ။ ဆေးညွန်းပမာဏမှာ တစ်ကြိမ်သောက်တိုင်း ကြက်သီးနွေးခန့် ပူသော ရေနွေးဖြူ တစ်ခွက်နင့် ပျားရည်စစ်စစ် ၁ ဇွန်း( လက်ဖက်ရည်
ဇွန်း) ဖြစ်ပါတယ်။
၄င်းဖျော်ရည်ကို အကြာကြီး အအေးခံမထားသင့်ပဲ သောက်ပေးသင့်ပါတယ်။
၂ ) - နို့တိုက်မိခင်များ
( ပျားရည်သောက်ရန်သင့်တော်သူများ)
မီးဖွားပြီးစနဲ့ နို့တိုက်ချိန်မှာ ပျားရည် သောက်သင့်ပါတယ်။ အထူးသဖြင့် မီးဖွားပြီးစမှာ
ပျားရည်နဲ့ အရက်ရောသောက်ပါ။ အမျိုးသမီးများ ဓမ္မတာ အချိန်မှာလည်း ပျားရည်
သောက်သင့်ပါတယ်။
၃ ) - ကင်ဆာရောဂါသည်များ
အရိုးကင်ဆာနဲ့ အစာအိမ်ကင်ဆာ ဝေဒနာ သည်များဟာ သဘာဝ နှစ်ချို့ပျားရည်
စစ်စစ်နှင့် သစ်ကြပိုးခေါက်မူန့် တို့ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ပမာဏ ဆတူရော
၍ ၄င်းဆေးညွန်းအတိုင်း တစ်နေ့လျင် ၃ ကြိမ် အစားမစားမီ နာရီဝက်အလို ( သို့ )
အစာစားပြီးနောက် နာရီဝက်အကြာမှာ သောက်ပေးရပါမယ်။
အထူးသတိပြုရန်မှာ ဆေးသောက်ပြီးတဲ့အခါ သောက်ရေအေး တစ်ဖန်ခွက်သောက်ပါ။
( ရေနွေးပူ မဟုတ်ပါ)
၄ ) - အပူကန် လည်ချောင်းနာသူများ
ပျားရည်က အပူဓာတ် ရှိတာကြောင့် ကိုယ်တွင်း အပူ ဓာတ်များသူတွေက ပျားရည်
သောက်ရန် သင့်မသင့် ဒွီဟဖြစ်နေကြပါတယ် - သောက်လို့ရပါတယ် ။
အပူကန် လည်ချောင်းနာသူများဟာ ပျားရည်ကို ရှောက်ရည်ညှစ်၍ သောက်သုံးခြင်းဖြင့် အပူငြိမ်း၍
ရောဂါ ပျောက်စေပါတယ်။
၅ ) - ချောင်းဆိုးနေသူများ
ချောင်းဆိုးနေသူများအတွက် ပျားရည်ဟာ ဆေးကောင်းတစ်ခွက်ပါပဲ, ဆေးသောက်ရန် အသင့်တော်ဆုံးအချိန်ကတော့ မနက်အိပ်ရာထ ဘာမှမစားခင်ဖြစ်ပြီး ရေနွေးဖြူ တစ်ခွက် ထဲကို ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး ဖျော်သောက်ပေးရမှာပါ။
တဖန် နှာစေး ချောင်းဆိုးခြင်းအတွက် ပျားရည်ကို ရှောက်သီး ( သို့ ) ပျားရည် ဖြင့် ဆတူ ရော၍သောက်ပါ။
၆ ) - အသက် တစ်နစ်နှင့်အထက် ကလေးငယ်များ
- ကလေးငယ်များ ချွဲကျပ် ရင်ကျပ်ဖြစ်လျှင် ပျားရည်ကို သံပုရာရည်နဲ့ ဆတူရော၍
တိုက်ပါ။ ကလေးငယ်များ ဝမ်းပျက် ဝမ်းလျောဖြစ်လျှင် ပျားရည်အနည်းငယ် ကျွေးပါ။
- ပျားရည်က စိတ်ကို ထိန်းပေးနိုင်သော အစွမ်းသတ္တိရှိ၍ အိပ်ရာထဲအပေါ့စွန့်တတ်
သော ကလေးများကို ည အိပ်ရာဝင်ခါနီး ပျားရည်ကျွေးပေးခြင်းဖြင့် အပေါ့အပါးမသွား
အောင် ဟန့်တားနိုင်ပါတယ်။
- ကလေးငယ်များ သူငယ်နာအကြောဆွဲ၍ သေလုမျောပါး ဖြစ်နေလျှင် ပျားရည်ကျွေး
ပေးခြင်းဖြင့် အသက်ချမ်းသာရာ ရနိုင်ပါတယ်။
- တုတ်ကောင် သန်ကောင်ရှိသော ကလေးငယ်များကို နာနတ်သီးကို ပျားရည်နဲ့ နယ်၍ကျွေးပါ ( အူတိုင်ထည့်ပါ) - သို့မဟုတ် ပျားရည်နဲ့ အုန်းနို့ ရောစပ်၍ တိုက်ပါ။
၇ ) - ပျားရည်သောက်ရန် မသင့်တော်သူများ..
●အသက် ၁ နှစ်အောက် ရင်ခွင်ပိုက် ကလေးငယ်များ.. ပျားရည်ထဲမှာ microorganisms လို့ခေါ်တဲ့ Clostridium ဗက်တီးရီးယားပိုးငယ်လေးတွေ
မြောက်မြားစွာ ပါဝင်နေကြပါတယ်။
အရွယ်ရောက်ပြီးသူများ၏ အစာချေ လမ်းကြောင်းက ၄င်း ဗက်တီးရီးယားများကို ကောင်းစွာ ချဖျက်နိုင်သော်လည်း ကလေးငယ်များက အစာချေ လမ်းကြောင်းမှာ သွေးခဲ၍ အစာအဆိပ်သင့်ခြင်းကို ဖြစ်စေပါတယ်။
ထို့ကြောင့် တစ်နှစ်အောက် ရင်ခွင်ပိုက် ကလေးငယ်များကို ပျားရည်လုံးဝမကျွေးသင့်ပါ။
●- ကိုယ်ဝန်ဆောင်မိခင်လောင်းများ - (Botulinumtoxin) ပျားရည်ထဲရှိ ဘက်တီးရီးယားပိုး မှ စွန့်ထုတ်ပစ္စည်းများ အဆိပ်တစ်မျိုးကြောင့်ကိုယ်ဝန်ဆောင်သူများ ပျားရည်သောက်ရန် သင့်မသင့် ဝေခွဲမရ ဖြစ်နေတတ်ပါတယ်။
အရွယ်ရောက်ပြီးသူ တစ်ယောက်က ပျားရည်သောက်ပြီးနောက် ခန္ဓာကိုယ်ထဲက ဇီဝကမ္မဖြစ်စဉ်က ပျားရည်ထဲမှာ ပါရှိတဲ့Botulinumtoxin က အဆိပ်ကို အလို
အလျောက် သုတ်သင်ဖယ်ရှားပေးလေ့ ရှိပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်များ ပျားရည်သောက်လို့ ရပါတယ်၊ သန္ဓေသားကိုလည်း ဘေးဥပါဒ် မဖြစ်စေနိုင်ပါဘူး။
သို့သော် မိခင်လောင်း အများစုက ကိုယ်ဝန်ဆောင်နေစဉ်မှာ သွေးထဲရှိ သကြားဓာတ်
ပမာဏ မြင့်တက်လေ့ရှိပါတယ် ပျားရည်ထဲမှာလည်း fructose သကြားပမာဏ မြင့်
မားစွာ ပါရှိနေတာကြောင့် ကိုယ်ဝန်ဆောင်သူများ ပျားရည်မစားခြင်းက ဘေးကင်းဆုံး
ဖြစ်ပါသည်။
● ဆီးချိုသွေးချိုရောဂါရှိသူများ - ပျားရည်ထဲမှာ Fructose နင့်Glucose ဓာတ်များ
ပြည့်ဝ တူညီစွာ ပါရှိနေပါတယ်၊ ဆီးချိုသွေးချို ရောဂါသည်များ သွေးထဲမှာGlucose
ပြဿနာရှိသူများဟာ ပျားရည်စားသုံးခြင်း အထူးရှောင်ရပါမယ်။
● ကိုယ်အလေးချိန်လျော့ချလိုသူများ - ပျားရည်နဲ့ သကြားညို ( သဘာဝသကြား)တို့
ကို နိူင်းယှဉ် ကြည့်ပါက လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ ပမာဏစီရှိကြသော ပျားရည်
တွင် ကယ်လိုရီ ၂၂ ပါရှိပြီး သကြားတွင် ကယ်လိုရီ ၁၆ ပါရှိပါတယ်။
ဒါကြောင့် ပျားရည်က ကယ်လိုရီ တက်စေတာကြောင့် ကိုယ်အလေးချိန် လျေ့ချလိုသူ
များ အနေနှင့် ပျားရည်မသောက်သင့်ပါ။
၈ ) - ပျားရည် သံပုရာရည်ကိုသောက်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ
● ရေနွေးဖြူတစ်ခွက်ထဲကို ပျားရည်နဲ့သံပုရာရည် တို့အား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကျစီ နံနက်အိပ်ရာထ ဗိုက်ထဲမှာ ဘာအစာမှ မရှိခင် သောက်ပေးရမှာ ဖြစ်ပါတယ်။
၄င်းပျားရည်ကို သောက်ပေးခြင်းဖြင့် တစ်နေ့တာလုံး အစာကျေညက်စေခြင်း အူသိမ်
အူမထဲမှာ အချွဲ အရိ အရွဲများ ကျစေခြင်း . အူမကြီးကို သန့်စင် သက်သာစေခြင်း .
ကိုယ်အလေးချိန်ကို ကျစေခြင်း . စိတ်ဖိစီးမူများပြေပျောက်စေခြင်း . ကိုယ်ခံစွမ်းအား
ကို တိုးတက်မြင့်မားလာခြင်း . ဆီးပုပ်များ သက်ဆင်း၍ ဆီးလမ်းကြောင်းကို သန့်စေ
ခြင်း . ခံတွင်းရနံ့သင်းပျံခြင်း ခန္ဓာကိုယ် အနံ့ဆိုးထွက်ခြင်းမှ ကာကွယ်ပေးခြင်း အသားအရေ ကြည်လင် ဝင်းပခြင်း စသည့် ကောင်ကျိုးများ ရရှိနိုင်ပါမည်။
# ကြေးမုံသတင်းဆောင်းပါး
ပျားရည်စစ် , မစစ် ခွဲခြားနည်း ..
၁ - သတင်းစာ စက္ကူပေါ်သို့ ပျားရည်စက်ကို ချကြည့်ပါ သတင်းစာစက္ကူက ပျားရည်ကို
စုပ်ယူခဲ့လျှင် ပျားရည်မစစ်ပါ.
၂ - ပျားရည်နဲ့ ထုံးရောပြီး လက်ဖဝါးနဲ့ ပွတ်ကြည့်ပါက ပျားရည်စစ်က ပူလာပါမည်။
၃ - နေရောင်ထဲ ပျားရည်ပုလင်းကိုထုတ်ပြလျှင် ရေဆူသလို အမြုပ်လေးများတက်ပါက
ပျားရည်စစ်သည်။
၄ - ရေထဲကို ပျားရည်စက်ချကြည့်ပြီးက ရေတွင် ရောနှောပျော်ဝင်ခြင်းမရှိ ။
ပျားရည်အစစ်ကို ရရှိပြီးဆိုလျင် သံမံတလင်းတွင် ပုလင်းကို မထားရ ဖန် ပုလင်းကွဲ ၏
ရေခဲသေတ္တာထဲတွင် မထည့်ရ ပျားရည်အာနိသင်လျော့တတ်သည်။
မျက်နှာအမာရွတ် များကို ပျားရည်လိမ်းပေးပါ။
# နီနီလေး
1- ပျားရည်စစ်မစစ် ကို ပျားရည်ပုလင်းထဲ မန်ကျည်သီးစေ့ ထည့်ကြည့်ပါက မြုပ်သွား
လျှင် ပျားရည်မစစ်ပါ။
2- လက်ဖက်ခြောက်ခပ်ထားသည့် ရေနွေးတွင် ပျားရည်ထည့်ကြည့်ပါက အရောင်မဲသွားပါက မစစ်ပါ။
3- ပျားရည်ကို ဝါဂွမ်းစတွင် ဆွတ်၍ မီးရိူ့ကြည့်ပါက မီးလောင်လျှင် ပျားရည်စစ်သည်။
Crd...

Thursday, July 9, 2020
အိမ်တွင် ပင်စိမ်းပင် စိုက်ထားသင့်သော အကြောင်းအရင်း

၁ ။ ပင်စိမ်း အရွက်ကို နေတိုင်း စားပေးခြင်း အားဖြင့် အူလမ်းကြောင်း ဝမ်းဗိုက်နှင့် ပါးစပ်တွင်ဖြစ် တက်သောရောဂါများ ကင်းဝေးပီး အစာခြေ စနစ်ကို ကောင်းမွန်စေပါသည် ။
၂ ။ ပင်စိမ်း အရွက်ကို ရေထဲတွင် စိမ်ပြီး နေတိုင်း သောက်လာပါက ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်ပေးသည်။
၃ ။ ပင်စိမ်း အရွက်ကို ပထမရက် ရေချိုးမည့်ရေတွင် စိမ်ထားပြီး နောက်နေ့ ရေချိုးပါက ချွေးအနံ့ မထွက်အောင် ကာကွယ်ပေးသည်။
၄ ။ ပင်းစိမ်း အရွက်ကို သံပုရာရည် ရော၍ ကျိတ်ပြီး အရေပြားပေါ်တွင် လိမ်းပေးပါက အရေပြား ရောဂါများဖြစ်သော ဝဲ နှင်းခူ နှင့် ယားနားများ ပျောက်ကင်းသည် ။
၅ ။ ပင်စိမ်း စေ့ကို ကောင်းစွာ ကျိတ်ပြီး စားပေးလျှင် ဆီးနှင့် ပတ်သက်သော ရောဂါများ ပျောက်ကင်းသည်။
၆ ။ ပင်စိမ်း သတ္တုရည်ကို သံပုရာရည် ရောပြီ တစ်ပတ်တကြိမ် ခေါင်းလျှော်ပေးပါက သန်း ဗောက်ဖက်များ ကင်းဝေးမည်။
၇ ။ သန့်ရှင်းသော မြေအိုး ရေထဲတွင် ပင်စိမ်း အရွက်ထည့်၍ နေ့တိ်ုင်းသောက် လာပါက ရောဂါများ ကင်းဝေးမည်။
၈ ။ ပြက်ရာ ရှရာများကို ပင်စိမ်း အရွက်ထည့်ပေးလာပါက လျှင်မြန်စွာပျောက်ကင်းသည်။
၉ ။ အိမ်တွင် ပင်စိမ်းအရွက်များ ထားခြင်း(သို့) အိမ်ပတ်ပတ်လည်တွင် စ်ိုက်ထားလျှင် ခြင် ၊ယင် ၊ပိုးကောင် ၊ မြွေများ ကင်းဝေးမည် ထို့ကြောင့်အိမ်တွင် ပင်စိမ်း အပင်စိုက်ခိုင်းခြင်းဖြစ်သည်။
၁၀ ။ တစ်ရက်တွင် နာရီပေါင်း20 Oxygen ထုတ်လွတ်ပေးသောကြောင့် အိမ်တွင် စိုက်ရန် အကောင်းဆုံး အပင်တစ်ပင် ဖြစ်ပါသည် ။
Crd........

Wednesday, July 8, 2020
နကျယ်အိမ်နဲ့ ဒူးနာရောဂါဝေဒနာ
နကျယ်အိမ်နဲ့ ဒူးနာရောဂါဝေဒနာ
၁၅ နှစ်ကြာ ဒူးနာရောဂါ သက်သာလာပါပြီ။
၁။ ကျနော်ဒူးနာတာ အနည်းဆုံံး ၁၅နှစ်ရှိပါပြီ။
၂ ။အသက်ကြီးလာခြင်း၊ body weight များခြင်း၊ ဒူးရှိအရိုးဆက် joint မှာရှိ ကြားခံအရွတ် အဆက်ရွတ်စသည့် ကြားခံပစ္စည်း ပါးလာခြင်းအတွက် အရိုးကြီး၂ ခုမှအတက်များစသည် ပွတ်တိုက်ထိခိုက်လာခြင်း
၃။ မတ်တပ်ရပ်သည့်အခါ ဒူးနှစ်ခုဖြောင့်ဖြောင့်မရှိတော့ပဲ မညီညာ အလိုင်းမင်းအောက်နေခြင်း
၄။ မြန်မာ နိုင်ငံခြားလိမ်းဆေး စားဆေး အမျိုးမျိုး အကိုက်အခဲ အနာသက်သာသောဆေးမှသည် ပုဇွန်ခွံဖြင့် ပြုလုပ်ထားသည်ဆိုသော အရိုးနု cartilage ဖြည့်စွက်ဆေး စသည်ထိ
၅။ ဒူးခေါင်းအတွင်းထိုးသည့်ဆေး၃ ခါထိ ထိုးဖူးပါသည်။ ချောဆီထိုးထဲ့ခြင်းဖြစ်၍ ခဏတော့ သက်သာသည်။
ယခု အလွန်သက်သာလာသောနည်း
(က) နဂျီအိမ် အိမ်နံရံ တံတိုင်းနံရံ သစ်သား ဝါးစသည်တို့မှာ နဂျီကောင်လေးများ မြေသားနှင့်သူ.အရည်ဖြင့် အိမ်ငယ်လေး ဖွဲ့နေပါသည်။ နဂျီကောင် ထွက်သွားသောအခါ ကျန်ခဲ့သည့်မြေခဲ အိမ်ငယ်လေး။
(ခ) ဗန်ဒါရွက်
(ဂ) သံပုရာသီး
(၄) ဒူးစွပ်
နဂျီအိမ်ကို ထုချေ အမှူန့်ပြုပါ။ သံပုရာသီးစိပ်၍ အရည်ညှစ် ပြစ်ပြစ်လိမ်းကောင်းရုံ ဖျော်ပါ။ ဒူးနှစ်ဘက် လိမ်းပါ။ အပေါ်က ဗန်ဒါရွက်ကပ်ပြီး အုပ်ပါ။ ဒူးစွပ် စွပ်ပေးပါ။ ကျနော် တစ်နေ့နှစ်ကြိမ် သုံးကြိမ်လုပ်ပါသည်။ ဗန်ဒါရွက်မကပ် ဒူးမစွပ်သည့်အခါလည်း ရှိပါသည်။ ကျနော် ဂရုတစိုက်လုပ်တာ ၃ရက်တည်းသာရှိပါသေးသည်။ လက်ရှိအခြေအနေ ခြေထောက်တောင့်တောင့်ကြီး မဖြစ်တော့ပါ။ အိပ်ရာထ ယခင်က သွေးပူမှ ခြေထောက်လို့ရခဲ့သည်။
ယခုချက်ခြင်း ထောက်နိုင်ပါသည် ။လမ်းလျှောက်သည့်အခါ သိသိသာသာ သိသိသာသာကြီးကို သက်သာလာပါသည်။ ပျောက်သည်ဟုမပြောပါ။ တော်တော်ကောင်းလာပြီဟု ပြောနိင်ပါသည်။ ရောဂါက အလွန်ရင့်နေပြီကိုး။ ခုတော့ ပေ့ါပါးလာသည်။ သွက်လက်လာသည်ဟု ပြောပြလိုပါသည်။ ဘဝတူ ဒူးနာမိတ်ဆွေများခင်ဗျာ။ လေးစားစွာဖြင့်တင်ပြပါသည်။
Crd,.......

တန်ဖိုးရှိလို့ သိမ်းထားသင့်တယ်။ လိုက်နာမှတ်သား ရှေးရှေးတုန်းက အဆိုအမိန့်များ
တန်ဖိုးရှိလို့ သိမ်းထားသင့်တယ်။
လိုက်နာမှတ်သား ရှေးရှေးတုန်းက အဆိုအမိန့်များ။
---------------------------------------------------------
(၁) မဟောင်တတ်သော ခွေးသည် ကိုက်တတ်၏။ စကားမပြောဘဲ ဆိတ်ဆိတ်နေသူသည် မိုက်တတ်၏။
(၂) အကောင်းပြောလျင် ချက်ချင်း ဝမ်းမသာပါနှင့်၊ မကောင်းပြောလျင်လည်း ချက်ချင်း ဝမ်းမနည်းပါနှင့်။
(၃) ကန်ဖူးသော မြင်းသည် ကန်ချက်ကို မမေ့။ လူသည်လည်း အကျင့်ပျက်ကို မမေ့။
(၄) ထိုင်သည့်အခါ အောက်ကို ကြည့်ပါ။ ထသည့်အခါ အပေါ်ကို ကြည့်ပါ။
(၅) မပုပ်သော အသီးကို ပိုးမထိုး။ မရှိသောသူကို သူခိုးမခိုး။
(၆) လက်ခြေတို့သည် ဝမ်းဗိုက်၏ ကျေးကျွန်ဖြစ်သည်။ မည်သူကမျှ အလကားခေါ်မကျွေးနိုင်။
(၇) ခမောက်သည် လူ၏ ဦးခေါင်းနှင့် မကင်း၊ လူတိုင်းသည် အချစ်နှင့် မကင်း။
(၈) နှုတ်ခမ်းရွဲ့သူသည် ဆဲရေးတတ်၏၊ မာနကြီးသူသည် စကားကျဲ၏။
(၉) ဦးချိုမကောင်းသော နွားကို မမွေးပါနှင့်၊ အလုပ်မလုပ်ဘဲ လေလွင့်နေသူကို မကျွေးပါနှင့်။
(၁၀) အစားကြောင့် ချစ်ခင်တတ်၏၊ စကားကြောင့် မုန်းတတ်၏။
(၁၁) မြန်မြန်စားသော် နင်တတ်၏၊ မြန်မြန်ပြေးသော် ချော်လဲတတ်၏။
(၁၂) ချစ်လျှင် လက်ဆောင်အဖြစ် အလကားပေးရာ၏၊ အရောင်းအဝယ်ပြုလျင် အများတကာကဲ့သို့ ဈေးယူရာ၏။
(၁၃) နှုတ်ချိုသော် ပခုံး သက်သာ၏။ နှုတ်ချိုသော် ဗိုက်ပြည့်၏။
(၁၄) ရေကန်ကို ဆဲဆိုလျင် ငါးသတ္တဝါတို့ စိတ်နာတတ်၏၊ ခွေးကို ဆဲဆိုသော် အိမ်ရှင်သည် စိတ်နာတတ်၏။
(၁၅) အရိပ်ခိုသော် အကိုင်းကို မချိုးရာ၊ မိုးကြိုးမပစ်သော်လည်း မြွေကိုက်တတ်၏။
(၁၆) ကျီးကန်းအား သစ်စေးပုံးကို မစောင့်စေရာ၊ သူခိုးကို ဥစ္စာထုပ်အား မစောင့်စေရာ။
(၁၇) အတူတကွ ဝိုင်းဝန်းစားမှ အရသာမြိန်၏၊ အတူတကွ ဝိုင်းဝန်းမမှ အလေးချိန်ပေါ့၏။
(၁၈) နက်သောရေသည် အသံတိတ်ဆိတ်၏၊ ပညာရှိသည် တိတ်တိတ်နေတတ်၏။
(၁၉) တောချုံကိုလည်း မပျက်စေရာ၊ ယုန်ကိုလည်း မလွှတ်ထွက်စေရာ။
(၂၀) ကြာပန်းကိုလည်း မနွမ်းစေရာ၊ ရေကိုလည်း မနောက်စေရာ။
(၂၁) စားလို၍ မေးမြန်းတတ်သည်။ ခိုးလို၍ ထိတ်လန့်အောင် လုပ်တတ်သည်။
(၂၂) ပျော်ရွှင်ချင်သူ၏ မျက်နှာသည် စပ်ဖြဲဖြဲ၊ ရည်းစားစကား ပြောသူ၏ မျက်နှာသည် ပျော့ရဲရဲ။
(၂၃) အုပ်စုကွဲသောနွားသည် အမဲသားဖြစ်၏။ အမျိုးကွဲသော သားသမီးသည် တခြားသူဖြစ်သွား၏။
(၂၄) လူဖြစ်လာလျင် မအပါနှင့်၊ မိမိကျောကို လှန်၍ သူတစ်ပါးအား မပြပါနှင့်။
(၂၅) လက်ကျိုးလျင် အင်္ကျီထဲတွင်သာ ကျိုးပါစေ။
(၂၆) ပြောပြီးသော စကား၊ ဓားဖြင့်ခုတ်မိသွားသော အရာ၊ ကျိုးသွားသော ကျောက်ခဲတို့သည် မူလအတိုင်း ပြန်မဖြစ်တော့။
(၂၇) အပြောကြီးသောသူသည် ကျားအရှင်ကို ဖမ်းမိတတ်၏။
(၂၈) ကျီးကန်းကလည်း ဇီးကွက်ကို မစွပ်စွဲပါနှင့်၊ ဇီးကွက်လည်း ကျီးကန်းကို မစွပ်စွဲပါနှင့်။ အော်သံချင်း သိပ်မထူးပါဘူး။
(၂၉) လူသည် အသက်ရှူတာခြင်း ခြားနား၏။ တချို့က ငှက်ပျောသီးကို ဆားနှင့် တို့စားချင်ကြ၏။
(၃၀) မကတတ်လျင် အိုးစည်တီးသူကို မစွပ်စွဲပါနှင့်၊ မလုပ်တတ်လျင် သူများကို မစွပ်စွဲပါနှင့်။
(၃၁) သကာလိုချိုသော တရားကို လူကြိုက်ရှား၏။ ပဲပုပ်လို နံသော အစားအစာကို လူကြိုက်များ၏။
(၃၂) သူတစ်ပါးကို ခိုင်းလျင် စိတ်တိုင်းမကျ နိုင်၊ နာခေါင်းဖြင့် စားလျင် ဗိုက်မဝ။ (အနံ့ခံရရုံဖြင့် ဗိုက်မဝဟု ဆိုလို၏)
(၃၃) သူတစ်ပါးကို လက်ညှိုးထိုး၊ ကိုယ်ဘက် တစ်ချောင်းတိုး။ (လက်မနှင့် လက်ညှိုးသာ သူများဘက်ကို လှည့်၏၊ လက်ခလယ်၊ လက်သူကြွယ်နှင့် လက်သန်းသည် ကိုယ့်ဘက်ကို လှည့်နေ၏)
(၃၄) ထက်လှစွာသော ဓားသည် သူ၏ ဓားရိုးကို ပြန်ပြီး မခုတ်နိုင်။
(၃၅) အသွင်ပြောင်းသော သမန်းကျားသည် နွားကိုဖျောက်၏။ အသွင်ပြောင်းသော သူသည် အမျိုးပျောက်၏။
(၃၆) မကိုက်တတ်သော ခွေးသည် ဟောင်၏။ ငွေမချေးသင့်ဘဲ ချေးပေးလျင် ဒူးညောင်း၏။
(၃၇) ဆင်ပြောင်ကြီးသည် သစ်တုံးကြီးကို ချီနိုင်သကဲ့သို့ စာကလေးသည်လည်း မြက်ပင်ကို ချီနိုင်ပါသည်။
(၃၈) မတ်တပ်ရပ်လျင် အပေါ်ထုတ်တန်းကို ကြည့်ပါ၊ ထမင်းချက်လျင် ထမင်းကျန်ကို အရင်ကြည့်ပါ။
(၃၉) ငါးရံ့သည် ရေထဲတွင် တစ်သက်လုံး နေသော်လည်း မဖြူ။ ဗျိုင်းသည် ကုန်းပေါ်နေသော်လည်း မမဲ။
(၄၀) ခွေးက သန်းကို ကိုက်သော်လည်း သန်းမသေ၊ သန်းက ခွေးကို ကိုက်သောလည်း ခွေးမသေ။
(၄၁) ကံမကောင်းလျင် သစ်ပင်ကို အမှီပြုသော်လည်း သစ်ပင်သည် လဲကျ၏၊ တိုင်ကို အမီပြုသော်လည်း တိုင်သည် လဲကျရာ၏။
(၄၂) ဒုက္ခရောက်ချိန် ဝက်ဝံကိုရှောင်စဉ် ကျားနှင့် ဝင်တိုးတတ်၏။
(၄၃) ဝါးခမောက်လုပ်သူ ဖက်ခမောက်ကိုဆောင်း၊ အိုးစည်လုပ်သူ ဝါးခေါင်းကို တီး။
(၄၄) ကိုရင်ကလေးသည် ကြေးစည်ကြီးကို ရိုက်ခတ်၍ အမြဲတမ်း ငိုအောင်ပြု၏။ တစ်ခါတစ်ရံ ကြေးစည်ကြီးသည် ကိုရင်ကလေးကိုပြန်ရိုက်ခတ်သောအခါ ကိုရင်ကလေးသည် ကြေးစည်ထက် အကြာကြီး ငိုနေတတ်၏။

စကားပြော သောသက်မဲ့......
ငယ်ပါသေးတယ်ဆိုပြီး
ဘဝကို ဖြစ်သလို့ မနေပါနဲ့
ပိုက်ဆံရှာပါ
လောကမှာပိုက်ဆံရှိမှ
ပိုအဆင်ပြေနိုင်ပါတယ်။
မိသားစုထဲမှာကြည့်ပါ
ပိုက်ဆံရှာနိုင်တဲ့သူက
ပိုအရေးပါအရာရောက်ပါတယ်။
အပေါင်းအသင်းတွေကြားထဲကြည့်ပါ
ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။
လူမှုအဖွဲ့အစည်းတစ်ခုခုကိုကြည့်ပါ
ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။
ဒါဟာ လောကကြီးထဲမှာ
ရာခိုင်နှုန်းတော်တော်များများဖြစ်နေတာပါ။
ဘယ်နည်းနဲ့ကြည့်ကြည့်
သင် ပိုက်ဆံရှာရပါမယ်
ငွေစုရပါမယ်။
သင်ပိုက်ဆံရှိမှ
သင်ချစ်တဲ့သူတွေအတွက်
သင်လုပ်ချင်တဲ့အရာတွေအတွက်
သင်ပြောချင်တဲ့စကားတွေအတွက်
သင်လိုချင်တဲ့အရာတွေအတွက်
အားလုံးမဟုတ်ရင်တောင်
တော်တော်များများလုပ်လို့ရမှာပါ။
"#ခင်မင်မှုကပိုအရေးကြီးတယ်"
ဟုတ်ကဲ့
လူတော်တော်များများကတော့
ငွေရှိရင် ပိုခင်ကြပါတယ်။
"#ရိုးသားမှုကပိုအရေးကြီးတယ်"
ဟုတ်ကဲ့
လူအများစုကတော့ မရိုးသားရင်တောင်
ငွေရှိတဲ့လူဆို သိပ်မပြောရဲကြပါဘူး။
"#ပညာကပိုအရေးကြီးတယ်"
ဟုတ်ကဲ့
ငွေရှိမှပညာသင်လို့ရတဲ့ခေတ်မှာ
ပညာရွှေအိုးက ငွေရှိမှဝယ်လို့ရတာပါ။
"#ကိုယ်ကျင့်တရားကအရေးအကြီးဆုံး"
ဟုတ်ကဲ့
ကိုယ်ကျင့်တရားမကောင်းတဲ့သူတွေ
ငွေရှိလာရင် အမှန်တရားကရောက်လာဖို့
ခြေလှမ်းသိပ်နှေးလွန်းပါတယ်။
"#စိတ်ချမ်းသာဖို့အရေးကြီးတယ် "
ဟုတ်ကဲ့
ငွေရှိလည်းစိတ်ဆင်းရဲတဲ့သူတွေရှိပါတယ်
ဒါပေမယ့် ငတ်နေရင်းစိတ်ဆင်းရဲနေရတဲ့သူတွေထက်တော့
နည်းနည်း ပိုသက်သာတာပေါ့။
"#အချစ်ကအရေးကြီးတယ်"
ဟုတ်ကဲ့
ရယ်စရာအကောင်းဆုံးပြက်လုံးပါ
လူအားလုံးလိုလိုကတော့
ငွေမရှိရင် ရုပ်ဆိုးတယ်လို့မြင်တယ်
ငွေမရှိရင် နံတယ်လို့ထင်တယ်
ငွေမရှိရင် ပိုင်းလုံးလို့မြင်တယ်
ငွေမရှိရင် ရင်မခုန်ကြတော့ပါဘူး။
ဒါပါဘဲ
ဘယ်နည်းနဲ့တွေးတွေး
ဘယ်ဖက်ကတွေးတွေး
ငွေရှိမှ အရာအားလုံးလိုလို
အဆင်ပြေနိုင်ပါမယ်။
ထို့ကြောင့် ပိုက်ဆံရှာပါ။
Crd... ..

Monday, July 6, 2020
ကျွဲတစ်ကောင်တစ်ကောင်
ကျွဲတစ်ကောင်တစ်ကောင်
===================-=
ဟိုရှေးရှေးတုန်းက
တောကြီးတစ်နေရာမှာ ကျွဲကြီး တစ်ကောင်ရှိသည်။
ထိုကျွဲကြီးသည် သူရဲ့ဦးဂျိုကို
သူအလွန်တရာမှချစ်မြတ်နိုး၏။
ထို အခါ ကျီးကန်း ညီအစ်ကိုနှစ်ကောင်သည် ထိုကျွဲကြီး၏သူအလွန်တရာချစ်မြတ်နိုးသော
ဦးဂျိုကိုမြင်ပြီး ကျွဲကြီးကိုမေးလေသည်။
အို....မိတ်ဆွေကျွဲကြီး သင်၏ဦးဂျိုကို
အဘယ်ကြောင့် အလွန်တရာချစ်မြတ်နိုးရပါသနည်း..ဟုမေးလေရာ ကျွဲကြီးက ..ငါ၏တစ်ကိုယ်လုံးခန္ဓာကိုယ်ပေါ်မှာ အလှပဆုံးဆိုစရာ ဒီဦးဂျိုနှစ်ချောင်းပဲ ရှိတာမို့
ငါ၏ ဦးဂျိုကို အလွန်တရာပင်
ချစ်မြတ်နိုးရပါသည် တကား...ဟုတ်ဖြေဆိုလေသည်။
ထို အခါပင် ကျီးကန်းညီအစ်ကိုက
ကျွဲကြီးကို ထပ်မေးလေးသည်။
အို ...မိတ်ဆွေ ကျွဲကြီး သင်အလွန်တရာပင် ချစ်မြတ်နိုးကသော သင့်၏ဦးဂျိုကို.ဖြတ်ရဲ ပါသလော ဟုတ် ထပ်မေးလေ ရာ ကျွဲကြီးက ငါငယ်စဉ်ကတည်းက ဒီဦးဂျိုနဲ့နေလာခဲ့တာပါ အဆွေ....
ဒီဦးဂျိုကိုဖြတ်လိုက်ပါက ငါ တကယ့် ဒုက္ခနဲ့ကြုံရတဲ့အဖြစ်လိုမျိုး
ခံစားရမှာသေခြာပါတယ် အဆွေ ....ဟု
ကျွဲကြီးက ဖြေလေ သည်။
ထို အခါ ကျီးကန်း ညီအစ်ကို ဘက်က ကျွဲကြီးကို ထပ်ခါထပ်ခါ အခါတစ်ရာ မက ကျွဲကြီး၏ဦးဂျိုကို ဖြတ်လိုက် ဖို့ တိုက် တွန်းလေရာ...
ကျွဲုကြီးလည်း ထို ကျီးကန်းညီအစ်ကိုကို မနက်ဖြန် ဖြတ် ပေးမယ် လို့ကတိ ပေးလိုက်လေ သည်။
မနက်မိုးလင်းတော့ ကျီးကန်းညီအစ်ကို ကျွဲကြီးရှိတဲ့ တော ရပ်ကိုရောက်လာလေ သည်။
ထို အခါ ကျွဲကြီး ၏ အလွန်တရာပင် ချစ်မြတ်နိုးရသော ဦးဂျိုနှစ်ဖတ်.စလုံးမရှိတော့ တာကို တွေ့လိုက်သောအခါ ကျွဲကြီးကိုမေးလေ၏။
အို....အဆွေ ကျွဲကြီး
သင် အလွန်တရာပင် နာကျင်ရပါသကောဟုတ်
မေးလေ ရာ ကျွဲကြီးက ငါ ဒီလောက် အလွန်တရာ
နာကျင်လွန်တာ ဒီတစ်သက်မှာ ဒီတစ်ခါပဲ ခံစားဖူးရပါသည်
အဆွေ ကျီးကန်း....ဟုတ်ပြော လေ သည်။
ထို အခါ ကျီးကန်းကသိပ်မကြာခင် သင် အလွန်တရာနာကျင်တဲ့အနာတွေ ပျောက်သွားမှာပါ.....ဟုတ် ကျွဲကြီးကို ပြောပြီး ပျံသွားလေ၏။
၇ လကြာသော်.....ကျီးကန်းသည်ကျွဲကြီးရှိရာတောကြီးသို့ တဖန် လာတွေ့လေတော့သည်။
ထိုအခါ ကျွဲကြီးကို တွေပြီး မေးပြန်ပါသည်။ အို...အဆွေ ကျွဲကြီး သင်၏ အလွန်နာကြင်လွန်းလှတဲ့ ဒဏ်ရာတွေ သက်သာပြီလာ .....
ကျွဲကြီး သက်သာပါပြီ အဆွေကျီကန်း......
ထို အခါကျီးကန်းက ကျွဲကြီးကို ပြောလေသည်။
ဒီလိုပါပဲ အဆွေ ကျွဲကြီး
တစ်ခါတလေ ဘဝ မှာ အရမ်းအမြတ်တနိုးနဲ့
တန်ဖိုးထားတဲ့ အရာတွေဟာ
ကိုယ့်ကို အရမ်းနာကြင်လွန်းတဲ့ဒဏ်ရာတွေ
ပေးတတ်ကြပါတယ်။
တကယ်တမ်း သူတို့မရှိရင် တောင် ငါတို့ဘဝ သာသာယာယာ ပဲ အဆွေ .......
ဒီစာပိုဒ် ရဲ့အဓိပ္ပါယ်ကတော့
ကိုယ်အလွန်တရာ ချစ်မြတ်နိုးတဲ့ အရာကပဲ ကိုယ့်ကိုအလွန်တရာနာကြည်းလွန်းတဲ့ ဒဏ်ရာတွေ
ပေးတတ်ကြတယ်လို့ အဓိပ္ပါယ်ရပါတယ် ခင်ဗျား။
အမှန်တကယ်ကျတော့ သူတို့မရှိရင်
သူတို့ကိုမေ့ဖျောက်လိုက်ရင်တောင်
ကိုယ့်ဘဝ သာသာယာယာပါပဲ။
Crd.........

ဂျူးတွေ စာအရမ်းတတ်တယ် ..၊ မြန်မာတွေ ဘွဲ့ အရမ်းမက်တယ်.
ဂျူး
:::::::::::::::::::::::::::::::::::::::::::::::::::::::::.
ဂျူးတွေ စာအရမ်းတတ်တယ် ..၊
မြန်မာတွေ ဘွဲ့ အရမ်းမက်တယ်...၊
ဂျူးမိသားစုတွေမှာ မိဘတွေကသားသမီးတွေကို
စာဖတ်ကျင့်ရအောင် ငယ်စဉ်အရွယ်ကလေးဘဝကတည်းက ကိုယ်ပိုင်စာကြည့်ခန်းလေး ဖန်တီးပေးတယ်...။
မြန်မာမိသားစုတွေမှာ မိဘတွေကိုယ်တိုင်က စာမဖတ်ဘူး....။
ဂျူးတွေက သူတို့ငွေကို ရင်းနှီးမြှုပ်နှံခြင်းဖြင့်တိုးပွားစေတယ်၊
မြန်မာတွေက ငွေကိုစုခြင်းအားဖြင့် ကိုယ့်အတွက်
ကျန်တယ်လို့ ယုံကြည်ကျတယ်..။
ဂျူး ဖေဖေတွေက တစ်ပါတ်တစ်ခါ မိသားစုအစည်းအဝေး
လုပ်တယ်.. သားသမီးတွေ မိဘအပေါ် အမြင်မရှင်းတာတွေ
ဆွေးနွေးချင်တာတွေ၊ တောင်းဆိုချင်တာတွေအတွက်
ရည်ရွယ်တယ်..။
မြန်မာ ဖေဖေတွေက အိမ်ဦးနတ်ဖြစ်တယ်. ၊
မိသားစုအာဏာဆိုတာ သူ့ဆီက မြစ်ဖျား ခံတယ်..၊
သားသမီးတွေရဲ့ ရှင်းပြချက်ကို နားမထောင်တက်ဘူး..
'နင်ကအဖေလားငါကအဖေလား' ဆိုသူတွေများတယ်။
ပြန်မပြောနဲ့ငရဲကြီးတက်တယ်လို့ ပြောပြီး ကလေးတွေရဲ့
ကျိူးကြောင်းဆင်ခြင်ဉာဏ်ကိုပိတ်ပစ်တယ်...၊
သားသမီးတွေကိုအရာမသွင်းဘူး..။
ဘယ်အရွယ်ရောက်ရောက် ကလေးတစ်ယောက်လို
ဆက်ဆံတယ်...မိသားစုကိစ္စကို ပေးမသိ၊
အကြံမယူတာများတယ်။ ြ
ကီးခါမှ သားသမီးကို တာဝန်တွေ အလုံးလိုက်ပုံချတက်တယ်။ ကလေးဘက်က တွေးပေးတာရှားတယ်...။
ဂျူး မေမေတွေ က သားသမီးကို အလိုမလိုက်ဘူး..၊
ကိုယ့်တာဝန်ကိ်ုယ်ယူတက်အောင် မွေးကတည်းက
ပုံသွင်းတယ်..ထမင်းစားရင် ကိုယ့်ပန်းကန်ကိုယ်ဆေး...၊
ကိုယ့်အဝတ်ကိုယ်လျှော်...၊
ကိုယ့်ကိုယ်ကို ရပ်တည်နိုင်အောင် ပျိူးထောင်ပေးတယ်..၊
.ချစ်တာနဲ့နှစ်တာကို သူတို့ ကွဲကွဲပြားပြားသိတယ်...။
မြန်မာ မေမေတွေက သားသမီးဝေယျာဝစ္စ
၊အကုန်လုပ်ပေးတယ်.၊..ဒါဟာ ချစ်လို့ပါတဲ့...!
ဂျူး လူငယ်တွေ အသက်၁၈နှစ်ဆို ကိုယ့်ပိုက်ဆံကိုယ်ရှာနိုင်ပြီး၊ ကမ္ဘာ တစ်ပါတ် အလည်ထွက်နိုင်လောက်တဲ့အထိ
ရင့်ကျက်နေပြီ...၊
မြန်မာ လူငယ်တွေက ကြီးကောင်ကြီးမား
ကလေးလိုချွဲရတာကို ချစ်စရာကောင်းတယ်လို့ထင်တုန်း....!
ဂျူးတွေက စာမေးပွဲအတွက် စာမသင်ဘူး.. ၊
တကယ်တက်ဖို့ စာသင်တယ်...။
မြန်မာတွေက စာမေးပွဲမှာ အမှတ်ကောင်းဖို့နဲ့
အဆင့်ကောင်းကောင်းရဖို့သာ ပဓာနထားပြီး
ပညာရပ်ကို တကယ်တက်မတက် ဆိုတာကိုတော့
သာမညထားတယ်...။
ဂျူးတွေက အမြဲတမ်းသင်ယူလေ့လာနေပြီး
'ငါမသိသေးဘူး' လို့ အမြဲခံယူတယ်..၊
မြန်မာ တွေက အမြဲတမ်းဘွဲ့လွန်တွေ
နာမည်ကြီးကျောင်းတွေတက်ဖို့ ရုန်းကန်နေပြီး
အဲ့ပညာတက်သွားခဲ့ရင် EQတွေ Zero ဖြစ်သွားတယ်...။
ဂျူးက ဂျူးလူမျိုး ဖြစ်ပြီး၊
မြန်မာက မြန်မာလူမျိုးဖြစ်တယ်၊
ဂျူးက မြန်မာမဟုတ်သလို မြန်မာ က ဂျူးမဟုတ်ဘူး...။
ယေရှုခရစ်တော်(Jesus Christ) က ဂျူးလူမျိုးဖြစ်တယ်၊
မြန်မာလူမျိုးတွေက ဗုဒ္ဓရဲ့ဆွေမျိုးတော် သာကီဝင်
အနွယ်ဖွားတွေဖြစ်တယ်..။
တမန်တော် မောရှေ(Moses)ဟာ ဂျူးလူမျိူး ဖြစ်တယ်.၊
ရှင်အရဟံဟာ မြန်မာမျိုးနွယ်ဝင် တိုင်းရင်းသားမွန်ခမာလ
ူမျိုး ဖြစ်တယ်၊
ဂျာမန်ပြည်ဖွား Karl Marx(1818-1883) ဆိုသူဟာ
ဂျူးလူမျိူး ဖြစ်ပြီး ကွန်မြူနစ်ဝါဒရဲ့ ဖခင်ကြီး မက်စ်ဝါဒကို
ထူထောင်ခဲ့သူဖြစ်ပါတယ်...။
ကနောင်မင်းသားကြီးဟာ မင်းတုံးမင်းရဲ့ ညီတော်ဖြစ်ပြီး
အရှေ့တောင်အာရှမှာ ပထမဦးဆုံး ရေမြုပ်ဗုံးနဲ့ သိပ္ပံပညာရပ်ကို တီထွင်လေ့လာလိုက်စားတဲ့ တိဘက်တိုဘားမား
(သာကီဝင်) မြန်မာနွယ်ဝင် ဗမာလူမျိုး တိုင်းရင်းသား
ဖြစ်ပါတယ်...။
အိုင်း စ တိုင်း (Albert Einstein ဟာ ဂျူးလူမျိူး
ရူပေဗေဒ ပညာရှင်ကြီးဖြစ်ပြီး Relativity theory
ပြောတာနဲ့ လူတွေ သူ့ကိုတန်းသိပါတယ်..။
Facebook တည်တောင်ထူ မက်ဇူကာဘက်ဟာ
ဂျူးလူငယ်တစ်ယောက်ပါ...။
ဂျူးလူမျိူးတွေ ကမ္ဘာမှာ
ပြိုင်စံရှားတာ
တစ်ချက်က အလှူအတန်းရက်ရောတာပဲ .။
ဂျူးလူမျိုး တို့ကလည်း သမိုင်းအစဉ်အလာကြီးပြီး
မြင့်မြတ်ကြတယ်။
ဂျူးလူမျိုးတွေက တောက်ပြောင်ခဲ့တဲ့အတိတ်က
အောင်မြင်မှုကို ပစ္စုပ္ပန် ထိသယ်ဆောင်လာနိုင်ပြီး
အောင်မြင်နေတဲ့ လူမျိုးစုတွေဖြစ်တယ်..။
မြန်မာ လူမျိုးတွေက သမိုင်းကို စမြုံပြန်နေပြီး
လက်ရှိမှာ မှေးမှိန်နေလာကြတယ်...။
ဂျူးက သူ့လူမျိုး အရမ်းကြည့်တယ်။
မြန်မာက ကိုယ့်လူမျိုးအတင်း၊
အချင်းချင်းကော တစ်ပါးသားနဲ့ကောဖောက်သည်ချတယ်...။
နှစ်ယောက်ရှိရင် သုံးဖွဲ့ကွဲတယ်...။
ဂျူး တွေ ဟာ Morality ကို ရှေးကလူတွေလိုပဲ
ကောင်းအောင် ထ်ိန်းသိမ်းကျင့်ကြံ နိုင်တယ်..။
မြန်မာတွေက ပညာတက်လာတာနဲ့အမျှ Moralityမရှိ EQတွေ ကျလာတယ်..။
ဂျူးလူမျိူး အများစု စုစည်းနေထိုင်တဲ့ အစ္စရေးနိုင်ငံဟာ
အင်အားကြီး နိုင်ငံတွေရဲ့ ဝန်းရံထားခြင်းခံထားရပေမဲ့
လွှမ်းမိုးမှုလုံးဝမခံ ၊ သီးခြားရပ်တည် နိုင်တဲ့
အစွမ်းထက်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။
မြန်မာဟာလည်း ထိုနည်းတူရင်ဆိုင်နေရပေမဲ့
ပတ်ဝန်းကျင်လွှမ်းမိုးမူ အင်မတန်ခံနေရပြီး
သီးခြားမရပ်တည်နိုင်သေးပါဘူး။
ဒါဆို မြန်မာ နဲ့ ဂျူး ဘာကွာလဲ....?
ဂျူးတွေလည်းအရမ်းတော်သလို၊
မြန်မာတွေလည်း မခေပါဘူး...။
ဒါပေမဲ့...ဂျူးတွေဟာ သူတို့ပညာတက်လာတာနဲ့အမျှ
သူတို့အသိုင်းအဝိုင်းကို ပညာပိုတက်အောင်လုပ်ပေးတယ်...။
ပတ်ဝန်းကျင်တိုးတက်ရင် သူတို့တိုးတက်မယ်ဆိုတာ
ယုံကြည်တယ်..။
ဂျူးတွေရဲ့ပညာရေးက တကယ်တက်ဖို့အဓိကထားတယ်..။
ဂျူးတွေက လူမျိုးလိုက်ကိုစာဖတ်တယ်..။
ဂျူးတွေက အင်မတန်သည်းခံတယ်...။
ဂျူးတွေက အရမ်းညီညွတ်တယ်...။
ကဲ ခင်များတို့.ကျုပ်တို့မြန်မာတွေကကော?
စာရေးသူအမှာစာ...
မြန်မာလူငယ်တွေ ပညာရေးဆိုတာကြီးကို
ပါဝါ ပြဖို့မဟုတ်ပဲ အသုံးချ အကျိူးပြူ ဖို့သာ
သင်ကြဖို့ တိုက်တွန်းပါကြောင်း..
Crd...... .

Sunday, July 5, 2020
ဘယ်ဘက်စောင်းပြီးအိပ်ကြမယ်
ဘယ်ဘက်စောင်းပြီးအိပ်ကြမယ်
#######################
သင်ညအိပ်ရင်ခန္ဓာကိုယ် ဘယ်ဘက်စောင်းပြီး အိပ်ခြင်း၏ ကျန်းမာရေးကောင်းကျိုးများ
သင်ညအိပ်ရင် ဘယ်ဘက်ကို စောင်းအိပ်တတ်တဲ့ သူတစ်ယောက် ဆိုရင်တော့ ထီပေါက်တာထက် ပိုပြီးတန်ဖိုးရှိသွားပါပြီဘာကြောင့် ဒီလိုမေးရသလဲဆိုတော့ သင်ရဲ့အိပ်စက်ပုံဟာ သင်ရဲ့စိတ်နဲ့ကိုယ် ကျန်းမာရေးအတွက် အရမ်းကိုအရေးတကြီး ပတ်သက်နေလို့ပါပဲ။
အကယ်၍ သင့်အနေနဲ့ ဘယ်ဘက်ကိုစောင်းအိပ်လေ့မရှိရင်တော့ အခုဖော်ပြသွားမယ့် အကြောင်းအရာတွေကို အဆုံးထိဖတ်ကြည့်ရင်း ဘယ်ဘက်ကိုစောင်းအိပ်ဖို့ သင်ကြိုးစားလာပါလိမ့်မယ်။
ခန္ဓာကိုယ်ကို ဘယ်ဘက်သို့စောင်းအိပ်ခြင်းက ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆိပ်အတောက်တွေနဲ့ မလိုလားအပ်တဲ့ အခြားသောအရာဝထ္တုတွေကို ခန္ဓာကိုယ်ကနေ ဖယ်ရှားသွားအောင် ကူညီပေးနိုင်လို့ပါပဲ။
ဒီလို ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေသာမက ဦးနှောက်ထဲက ဓာတုအညစ်အကြေးတွေကိုလည်း ဘယ်ဘက်စောင်းအိပ်ခြင်းဖြင့် ဖယ်ရှားပေးနိုင်ပါတယ်။သင့်ဆီမှာ နှလုံးပြဿနာရှိနေမယ်ဆိုရင် ဘယ်ဘက်ကိုစောင်းအိပ်ခြင်းက သင့်ကိုကူညီပေးနိုင်ပါတယ်။
ဘာကြောင့်လည်းဆိုတော့ ဘယ်ဘက်ကိုစောင်းအိပ်ခြင်းက နှလုံးသွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေနိုင်တာကြောင့် ဖြစ်ပါတယ်။ရင်ပူခြင်းဝေဒနာ ခံစားနေရသူတွေအနေနဲ့လည်း ဘယ်ဘက်ကိုစောင်းအိပ်ဖို့ လိုအပ်ပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ ညာဘက်ကိုစောင်းအိပ်ခြင်းက ဒီဝေဒနာကို ပိုမိုဆိုးရွားစေနိုင်ပြီး ဘယ်ဘက်ကို ဆယ်မိနစ်ခန့်လောက် စောင်းအိပ်လိုက်ရုံနဲ့တင် ရင်ပူခြင်းမှသက်သာသွားစေနိုင်ပါတယ်။ဒါ့အပြင် ဘယ်ဘက်ကိုစောင်းအိပ်ခြင်းက အစာခြေစနစ်ကိုပါ ကောင်းမွန်စေနိုင်ပါတယ်။ဒီလို ကောင်းကျိုးတွေ များစွာရရှိစေနိုင်တဲ့ ဘယ်ဘက်ကိုစောင်းအိပ်ခြင်းကို ညတိုင်းပြုလုပ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။
ခန္ဓာကိုယ် ဘယ်ဘက်စောင်းပြီး အိပ်ခြင်း၏ကျန်းမာရေးကောင်းကျိုးများ
လူတွေအတွက် အိပ်စက်တာက အရေးပါတဲ့ အားသွင်းမှုဖြစ်တယ်။ သင်အိပ်တဲ့ အနေအထားက သင့်အထွေထွေကျန်းမာရေးကို သက်ရောက်မှုရှိတယ် ဆိုတာ သင်သိပါသလား။
လတ်တလောလေ့လာမှုအရ ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်းအိပ်တာကြောင့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းအများစုရဲ့ ကျန်းမာရေးကို ကောင်းမွန်စေတယ်လို့ သိရပါတယ်။
–ပြန်ရည်ကြောစနစ် လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်
ပြန်ရည်ကြောစနစ်ဟာ ကိုယ်တွင်းစနစ်ကနေ စွန့်ပစ်ပစ္စည်းတွေနဲ့ အဆိပ်အတောက်တွေ စွန့်ထုတ်တဲ့ နည်းနဲ့ ခန္ဓာကိုယ်မှာ အရေးပါတဲ့လုပ်ငန်းဆောင်တာကိုလုပ်ပါတယ်။ ပြန်ရည်ကြောစနစ်ထဲကအကြီးဆုံး သွေးကြောက ခန္ဓာကိုယ်ဘယ်ဘက်အခြမ်းမှာရှိတယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။
ဒါကြောင့် ခန္ဓာ ကိုယ်ကို ဘယ်ဘက်စောင်းအိပ်တာက ခန္ဓာကိုယ်ကနေ စွန့်ပစ်ပစ္စည်းတွေကိုပိုပြီး ထိထိရောက်ရောက် စွန့် ထုတ်နိုင်ပါတယ်။
ပြန်ရည်ကြောစနစ်က အဆီ၊ ပရိုတင်းဓာတ်နဲ့ တစ်သျှူးထဲက တခြားအရေးကြီးတဲ့ အရာတွေ သယ်ယူပို့ဆောင်ရာမှာအရေးပါပြီး ဆဲလ်တွေထဲကို အာဟာရဓာတ်တွေ မြန်မြန်ရောက်ရှိစေပါတယ်။
–သရက်ရွက်ကို ကောင်းကောင်းလုပ်ဆောင်စေနိုင်ပါတယ်
သရက်ရွက်ဟာ ပြန်ရည်ကြောစနစ်ထဲကအကြီးဆုံးအင်္ဂါအစိတ်အပိုင်းဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ဘယ်ဘက် အခြမ်းမှာရှိပါတယ်။ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်း အိပ်တဲ့အခါ သရက်ရွက်က ပိုပြီးထိထိရောက်ရောက် အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ သရက်ရွက်ထဲသွေးစီး ဆင်းမှုအားကောင်းစေပြီး စွန့်ပစ်ပစ္စည်းတွေကို ပိုပြီး မြန်မြန် စွန့်ထုတ်ပေးနိုင်ပါတယ်။
–စွန့်ပစ်ပစ္စည်းတွေကို ကောင်းကောင်း စွန့်ထုတ်နိုင်ပါတယ်
ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်အခြမ်းမှာ အူသိမ်နဲ့အူမကြီးကြားဆက်တဲ့နေရာ
(Ileocecal valve)ရှိပါတယ်။ ဘယ်ဘက်စောင်းအိပ်တဲ့အခါ ကမ္ဘာမြေဆွဲအားကြောင့် အူသိမ်ကနေ အူမကြီးဆီကို စွန့်ပစ်ပစ္စည်းတွေ အလွယ် တကူထွက်ရှိသွားပါတော့တယ်။ အဲဒီအခါ အူမကြီးကနေ စွန့်ပစ်ပစ္စည်းတွေကို မြန်မြန်စွန့်ထုတ်နိုင်စေပါတယ်။
–ညဘက်ရင်ပူဝေဒနာ လျော့ပါးစေပါတယ်
မကြာခဏ ရင်ပူဝေဒနာ ခံစားနေရရင် ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်းအိပ်ပေးပါ။ အဲဒီအခြေအနေမှာ သင့်အစာအိမ်ကနေ အစာရေမျိုပြွန်ဆီ အစာတွေဆန် တက်မှုမဖြစ်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။
–အသည်း ဝန်ပိမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်
အသည်းက ခန္ဓာကိုယ်ရဲ့ ညာဘက်အခြမ်းမှာရှိတာကြောင့် ညာဘက်စောင်းအိပ်ရင် အသည်းပေါ် ဝန်ပိစေပါတယ်။ ဘယ်ဘက်စောင်းအိပ်ရင် အသည်း ဆီကို အဆိပ်အတောက်နဲ့ တခြားအန္တရာယ်ရှိတဲ့ ဓာတ် တွေမရောက်ရှိစေပါဘူး။
–နှလုံးကို ကျန်းမာစေပါတယ်
နှလုံးရဲ့ ဘယ်ဘက်အခြမ်းဟာ အဆုတ်ကနေ သွေးတွေ လက်ခံပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်းအိပ်တာက နှလုံးကို ပိုပြီး အလွယ်တကူ လုပ်ဖြစ်စေပါတယ်။
ဘယ်ဘက်စောင်းအိပ်ရင် အသက်ရှူလမ်းကြောင်းစနစ်ကို ကောင်းမွန်စေပြီး နှလုံးကျန်းမာ
Credit ........

Saturday, July 4, 2020
လူ့သက်တမ်း
လူ့သက်တမ်း
##########
#လူသားတိုင်းဖတ်သင့်သည်မဖတ်အားသေးရင်Shareထားကြပါ
အခုလို ဒုစရိုက်တွေလုပ်တာနှင့် လူ့ရဲ့သက်တမ်းဟာ
ဘာကြောင့်လျော့ကျရသလဲ?
ကြောင်းကျိုးဆီလျော်မှု
ရှိရဲ့လားလို့ စဉ်းစားကောင်း စဉ်းစားမိကြပါလိမ့်မယ်။
လူနဲ့ ပြင်ပကမ္ဘာဆိုတာ အမြဲတမ်းဆက်စပ်ပြီးတော့
နေတာပါ။
လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ
ကျဆင်းသွားတာနဲ့
တစ်ပြိုင်နက် ဘာတွေကို သွားထိခိုက်သလဲ
ဆိုလို့ရှိရင် ရာသီဥတုကို သွားထိခိုက်တယ်။
လူတွေရဲ့ စိတ်ဓာတ်ပေါ်မူတည်ပြီးတော့ ရာသီဥတုတွေ
ဖောက်ပြန်လာတယ်။
လူတွေ စိတ်ဖောက်ပြန်တာကို
အကြောင်းပြုပြီး
ရာသီဥတုတွေ ဖောက်ပြန်လာတယ်။
ထိုအခါ ရာသီဥတုတွေ
ပေါ်မှာမှီပြီး စိုက်ပျိုးရတဲ့သီးနှံတွေ၊ သီးပင်စားပင်တွေမှာ
အဆီသြဇာတွေ ယုတ်လျော့သွားတယ်။ မကောင်းတဲ့
ရာသီဥတုကိုမှီပြီး ပေါက်လာရတဲ့ သီးနှံတွေမှာ
အဆီသြဇာတွေ ယုတ်လျော့သွားသည့် အတွက်ကြောင့်
ထိုအဆီသြဇာ ယုတ်လျော့သွားတဲ့ အာဟာရတွေကို
စားသုံးရတဲ့ လူတွေရဲ့ သက်တမ်းဟာ ကျပြီးတော့
သွားတာပါ။
ဒါကြောင်မို့လို့ လူ့လောကမှာ ကံတရားသာ အဓိက
မဟုတ်ပါဘူး။
လူတွေ လူ့ဘဝရောက်ရှိလာတဲ့အခါမှာ
အသက်ရှည်မှု၊
အသက်တိုမှု ဆိုတဲ့ အရာကို
“ဥတုနဲ့အဟာရ” က အဆုံးအဖြတ်ပေးပါတယ်။
“ဥတုနာ ဘောဇနေန အာယု ဟာယတိပိ ဝဎုတိပိ”
ဥတုနှင့်အာဟာရသည် လူတွေရဲ့ သက်တမ်းကို
ယုတ်လျော့စေတယ်၊
တိုးလဲတိုးစေတယ်။
အဲဒီဥတုကို ဘယ်သူကနေပြီး ထိန်းချုပ်နေသလဲ။
control လုပ်နေသလဲဆိုရင် လူတွေရဲ့ ကံကြမ္မာတွေက
ထိန်းချုပ်၊ control လုပ်နေတာပါ။
လူတွေရဲ့ သန္တာန်မှာ ကောင်းတဲ့စိတ်တွေ မွေးလို့ရှိရင်
ရာသီဥတုတွေဟာ ကောင်းမွန်လာတယ်။
လူတွေရဲ့ စိတ်ထဲမှာ မကောင်းတာတွေ မွေးလာလို့ရှိရင်
ရာသီဥတုတွေဟာ ဖောက်ပြန်လာတယ်။ သက်ရှိကမ္ဘာနှင့်
သက်မဲ့ပြင်ပကမ္ဘာတို့ဟာ အမြဲတမ်း တစ်ခုနှင့်တစ်ခု
ဆက်စပ်ပြီးတော့ နေတာပါ။
ဒါကြောင်မို့လို့ လူတွေ
အကျင့်စာရိတ္တပျက်တာကို အကြောင်းပြုပြီး ရာသီဥတုတွေ
ပျက်ပြားလာတယ်။
ရာသီဥတု ပျက်ပြားတာကို
အကြောင်းပြုပြီး ရာသီဥတုကိုမှီပြီး စိုက်ပျိုးကြရတဲ့
သီးနှံတွေမှာ အဆီသြဇာ ယုတ်လျော့တယ်။ ဒီလိုဖြစ်တာ။
ဒီအဆီသြဇာယုတ်လျော့တဲ့ သီးနှံတွေ စားရတဲ့အခါ
ထိုသီးနှံတွေရဲ့ စွမ်းအင်သတ္တိ အာဟာရဓာတ်တွေဟာ
လူ့ရဲ့ သက်တမ်းကို ရှည်အောင်မထိန်းနိုင်တော့ဘူးတဲ့။
ဒါကြောင်မို့လို့ လူတွေရဲ့ ကံကြမ္မာ အလျောက်
သက်တမ်းတွေဟာ တဖြည်းဖြည်းနှင့် အခုလို
ကျဆင်းသွားတာဖြစ်ပါတယ်။
အဲဒီမှာ လူတွေဟာ
ရှစ်သောင်းသက်တမ်းကနေ တဖြည်းဖြည်းပဲ
ဆုတ်ယုတ်လာလိုက်တာ နှစ်ပေါင်းတော်တော်ကြာ
လာတဲ့အခါ လူ့ရဲ့ သက်တမ်းဟာ တစ်ထောင်တမ်း
အထိအောင် ကျလာတယ်။
▬▬▬▬▬▬▬▬
“တစ်ထောင်တမ်း”
▬▬▬▬▬▬▬▬
.
အဲဒီ တစ်ထောင်တမ်း ရောက်တဲ့အခါ ဘာဖြစ်လဲဆိုတော့
လူတွေမှာ အယူအဆကွဲပြားမှုတွေ များလာတယ်။
မှားယွင်းတဲ့အယူအဆတွေ တွေးတောပြီး ယုံကြည်
လက်ခံလာကြတယ်။
အေး၊
လောကမှာ ကုသိုလ်ဆိုတာ
မရှိပါဘူး။
ကုသိုလ်လုပ်လို့ ကုသိုလ်ရဲ့အကျိုးတရား
ဆိုတာ မရှိပါဘူး။
အကုသိုလ်ဆိုတာလည်း မရှိပါဘူး။
အကုသိုလ်ရဲ့ အကျိုးတရားဆိုတာလည်း မရှိပါဘူး။
တမလွန်လောက နောက်ဘဝဆိုတာလည်း မရှိဘူး
ဆိုတဲ့ အမှန်တရားကို ငြင်းပယ်တဲ့ အယူဝါဒတွေ
“နတ္တိက” လို့ခေါ်တဲ့ ကံ, ကံရဲ့ အကျိုးတရားကို
ငြင်းပယ်တဲ့ ဝါဒတွေ လူ့လောကမှာ ထွန်းကားလာတယ်။
လူတွေကဒါကို philosophy လို့ခေါ်ပါတယ်။
မှန်ကန်တဲ့ အယူအဆတစ်ရပ်ကို ပြောင်းပြန်
မြင်လာတယ်။
စာလိုပြောရရင်တော့ “မိစ္ဆာဒိဋ္ဌိ”
မိစ္ဆာအယူဝါဒတွေ လူ့လောကကြီးကို လွှမ်းမိုးလာတယ်ပေါ့။
အဲဒီလို လွှမ်းမိုးလာတာကို အကြောင်းပြုပြီးတော့
ရာသီဥတုတွေ ပျက်ပြားဆုတ်ယုတ်လို့ တစ်ထောင်တမ်း
အသက်ရှည်တဲ့ လူသားတွေရဲ့ သားသမီးမျိုးဆက်တွေ
ကျတော့ တစ်ထောင်ကနေ လျော့ကျသွားတာ
ဘယ်အထိ ရောက်သွားတုန်းဆိုတော့ “ငါးရာတမ်း”
အထိအောင် ကျသွားတယ်။ လူ့ရဲ့ သက်တမ်းဟာ
အနှစ်ငါးရာတမ်း ရောက်သွားပြီ။
▬▬▬▬▬
“ငါးရာတမ်း”
▬▬▬▬▬
ကြည့်လေ၊
ရှစ်သောင်းတမ်း
ကနေပြီးတော့ စလာတဲ့
ဒုစရိုက်တွေဟာ အနှစ်တစ်ထောင်တမ်း ရောက်တဲ့အခါ
လူ့လောကမှာ ဒုစရိုက် (၁၀)ပါးစလုံး ပြည့်သွားတယ်။
ဒုစရိုက် (၁၀)ပါးစလုံး ကုန်သွားပြီး ဘေးထွက်ဆိုးကျိုး
side affect တွေ တစ်ခုပြီးတစ်ခု တက်လာတာ
ပြဿနာက ဖြေရှင်းလို့ မရဘူး။ နှစ်တစ်ထောင်ထိအောင်
သက်တမ်းတွေ လျော့ကျလာတယ်။
အဲဒီ အနှစ်တစ်ထောင်တမ်း ကနေတစ်ခါ အခု
ငါးရာတမ်း အထိအောင် လျော့ကျလာတယ်။
ရပ်သွားသလား၊ မရပ်ဘူး။
ဒုစရိုက်တွေဟာ
ဆက်လက်ထွန်းကား နေတဲ့အတွက်ကြောင့်
အနှစ်ငါးရာတမ်း ရောက်တဲ့အခါကျတော့ အင်မတန်မှ
ဆိုးဝါးတဲ့ အတွေးအခေါ်၊ အယူအဆတွေ၊
စိတ်နေစိတ်ထားတွေဟာ ပေါ်ပေါက်လာပြန်တယ်။
ဘာတွေလဲဆိုလို့ရှိရင် “အဓမ္မရာဂ” တဲ့။
“အဓမ္မရာဂ” ဆိုတာ တရားနည်းလမ်းနှင့် သဘာဝကို
ဆန့်ကျင်တဲ့ တဏှာရာဂစိတ်တွေ ပေါ်လာတာ။
ဘယ်လို သဘာဝကိုဆန့်ကျင်တဲ့ တဏှာရာဂတုန်း
ဆိုတော့ သားသမီးနှင့်မိဘ ဆိုပါတော့။
သားက အမေကိုပြန်ပြီးတော့ ကာမစိတ်တွေ
ဖြစ်လာတယ်။
အဖေက သမီးကို ကာမစိတ်တွေ
ဖြစ်လာတယ်။
ညီအစ်ကို မောင်နှမအချင်းချင်း
ကာမစိတ်တွေ ဖြစ်လာတယ်။
မဖြစ်သင့်၊မဖြစ်ထိုက်
တာတွေ ဖြစ်လာတယ်။ မိသားစုထဲမှာ သဘာဝကို
ဆန့်ကျင်လာတဲ့ တဏှာရာဂတွေပေါ်လာတယ်တဲ့။
အဲဒါကို “အဓမ္မရာဂ” လို့ခေါ်တယ်။
လိင် (sex) နှင့် ပတ်သက်တဲ့ တရားတွေဟာ
အင်မတန်မှ ဆိုးဝါးလာတယ်။
လူတွေရဲ့ သက်တမ်းငါးရာမှာ နောက်တစ်ခုက
“ဝိသမလောဘ”၊ ဝိသမလောဘ ဆိုတာ ရှိသင့်တာထက်
ပိုတဲ့ ကာမစိတ်တွေဟာ ပိုများလာတယ်လို့ ဆိုတယ်။
ဇနီးမောင်နှံ အချင်းချင်းတောင်မှပဲ ရှိသင့်တာထက်
ပိုလာတဲ့ တဏှာရာဂစိတ်တွေ များလာတာကို
“ဝိသမလောဘ” လို့ ဒီနေရာမှာဆိုတယ်။
နောက်တစ်ခုက “မိစ္ဆာဓမ္မ” တဲ့။ wrong practice ပေါ့။
အဲဒါက ဘာတုန်းလို့ဆိုတော့ ဒီကနေ့ခေတ်သိနေကြတဲ့
homosexuality ပေါ့။
လိင်တူချင်းဆက်ဆံတဲ့
ကာမစိတ်တွေ ထွန်းကားလာတယ်။
အဲဒီအချိန်
လူ့လောကမှာ ဒီ homosexuality ဆိုတာ လူတွေရဲ့
သက်တမ်း နှစ်ငါးရာကစပြီးတော့ ပေါ်လာတာပါ။
အခုမှပေါ်တာ မဟုတ်ဘူး။
အဲဒီ homosexuality ပေါ်လာသည့်အတွက်ကြောင့်
ကျား ကျားချင်း၊ မ မချင်း ဆိုတာလို ကမ္ဘာ့ရိုးရာမဟုတ်တဲ့
ကာမစိတ်တွေ လူတွေရဲ့ သန္တာန်မှာ ဖြစ်ပေါ်ပြီးတော့
လာတယ်။ ဒီကနေ့ခေတ်မှာ ဆိုလို့ရှိရင် ဒါတွေဟာ
အထွတ်အထိပ် ရောက်နေတယ်လို့ ဆိုရမယ်။
တချို့နိုင်ငံတွေမှာဆိုရင် ကျား ကျားချင်း၊ မ မချင်း
လက်ထပ်ခွင့်တွေ ပြုထားပြီးပါပေလို့ခေါ်တဲ့ ပုဂ္ဂိုလ်တွေရဲ့
အဖွဲ့အစည်း တရားဝင်အဖြစ် တည်ထောင်လာကြတယ်။
homosexuality ကို တရားဝင်ဖြစ်အောင်၊ တကယ့်
ပင်ကိုယ် သဘာဝတရားအဖြစ် လက်ခံလာအောင်
ကြိုးစားလာကြတယ်။
သြော်၊ ဒီကိစ္စတွေဟာ လွန်ခဲ့တဲ့ လူတွေရဲ့သက်တမ်း
အနှစ်ငါးရာတုန်းက စပြီး ပေါ်လာတာပါ။
ခုမှ ပေါ်တာ မဟုတ်ဘူး။
မြတ်စွာဘုရားက အဂုင်္တ္တရနိကာယ်
“ပလောကသုတ်”မှာ ဟောထားပါတယ်။
ပလောက ဆိုတာ “ပျက်စီးခြင်း”လို့ အဓိပ္ပါယ် ရတယ်။
ပုဏ္ဏားကြီးတစ်ယောက်က မြတ်စွာဘုရားကို
လျှောက်ဖူးတယ်။
အရှင်ဘုရား၊
တပည့်တော် ကြားဖူးတာ ရှေးယခင်တုန်းက
ဟောဒီ လူ့ပြည်လောကကြီးဟာ သိပ်ပြီးတော့
သာယာအေးချမ်းတယ်။
မြို့တွေ ရွာတွေဟာလည်းပဲ
ကြက်ပျံမကျ စည်ကားတယ်လို့ တပည့်တော် ကြားဖူးတယ်။
အခုကျတော့ လူနေအိမ်တွေ အင်မတန်ကျဲပြီး
မြို့ပျက်ကုန်းတွေ၊
ရွာပျက်ကုန်းတွေ ပေါ်လာတယ်။
ဒီလို လူတွေ ပျက်စီးရတာဟာ ဘာကြောင့်ပါလဲ။
အဲဒီလိုမေးတော့ အဲဒီသုတ္တန်မှာ မြတ်စွာဘုရားက
ဒီတရားသုံးပါးကို ဟောထားပါတယ်။ အေး၊ လူ့လောကမှာ
“အဓမ္မရာဂ”လို့ခေါ်တဲ့ မဖြစ်သင့်၊
မဖြစ်ထိုက်တဲ့
တဏှာစိတ်တွေ၊
“ဝိသမလောဘ”ဆိုတဲ့ အလွန်အကျွံ
ဖြစ်တဲ့ တဏှာစိတ်တွေ၊
“မိစ္ဆာဓမ္မ” လို့ခေါ်တဲ့
ကျား ကျားချင်း၊ မ မချင်း လိင်ဆက်ဆံချင်တဲ့ စိတ်တွေ၊
ဒီစိတ်မျိုးတွေကြောင့်မို့လို့ လူ့လောကကြီးမှာ
ကိုယ်ကျင့်တရားတွေ ပျက်လာတယ်။ ပျက်လာသည့်
အတွက်ကြောင့် ရာသီဥတုတွေပျက်တယ်။ ရာသီဥတုတွေ
ပျက်သည့်အတွက်ကြောင့် ကပ်ဆိုက်ပြီးတော့ လူတွေရဲ့
သက်တမ်းဟာ တိုလာရတယ်။
ဒါကြောင်မို့လို့
လူ့လောကမှာ “ဒုမ္ဘိက္ခန္တရ”ကပ်တွေ ဖြစ်လာလို့
အစာရေစာ ခေါင်းပါးတယ်၊
ငတ်မွတ်တယ်။
“ဒုမ္ဘိက္ခန္တရ”ကပ်ကို အကြောင်ပြုပြီးတော့
ရောဂါတွေ ဖြစ်လာရတယ်။
ရောဂါတွေ ဖြစ်လို့ လူသေဆုံးမှု များလာတယ်။
မမြင်ရတဲ့ အန္တရာယ်တွေ ပါဝင်လာတယ်လို့
မြတ်စွာဘုရားက ဒီသုတ္တန်မှာလည်း ဟောထားတာ
ရှိပါတယ်။ အဲတော့ ဒီကနေ့ခေတ်အခါမှာ ဒီ
homosexuality ဆိုတာ ပေါ်လာတာမဟုတ်။
ရှေးတုန်းကတည်းက ပေါ်လာတာ။
ဘုန်းကြီးတို့ နိုင်ငံခြားမှာနေတုန်းက နိုင်ငံတစ်နိုင်ငံမှာ
သတင်းစာထဲ ဖတ်လိုက်ရတယ်။
အဲဒီနိုင်ငံမှာ
ယောက်ျားကလေး ပြည့်တန်ဆာ သုံးထောင်ထိအောင်
ရှိတယ်လို့။
သူတို့နိုင်ငံမှာ ယောက်ျားလေးတွေ
ဟိုတယ်ကို မသွားရဘူး ဆိုပြီးတော့ တားမြစ်ထား
ရတာတွေတောင်မှ ကြားခဲ့ရတယ်။
အဲတော့
ဒီကိစ္စတွေများများဖြစ်လာလေ လူ့လောကကြီးမှာ
ရောဂါဘယတွေ ပေါ်လာပြီးတော့ သက်တမ်းတွေဟာ
ဆုတ်ယုတ်လာတာ ဖြစ်ပါတယ်။
▬▬▬▬▬▬
“နှစ်ရာတမ်း”
▬▬▬▬▬▬
.
ဒါကြောင်မို့လို့ လူတွေရဲ့ သက်တမ်း အနှစ်ငါးရာတမ်းမှာ
ဟောဒီ sex နဲ့ပတ်သက်တဲ့ တရားသုံးမျိုး
ထွန်းကားလာတာနဲ့ တစ်ပြိုင်နက်တည်း လူ့ရဲ့
အသက်တွေဟာ အနှစ်ငါးရာတမ်းကနေပြီးတော့
နှစ်ရာ့ငါးဆယ်၊နှစ်ရာတမ်းထိအောင်
လျော့ကျသွားပါတယ်တဲ့။
အဲဒီလို လျော့ကျသွားတဲ့အခါမှာ လူ့လောကမှာ ဘာတွေ
ပေါ်လာပြန်တုန်းဆိုတော့ အမေကို ထော်လော်ကန့်လန့်
ပြောတာတွေ၊ အဖေကို ထော်လော်ကန့်လန့် ပြောတာတွေ၊
ဆွေထဲမျိုးထဲက ဦးကြီး၊ ဦးလေး၊ ကြီးဒေါ်၊ ဒေါ်ဒေါ်
စတဲ့ လေးစားရမယ့် ပုဂ္ဂိုလ်တွေကို အလေးအမြတ်
မပြုတာတွေ၊ ဘာသာရေးနှင့် ပတ်သက်တဲ့
သူတော်ကောင်းတွေကို ပြစ်မှားစော်ကားတာတွေ၊
ဒီကိစ္စရပ်တွေ ပေါ်လာတယ်တဲ့။
မိဘကို မလေးစားတာတွေ၊ လေးစားရမယ့် ပုဂ္ဂိုလ်တွေကို
မလေးစားတာတွေ၊ဒီလို လူ့လောကမှာထော်လော်ကန့်လန့်
လုပ်တာတွေ၊ အသက် နှစ်ရာတမ်းမှာ ပေါ်လာသည့်
အတွက်ကြောင့် လူတွေရဲ့ သက်တမ်းဟာ ထပ်မံပြီးတော့
ကျဆင်းသွားလိုက်တာ အသက်တစ်ရာတမ်း
အထိအောင် ရောက်ရှိလာခဲ့ပါတယ်။
▬▬▬▬▬▬
“တစ်ရာတမ်း”
▬▬▬▬▬▬
.
အဲဒီ အသက်တစ်ရာတမ်း ရောက်လာတဲ့အချိန် လောကမှာ
ဂေါတမမြတ်စွာဘုရား ထင်ရှားပွင့်လာတယ်ဆိုတာ
အားလုံး ဗုဒ္ဓဘာသာဝင်တွေ သိတဲ့အတိုင်းပဲ။
ဂေါတမမြတ်စွာဘုရားဟာ ဒုစရိုက်တွေ အလုံးစုံပြီးတော့
ကိုယ်ကျင့်တရားတွေ အလွန်ပျက်ပြားနေတဲ့အချိန်မှာ
ပွင့်လာရတာ ဖြစ်ပါတယ်။ ဒါကြောင်မို့လို့
ထိုခေတ်အခါက “ယုဂ” လေးပါးနဲ့ ကြည့်မယ်ဆိုရင်
“ယုဂ” ဆိုတဲ့ နှစ်အပိုင်းအခြားကြီးနဲ့ တွက်ကြည့်မယ်
ဆိုလို့ရှိရင် “ကလိယုဂ” လို့ခေါ်တဲ့ အန်မတန်မှ
ဆိုးဝါးတဲ့ ခေတ်ကြီးထဲမှာ ဂေါတမမြတ်စွာဘုရား
ပွင့်တာ။
ကလိယုဂ် ဆုတ်ကပ်ကာလမှာ ဂေါတမမြတ်စွာဘုရား
ပွင့်လို့ အဋ္ဌကထာကျမ်းကြီးတွေကို ဖွင့်ဆိုတဲ့
ဋီကာဆရာကြီးတွေက ဘယ်လိုတင်စားပြီးတော့
ပြောတုန်းဆိုလို့ရှိရင် “ဂေါတမမြတ်စွာဘုရား
ပွင့်လာတာဟာ မီးပုံထဲကပွင့်လာတဲ့ ကြာပန်း” ပါတဲ့။
အဲဒီတော့ မီးနှင့်ကြာ ဆိုတာက အတူနေလို့
ရကောင်းတဲ့ဟာမှ မဟုတ်ဘဲ။
ဘုရားပွင့်က မီးပုံထဲကပွင့်ရတာ။
ရေထဲက ပွင့်တာမဟုတ်ဘူး။ ဒီလိုတင်စားပြီးတော့
ရေးထားကြတယ်။“မီးပုံထဲက ပွင့်လာတဲ့ ကြာပန်းကြီး”တဲ့။
ဂေါတမမြတ်စွာဘုရားကို ဘာဖြစ်လို့ မီးပုံထဲက ပွင့်တဲ့
ကြာပန်းကြီးလို့ ပြောရတုန်း ဆိုလို့ရှိရင် တကယ့်
ခေတ်ဆိုးထဲ ပွင့်လာလို့ပါ။ ဘယ်လောက်ထိအောင်
ဆိုးတုန်းဆိုတော့။
ဥပမာ-
လေးချောင်းထောက်
စားပွဲကြီးမှာ ခြေထောက်လေးချောင်းလုံး စုံနေတဲ့အချိန်
ချထားလိုက်ရင် ငြိမ်နေတာပဲ။
ရွှေခေတ်မှာ လူတွေဟာ
အားလုံး လေးပုံပုံ လေးပုံလုံး လူကောင်းကြီးပဲ။
အကုန်လုံး သာယာငြိမ်းချမ်းတယ်။
အေး၊ အဲဒီကနေပြီး ခြေထောက် လေးချောင်းမှ
တစ်ချောင်းကျိုးသွားလို့ စားပွဲကြီးဟာ နည်းနည်း
လှုပ်လာသလို လူလေးပုံမှာ တစ်ပုံလောက်က
အကျင့်ပျက်လာပြီဆိုလို့ရှိရင် မငြိမ်တော့ဘူး။
နောက်တစ်ခု လေးချောင်းထောက် စားပွဲမှာ
နောက်ခြေထောက်တစ်ချောင်း ထပ်ပြီးတော့ ကျိုးသွားပြီး
ခြေထောက်နှစ်ချောင်းထဲနှင့် ဆိုလို့ရှိရင် စားပွဲကြီးဟာ
စောင်းသွားပြီ။
အဲဒီထဲမှာ နောက်တစ်ချောင်းထပ်ပြီး ကျိုးလိုက်တဲ့
အခါကျတော့ စားပွဲကြီးဟာ တစ်ချောင်းထဲထောက်
နေရတဲ့ အခြေအနေမျိုးလို လူတွေ လေးပုံမှာ
သုံးပုံက အကျင့်ပျက်နေတဲ့ အချိန်မျိုးမှာ ဂေါတမ
ဘုရား ပွင့်တော်မူလာရတာ ဖြစ်တယ်။ ဒီလို ကလိယုဂ်
ဆုတ်ကပ်ကာလဆိုတာ လူ့လောကမှာ လေးပုံတစ်ပုံပဲ
ကောင်းတယ်။ ကျန်တဲ့သုံးပုံက တရားပျက်နေပြီလို့
ဆိုလိုတာ။
အဲဒီလို ခေတ်ဆိုးကြီးထဲမှာ မြတ်စွာဘုရားပွင့်လာရတာ
ဖြစ်ပါတယ်။
မြတ်စွာဘုရား ပွင့်လာသည့် အတွက်ကြောင့်၊
ဘုရားရဲ့ တရားစွမ်းအားကြောင့် လူတွေရဲ့ သက်တမ်း
တစ်ရာတမ်းဟာ ကနေ့ထိအောင်ပဲ တည်တံ့နေတယ်။
တစ်ရာနီးနီး၊
တစ်ရာကျော်ကျော် အသက်ရှည်တဲ့
ပုဂ္ဂိုလ်တွေ တွေ့နိုင်သေးတာပေါ့။
ဘုရားပွင့်ထားတဲ့ အရှိန်လေးကြောင့်မို့လို့ပါ။ ။
.
Ashin Nandamãlãbhivamsa -
ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
#Creditမူရင်းပိုစ့်ရေးတင်သူ
မိစ်ဆာဒိဋ်ဌိကံက ၁၀-ပါး (ဒသဝတ်ထုက မိစ်ဆာဒိဋ်ဌိ)
*****************************
မိစ္ဆာဒိဋ္ဌိဆိုတာ အယူအဆမှားတာပေါ့၊
ကမ္မပထမြောက်တဲ့ မိစ္ဆာဒိဋ္ဌိကံက ၁၀-ပါးရှိတယ်၊
(ဒသဝတ္ထုက မိစ္ဆာဒိဋ္ဌိ) လို့ ခေါ်တယ်။
အဲဒီ မိစ္ဆာဒိဋ္ဌိ ၁၀-ပါးက -
(၁) နတ္ထိ ဒိန္နံ = အလှူငယ်ပေးလှူလို့ အကျိုးမရှိ၊
(၂) နတ္ထိ ယိဋ္ဌံ = အလှူကြီးပေးလှူလို့ အကျိုးမရှိ၊
(၃) နတ္ထိ ဟုတံ = ပူဇော်၍ အကျိုးမရှိ၊
(၄) နတ်ထိ ဖလံ ဝိပါကော = ကုသိုလျကံ၊ အကုသိုလျကံမရှိ၊
(၅) နတ္ထိ အယံ လောကော = ဘဝတစ်ပါးမှ လာသူမရှိ၊
(၆) နတ္ထိ ပရော လောကော = တမလွန်လောကမရှိ၊
(၇) နတ္ထိ မာတာ = မိခင်၏ ကျေးဇူးမရှိ၊
(၈) နတ္ထိ ပိတာ = ဖခင်၏ ကျေးဇူးမရှိ၊
(၉) နတ္ထိ သြပပါတိကာ = ဥပပတ်သတ္တဝါမရှိ၊
(၁၀) နတ္ထိ သမဏဗြဟ္မဏ = ကိလေသာ ငြိမ်းအေးသော သမဏ ဗြဟ္မဏဟူ၍ မရှိ။
ဒီအယူ ၁၀-ပါးကို ဒသဝတ္ထုက မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်။
ဒီ မိစ္ဆာဒိဋ္ဌိကြီးဆယ်ပါးကို ကံ၏ အကျိုး မရှိလို့ ပယ်တဲ့အတွက်ကြောင့် နတ္ထိကဒိဋ္ဌိလို့ ခေါ်တယ်၊ ကောင်းမှုပြုသော်လည်း ပြုသည်မမည်၊ အကောင်းမှု ပြုသော်လည်း ပြုသည်မမည်လို့ ကံကို ပယ်တဲ့အတွက်ကြောင့် အကြိယဒိဋ္ဌိလို့လည်း ခေါ်ကြတယ်။
သတ္တဝါဆိုတာက ကုသိုလ်ကံကြောင့် ဖြစ်တာလည်းမဟုတ်၊ အကုသိုလ်ကံကြောင့် ဖြစ်တာလည်းမဟုတ်၊ အကြောင့် အထောက်အပံ့မရှိ၊ သူဖြစ်ချင်ရာ ဖြစ်တာပဲလို့ အကြောင်းပယ်တဲ့အတွက် အဟေတုကဒိဋ္ဌိလို့လည်းခေါ်တယ်။
နတ္ထိကာဟေတုက အကြိယ ဒိဋ္ဌိဟိ ဧဝ ကမ္မပထဘေဒေါ ဟောတိ။
နတ္ထိက အဟေတုက အကြိယ အမည်ရတဲ့ ဒီအယူဆိုး ဒိဋ္ဌိကြီးဆယ်ပါး စွဲကိုင်ထားခဲ့လျှင် အပါယ်လားဖို့ ကမ္မပထမြောက်သွားပြီတဲ့၊
ဒီအယူဆိုးကြီးကို စွဲစွဲမြဲမြဲယူခဲ့လျှင် နိယတမိစ္ဆာဒိဋ္ဌိဖြစ်သွားပြီး ထိုသူကွယ်လွန်လျှင် လူ့ဘဝ, နတ်ဘဝမှာ ဖြစ်ခွင့်မရှိ၊ ဧကန် မဟာအဝီစိငရဲကို ကျမယ်၊ ကမ္ဘာပျက်လျှင် အနန္တရိယကံကြောင့် ငရဲကျသူများ ဗြဟ္မာ့ဘုံ၌ ဖြစ်ခွင့်ရှိသော်လည်း
နိယတမိစ္ဆာဒိဋ္ဌိ အယူဆိုး ယူမိသူကတော့ ဗြဟ္မာ့ဘုံမှာ မဖြစ်ဘဲ ဒီစကြဝဠာကမ္ဘာကြီးပျက်လျှင် အခြားမပျက်သေးတဲ့ ကမ္ဘမှာကူးပြီး ငရဲခံရလိမ့်မယ်တဲ့၊
ဒါလားဆိုတော့ မကသေးဘူး၊ အယူမှား ယူမိတဲ့သူဟာ မိမိယူထားတဲ့ မိစ္ဆာဒိဋ္ဌိအယူကို ဖြစ်ရာဘဝမှာ အခိုင်အမာ ဆုပ်ကိုင်စွဲယူထားတဲ့အတွက် ဘုရားပေါင်း အရာအထောင် ကြွရောက် တရားဟောသည့်တိုင်အောင် စွဲယူမိတဲ့ မိစ္ဆာအယူကို မစွန့်နိုင်အောင် အလွန် အယူပြင်းထန်သတဲ့၊
ဒါကြောင့် မိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်ဟာ အပါယ်ပြီး အပါယ်ကျ၍ ကမ္ဘာ့သစ်ငုတ်ကြီးအဖြစ် ကျန်ရစ်တတ်တယ်လို့
ကျမ်းဂန်များမှာ ဖွင့်ပြထားတယ်၊
မိစ္ဆာဒိဋ္ဌိကံဆိုတာ ကာယကံလည်းမဟုတ်ဘူး၊ ဝစီကံလည်းမဟုတ်ဘူး၊ မနောကံစစ်စစ်ဖြစ်တယ်၊
ဒါကြောင့် ကာယကံ၊ ဝစီကံ၊ မနောကံဆိုတဲ့ အကုသိုလ်ကံသုံးပါးမှာ မနောကံဟာ အပြစ်အကြီးဆုံးလို့ မှတ်သင့်တာပေါ့ကွယ်”
#မေတ္တာဖြင့်ပြန်လည်မျှဝေဓမ္မဒါနပြုပါသည်။
Crd

Subscribe to:
Posts (Atom)
သောကကင်းစွာရှင်သန်ပါ
ဘဝဆိုတာ ရာသီဥတုဆန်တယ်။ အမြဲတမ်း သာယာမနေနိုင်သလို အမြဲတမ်းလည်း ဆိုးရွားမနေနိုင်ပါဘူး။ နေသာတဲ့အခါ ရှိမယ်။ မိုးအုံ့တဲ့အခါ ရှိမယ်။ မိုးရွာတဲ့...
-
#ပုပ္ပါးတောင်သမိုင်း အနောက်တိုင်းသားတို့က နတ်တို့ပျော်စံရာ အိုလံပတ်စ်တောင် (Mt. Olympus, an abode of the Gods ) နှင့်တူသည်ဟူ၍လည်းကောင်း အာရ...
-
ပုဂံဘုရားများ သမိုင်း ၁။ဓမ္မရံကြီးဘုရား သမိုင်း ထီးနန်းရဖို့ ခမည်းတော်နဲ့နောင်တော်ကိုသတ် အရက်စက်ဆုံး ဘုရင်ရယ်လို့ သမိုင်းတွင်တဲ့ နရသူ နဲ့ န...
-
သမိုင်းဝင် မြသိန်းတန်စေတီနှင့် တန်ခိုးကြီး ဗုဒ္ဓနိမ္မိတရုပ်ပွားတော် ================================== သမိုင်းဝင် မြသိန်းတန်စေတီနှင့် တန်...