Friday, July 10, 2020

ပျားရည် ဆေးအသုံး

ပျားရည် ဆေးအသုံး

၁ ) - ပျားရည်သောက်ရမည့် အချိန်မှာ မနက်စောစော အိပ်ရာထချိန် ဝမ်းဗိုက်ထဲတွင် ဘာအစာမှမရှိချိန်မှာ ပျားရည်သောက်ရန် သင့်တော်ပါသည်။
သို့မဟုတ် ညစာမစားခင်
၂ နာရီခန့်အလိုနင့် ညအိပ်ရာဝင်ခါနီးတွေမှာလည်း သောက်ပေးနိုင်ပါတယ်။

အရွယ်ရောက်ပြီးသူ လူတစ်ယောက်က တစ်နေ့လျင် ပျားရည်ကို လက်ဖက်ရည်ဇွန်း ၂ ဇွန်းထက် ပိုပြီးမသောက်သင့်ပါ။ ဆေးညွန်းပမာဏမှာ တစ်ကြိမ်သောက်တိုင်း ကြက်သီးနွေးခန့် ပူသော ရေနွေးဖြူ တစ်ခွက်နင့် ပျားရည်စစ်စစ် ၁ ဇွန်း( လက်ဖက်ရည်
ဇွန်း) ဖြစ်ပါတယ်။

၄င်းဖျော်ရည်ကို အကြာကြီး အအေးခံမထားသင့်ပဲ သောက်ပေးသင့်ပါတယ်။

၂ )  - နို့တိုက်မိခင်များ
( ပျားရည်သောက်ရန်သင့်တော်သူများ)

မီးဖွားပြီးစနဲ့ နို့တိုက်ချိန်မှာ ပျားရည် သောက်သင့်ပါတယ်။ အထူးသဖြင့် မီးဖွားပြီးစမှာ
ပျားရည်နဲ့ အရက်ရောသောက်ပါ။ အမျိုးသမီးများ ဓမ္မတာ အချိန်မှာလည်း ပျားရည်
သောက်သင့်ပါတယ်။

၃ ) - ကင်ဆာရောဂါသည်များ

အရိုးကင်ဆာနဲ့ အစာအိမ်ကင်ဆာ ဝေဒနာ သည်များဟာ သဘာဝ နှစ်ချို့ပျားရည်
စစ်စစ်နှင့် သစ်ကြပိုးခေါက်မူန့် တို့ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ပမာဏ ဆတူရော
၍ ၄င်းဆေးညွန်းအတိုင်း တစ်နေ့လျင် ၃ ကြိမ် အစားမစားမီ နာရီဝက်အလို ( သို့ )
အစာစားပြီးနောက်  နာရီဝက်အကြာမှာ သောက်ပေးရပါမယ်။

အထူးသတိပြုရန်မှာ ဆေးသောက်ပြီးတဲ့အခါ သောက်ရေအေး တစ်ဖန်ခွက်သောက်ပါ။
( ရေနွေးပူ မဟုတ်ပါ)

၄ ) - အပူကန် လည်ချောင်းနာသူများ

ပျားရည်က အပူဓာတ် ရှိတာကြောင့် ကိုယ်တွင်း အပူ ဓာတ်များသူတွေက ပျားရည်
သောက်ရန် သင့်မသင့် ဒွီဟဖြစ်နေကြပါတယ် - သောက်လို့ရပါတယ် ။
အပူကန် လည်ချောင်းနာသူများဟာ ပျားရည်ကို ရှောက်ရည်ညှစ်၍ သောက်သုံးခြင်းဖြင့် အပူငြိမ်း၍
ရောဂါ ပျောက်စေပါတယ်။

၅ )  - ချောင်းဆိုးနေသူများ

ချောင်းဆိုးနေသူများအတွက် ပျားရည်ဟာ ဆေးကောင်းတစ်ခွက်ပါပဲ, ဆေးသောက်ရန် အသင့်တော်ဆုံးအချိန်ကတော့ မနက်အိပ်ရာထ ဘာမှမစားခင်ဖြစ်ပြီး ရေနွေးဖြူ တစ်ခွက် ထဲကို ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး ဖျော်သောက်ပေးရမှာပါ။

တဖန် နှာစေး ချောင်းဆိုးခြင်းအတွက် ပျားရည်ကို ရှောက်သီး ( သို့ ) ပျားရည် ဖြင့် ဆတူ ရော၍သောက်ပါ။

၆ ) - အသက် တစ်နစ်နှင့်အထက် ကလေးငယ်များ

- ကလေးငယ်များ  ချွဲကျပ် ရင်ကျပ်ဖြစ်လျှင် ပျားရည်ကို သံပုရာရည်နဲ့ ဆတူရော၍
တိုက်ပါ။ ကလေးငယ်များ ဝမ်းပျက် ဝမ်းလျောဖြစ်လျှင် ပျားရည်အနည်းငယ် ကျွေးပါ။

- ပျားရည်က စိတ်ကို ထိန်းပေးနိုင်သော အစွမ်းသတ္တိရှိ၍ အိပ်ရာထဲအပေါ့စွန့်တတ်
သော ကလေးများကို ည အိပ်ရာဝင်ခါနီး ပျားရည်ကျွေးပေးခြင်းဖြင့် အပေါ့အပါးမသွား
အောင် ဟန့်တားနိုင်ပါတယ်။

- ကလေးငယ်များ သူငယ်နာအကြောဆွဲ၍ သေလုမျောပါး ဖြစ်နေလျှင် ပျားရည်ကျွေး
ပေးခြင်းဖြင့် အသက်ချမ်းသာရာ ရနိုင်ပါတယ်။

- တုတ်ကောင် သန်ကောင်ရှိသော ကလေးငယ်များကို နာနတ်သီးကို ပျားရည်နဲ့ နယ်၍ကျွေးပါ ( အူတိုင်ထည့်ပါ) - သို့မဟုတ် ပျားရည်နဲ့ အုန်းနို့ ရောစပ်၍ တိုက်ပါ။

၇ ) - ပျားရည်သောက်ရန် မသင့်တော်သူများ..

●အသက် ၁ နှစ်အောက် ရင်ခွင်ပိုက် ကလေးငယ်များ.. ပျားရည်ထဲမှာ microorganisms လို့ခေါ်တဲ့ Clostridium ဗက်တီးရီးယားပိုးငယ်လေးတွေ
မြောက်မြားစွာ ပါဝင်နေကြပါတယ်။

အရွယ်ရောက်ပြီးသူများ၏ အစာချေ လမ်းကြောင်းက ၄င်း ဗက်တီးရီးယားများကို ကောင်းစွာ ချဖျက်နိုင်သော်လည်း ကလေးငယ်များက အစာချေ လမ်းကြောင်းမှာ သွေးခဲ၍ အစာအဆိပ်သင့်ခြင်းကို ဖြစ်စေပါတယ်။

ထို့ကြောင့် တစ်နှစ်အောက် ရင်ခွင်ပိုက် ကလေးငယ်များကို ပျားရည်လုံးဝမကျွေးသင့်ပါ။

  ●- ကိုယ်ဝန်ဆောင်မိခင်လောင်းများ - (Botulinumtoxin) ပျားရည်ထဲရှိ ဘက်တီးရီးယားပိုး မှ စွန့်ထုတ်ပစ္စည်းများ အဆိပ်တစ်မျိုးကြောင့်ကိုယ်ဝန်ဆောင်သူများ ပျားရည်သောက်ရန် သင့်မသင့် ဝေခွဲမရ ဖြစ်နေတတ်ပါတယ်။

အရွယ်ရောက်ပြီးသူ တစ်ယောက်က ပျားရည်သောက်ပြီးနောက် ခန္ဓာကိုယ်ထဲက ဇီဝကမ္မဖြစ်စဉ်က ပျားရည်ထဲမှာ ပါရှိတဲ့Botulinumtoxin က အဆိပ်ကို အလို
အလျောက် သုတ်သင်ဖယ်ရှားပေးလေ့ ရှိပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်များ ပျားရည်သောက်လို့ ရပါတယ်၊ သန္ဓေသားကိုလည်း ဘေးဥပါဒ် မဖြစ်စေနိုင်ပါဘူး။

သို့သော် မိခင်လောင်း အများစုက ကိုယ်ဝန်ဆောင်နေစဉ်မှာ သွေးထဲရှိ သကြားဓာတ်
ပမာဏ မြင့်တက်လေ့ရှိပါတယ် ပျားရည်ထဲမှာလည်း fructose  သကြားပမာဏ မြင့်
မားစွာ ပါရှိနေတာကြောင့် ကိုယ်ဝန်ဆောင်သူများ ပျားရည်မစားခြင်းက ဘေးကင်းဆုံး
ဖြစ်ပါသည်။

● ဆီးချိုသွေးချိုရောဂါရှိသူများ - ပျားရည်ထဲမှာ Fructose နင့်Glucose ဓာတ်များ
ပြည့်ဝ တူညီစွာ ပါရှိနေပါတယ်၊ ဆီးချိုသွေးချို ရောဂါသည်များ သွေးထဲမှာGlucose
ပြဿနာရှိသူများဟာ ပျားရည်စားသုံးခြင်း အထူးရှောင်ရပါမယ်။

● ကိုယ်အလေးချိန်လျော့ချလိုသူများ - ပျားရည်နဲ့ သကြားညို ( သဘာဝသကြား)တို့
ကို နိူင်းယှဉ် ကြည့်ပါက လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ ပမာဏစီရှိကြသော ပျားရည်
တွင် ကယ်လိုရီ ၂၂ ပါရှိပြီး သကြားတွင် ကယ်လိုရီ ၁၆ ပါရှိပါတယ်။

ဒါကြောင့် ပျားရည်က ကယ်လိုရီ တက်စေတာကြောင့် ကိုယ်အလေးချိန် လျေ့ချလိုသူ
များ အနေနှင့် ပျားရည်မသောက်သင့်ပါ။

၈ ) - ပျားရည် သံပုရာရည်ကိုသောက်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ

● ရေနွေးဖြူတစ်ခွက်ထဲကို ပျားရည်နဲ့သံပုရာရည် တို့အား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကျစီ နံနက်အိပ်ရာထ ဗိုက်ထဲမှာ ဘာအစာမှ မရှိခင် သောက်ပေးရမှာ ဖြစ်ပါတယ်။

၄င်းပျားရည်ကို သောက်ပေးခြင်းဖြင့် တစ်နေ့တာလုံး အစာကျေညက်စေခြင်း အူသိမ်
အူမထဲမှာ အချွဲ အရိ အရွဲများ ကျစေခြင်း . အူမကြီးကို သန့်စင် သက်သာစေခြင်း .

ကိုယ်အလေးချိန်ကို ကျစေခြင်း . စိတ်ဖိစီးမူများပြေပျောက်စေခြင်း . ကိုယ်ခံစွမ်းအား
ကို တိုးတက်မြင့်မားလာခြင်း . ဆီးပုပ်များ သက်ဆင်း၍ ဆီးလမ်းကြောင်းကို သန့်စေ
ခြင်း . ခံတွင်းရနံ့သင်းပျံခြင်း ခန္ဓာကိုယ် အနံ့ဆိုးထွက်ခြင်းမှ ကာကွယ်ပေးခြင်း အသားအရေ ကြည်လင် ဝင်းပခြင်း စသည့် ကောင်ကျိုးများ ရရှိနိုင်ပါမည်။

# ကြေးမုံသတင်းဆောင်းပါး

ပျားရည်စစ် , မစစ် ခွဲခြားနည်း ..

၁  - သတင်းစာ စက္ကူပေါ်သို့ ပျားရည်စက်ကို ချကြည့်ပါ သတင်းစာစက္ကူက ပျားရည်ကို
စုပ်ယူခဲ့လျှင် ပျားရည်မစစ်ပါ.

၂ - ပျားရည်နဲ့ ထုံးရောပြီး လက်ဖဝါးနဲ့ ပွတ်ကြည့်ပါက ပျားရည်စစ်က ပူလာပါမည်။

၃ - နေရောင်ထဲ ပျားရည်ပုလင်းကိုထုတ်ပြလျှင် ရေဆူသလို အမြုပ်လေးများတက်ပါက
ပျားရည်စစ်သည်။

၄ - ရေထဲကို ပျားရည်စက်ချကြည့်ပြီးက ရေတွင် ရောနှောပျော်ဝင်ခြင်းမရှိ ။

ပျားရည်အစစ်ကို  ရရှိပြီးဆိုလျင် သံမံတလင်းတွင် ပုလင်းကို မထားရ ဖန် ပုလင်းကွဲ ၏
ရေခဲသေတ္တာထဲတွင် မထည့်ရ ပျားရည်အာနိသင်လျော့တတ်သည်။

မျက်နှာအမာရွတ် များကို ပျားရည်လိမ်းပေးပါ။

# နီနီလေး

1- ပျားရည်စစ်မစစ် ကို ပျားရည်ပုလင်းထဲ မန်ကျည်သီးစေ့ ထည့်ကြည့်ပါက မြုပ်သွား
လျှင် ပျားရည်မစစ်ပါ။

2- လက်ဖက်ခြောက်ခပ်ထားသည့် ရေနွေးတွင် ပျားရည်ထည့်ကြည့်ပါက အရောင်မဲသွားပါက မစစ်ပါ။

3- ပျားရည်ကို ဝါဂွမ်းစတွင် ဆွတ်၍ မီးရိူ့ကြည့်ပါက  မီးလောင်လျှင် ပျားရည်စစ်သည်။
Crd... 

No comments:

Post a Comment

သောကကင်းစွာရှင်သန်ပါ

   ဘဝဆိုတာ ရာသီဥတုဆန်တယ်။ အမြဲတမ်း သာယာမနေနိုင်သလို အမြဲတမ်းလည်း ဆိုးရွားမနေနိုင်ပါဘူး။ နေသာတဲ့အခါ ရှိမယ်။ မိုးအုံ့တဲ့အခါ ရှိမယ်။ မိုးရွာတဲ့...