Friday, July 10, 2020

အားငယ်ဖို့ လူဖြစ်လာတာ မဟုတ်ဘူး

🤔 အားငယ်ဖို့ လူဖြစ်လာတာ မဟုတ်ဘူး
############################

  ဘာလို့... မပျော်ရွှင် ရတာလဲ..?
သင့်မှာ ပျော်ရွှင်နိုင်တဲ့ အခွင့်အရေးတွေ ရှိပါလျက် မပျော်မရွှင် ဖြစ်နေရတယ် ဆိုတာ ဘယ်သူ့မှာမှ တာဝန်မရှိဘူး..
အပြစ် မဖို့ချင်နဲ့။
သူ့လောက် ငါမပျော်ပါဘူး ဆိုတဲ့
သင့် နှိုင်းယှဉ်မှုမှာပဲ တာဝန်ရှိတယ်။

  ဘာလို့ ...ဝမ်းနည်း နေရတာလဲ..?
သင့် ခံစားချက်တွေကို လူတွေရှေ့မှာ
ခဏခဏ  ထုတ်.ထုတ် ပြမနေနဲ့..။
သင့်အပေါ် အချိန်ပြည့် သနားပေးနိုင်တဲ့သူ သည်လောကထဲ မှာ မရှိဘူး..။
သူ့ အပူ ကိုယ့်အပူတွေနဲ့ ချည်းပဲ..။

  ဘာလို့ ညည်းညူ နေရတာလဲ...?
ညည်းညူသံ သိပ်ပေးလွန်းတဲ့
ခို သတ္တဝါဟာ လေဆန်ကို မပျံရဲဘူး...
လင်းယုန်တွေလို အစာကို စူးစူးရဲရဲ မထိုးသုတ်ရဲဘူး။
သိပ် သနားစရာကောင်းတဲ့ ငှက်...
ဒါပေမယ့် အတုယူစရာ မဟုတ်ဘူး.
ဘယ်သူကမှ နှစ်လိုအားရနဲ့ အိမ်ပေါ်တင်ပြီး ခေါ် မွေးမထားကြဘူး..။

    ဘာလို့..ထိခိုက်ကြေကွဲ နေရတာလဲ..?
ပြန်မရနိုင်တော့တဲ့ တန်ဖိုးထားစရာတွေ အတွက် သင့် ပစ္စုပ္ပန်ရဲ့ ပျော်ရွှင်ခြင်း
ကျန်းမာခြင်းတွေကို ထိုးကျွေးဖို့ ထပ်ပြီး  မကြိုးစားချင်ပါနဲ့...

ပျောက်သွားလို့ ပြန်မတွေ့နိုင်တော့တဲ့
ဆွဲကြိုးတစ်ကုံးအတွက် ထိခိုက်ခံစား နေမယ့်အစား သင့်လက်ထဲမှာ ကျန်နေသေးတဲ့ နာရီတစ်လုံးကိုပဲ ကျေနပ်ဂုဏ်ယူ စောင့်ရှောက် နေစမ်းပါလေ...။
ဆွဲကြိုး ပျောက်သွားတာနဲ့ ကျန်တဲ့ နာရီပါ အပျောက်ဆုံး ခံနိုင်လို့လား...။

     လက်လွှတ် ဆုံးရှုံးလိုက်ရတဲ့အတွက်
သင့်မှာ ပထမ နစ်နာခဲ့ဖူးပြီ...
အဲ့ဒီ ဆုံးရှုံးမှု အပေါ် တအုံ့နွေးနွေးနဲ့
ထိခိုက်ကြေကွဲနေရင်  မနက်ဖြန်တိုင်းမှာ
သင် ပျော်ရွှင်ခွင့် ရတော့မှာ မဟုတ်ဘူး..
အခန့်မသင့်ရင် သင့် ကျန်းမာရေးကို
ခြိမ်းခြောက် လာလိမ့်မယ်။
ဒါဟာ ဒုတိယမြောက် နစ်နာမှု ပဲ။

     သင်ဟာ ... နစ်နာမှုတစ်ခု အပေါ်မှာ
နောက်ထပ် နစ်နာမှု တစ်ခု ထပ်ယူချင်သေးလို့လား..။ ဆုံးရှုံးရတာက ကြေကွဲစရာ ကောင်းတယ်။ ဆုံးရှုံးပြီး နလန်မထူ နိုင်တာက ပိုပြီး ကြေကွဲစရာ ကောင်းပါတယ်လေ..။

    လူ့ ဘဝဆိုတာ စောင်းတစ်လက် ဖြစ်ခဲ့ရင် ပိုင်ဆိုင်တယ်လို့ ထင်နေတဲ့ အရာတွေက စောင်းကြိုး...,စောင်းကြိုး... လေးတွေနဲ့ တူတယ်။
စောင်းကြိုးဆိုတာ ပြတ်တတ်တယ်။
ပိုင်ဆိုင်မှုဆိုတာ ဆုံရှုံး တတ်တယ်။
ပိုင်ဆိုင် ထားပြီးရင်တော့ သေချာပေါက်
ဆုံးရှုံး ရဦးမှာ။ ပူမနေနဲ့..။
သင် ယခု ဆုပ်ကိုင်ထားသမျှ
တစ်နေ့ကျ မဖြစ်မနေ ဆုံးရှုံးရဦးမှာ..။
အဲ့ဒီ တစ်နေ့ဟာ....
ဒီနေ့လား..? မနက်ဖြန်လား..?
အဲ့ဒီ နောက်နေ့ တွေလား..?
ကြိုမသိနိုင်ဘူး။
သေချာတာတော့ တစ်နေ့နေ့...။

   ဒီတော့... စောင်းကြိုးလေး တစ်ချောင်း ပြတ်သွားရုံနဲ့ ထိုင်ပြီး ဝမ်းနည်း နေတော့မှာလား.. ကျန်တဲ့ စောင်းကြိုးလေးတွေနဲ့ တေးသွားတစ်လက် သံစဉ်တစ်ခက်ကို ဆက်ပြီး မတီးခတ်တော့ဘူးလား။
"ဟုတ်တယ်... မတီးတတ်ဘူး"လို့
သင် ဝန်ခံတယ် ဆိုရင်
ကျန်နေတဲ့ စောင်းကြိုးလေးတွေရဲ့ အပြစ်မဟုတ်ဘူး။
မလေ့ကျင့်,မပြင်ဆင်  မိခဲ့တဲ့
သင့်ရဲ့ အပြစ်...။

 သင့်ဘဝထဲက ပိုင်ဆိုင်မှုလေးတွေ ပြိုလဲသွားတိုင်း ကျန်တဲ့ ပိုင်ဆိုင်မှု လေးတွေနဲ့ ပျော်ရွှင်တဲ့ ဘဝတစ်ခုကို ပြန်တည်ဆောက်နိုင်ဖို့က ပတ်ဝန်းကျင် အကူအညီနဲ့ မလုံလောက်နိုင်ဘူး
သင့်စိတ်ရဲ့ လေ့ကျင့်, ပြင်ဆင်မှုနဲ့.
သင့်..ခံယူမှု အပေါ်မှာပဲ လုံးဝ မူတည်တယ်။

အားတင်း ထားစမ်းပါ..
ပြင်ဆင် ထားစမ်းပါ...
ငါတို့ဟာ......
အားငယ်ဖို့ လူဖြစ်လာကြတာ
မဟုတ်ဘူး..။


လေးးစာစွာဖြင့် 📗📗📗
Credit
#k.k

No comments:

Post a Comment

သောကကင်းစွာရှင်သန်ပါ

   ဘဝဆိုတာ ရာသီဥတုဆန်တယ်။ အမြဲတမ်း သာယာမနေနိုင်သလို အမြဲတမ်းလည်း ဆိုးရွားမနေနိုင်ပါဘူး။ နေသာတဲ့အခါ ရှိမယ်။ မိုးအုံ့တဲ့အခါ ရှိမယ်။ မိုးရွာတဲ့...