Sunday, July 12, 2020

" အရှုံး" တွေနဲ့ ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါ ...

" အရှုံး" တွေနဲ့ ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါ ...
်

ပြဿနာ၊ အခက်အခဲ၊ အကြပ်အတည်းဆိုတာ
လူတိုင်းမှာ ရှိကြပါတယ်။
အကျိုးအကြောင်း မတူကြတာပဲ ရှိမယ်။

အရှုံးနဲ့ ရင်ဆိုင်နေရပြီလို့ ထင်နေတဲ့
အခါမှာလည်း .....
ဘယ်တော့မှ စိတ်ဓာတ်ကျမသွားပါနဲ့

ရင်ဆိုင်နိုင်ဖို့ ....... သတ္တိ
တောင့်ခံနိုင်ဖို့ ...... အင်အား
ကျော်လွှားနိုင်ဖို့...... ခွန်အားတွေသာ
သင့်မှာ .... ရှိနေခဲ့မယ်ဆိုရင် ....
အဲ့ဒီအရာတွေကြောင့် ဖြစ်ပေါ်လာတဲ့
အရှုံးဆိုတာဟာ ပရုပ်လုံးလေးလိုပဲ
တဖြည်းဖြည်းနဲ့ သေးငယ်ပျောက်ကွယ်
သွားပါလိမ့်မယ်။

အဓိက,ကတော့ သင့်ရဲ့ စိတ်ပါပဲ။
ဒါကြောင့် ... စိတ်ဆင်းရဲစရာတွေ
ကြုံလာခဲ့ရင် ... သင့်ရဲ့ စိတ်ကို
ချုပ်တည်းမထားပဲ စိတ်သက်သာရာရဆုံး
နေထိုင်သွားပါ။

"အရှုံး" နဲ့ ရင်ဆိုင်ရရင်လည်း ဘယ်တော့မှ
စိတ်ဓာတ်ကျမသွားပါနဲ့

"ကြာ ပန်း" ဆိုတာ ရွှံ့ဗွက်တွေဖုံး ရေတွေလွှမ်းမိုးတဲ့ ဒဏ်ကို ခံရပြီးမှ လှပတဲ့ပန်းတစ်ပွင့်ဖြစ်လာတာပါ။

ဒါကြောင့် ....
အရှုံးတွေနဲ့ ရင်ဆိုင်ရတိုင်း ကြာပန်းလေးကို
နမူနာယူပြီး သတ္တိရှိရှိ ရင်ဆိုင်သွားပါ

  အချိန်ပေး၍  ဖတ်ပေးသည့်အတွက်
       ကျေးဇူးတင်ပါသည်။

No comments:

Post a Comment

သောကကင်းစွာရှင်သန်ပါ

   ဘဝဆိုတာ ရာသီဥတုဆန်တယ်။ အမြဲတမ်း သာယာမနေနိုင်သလို အမြဲတမ်းလည်း ဆိုးရွားမနေနိုင်ပါဘူး။ နေသာတဲ့အခါ ရှိမယ်။ မိုးအုံ့တဲ့အခါ ရှိမယ်။ မိုးရွာတဲ့...