လူတစ်ယောက်မှာ ရှိနေတဲ့
#ကိုယ်စောင့်နတ်(၁၂)ပါး နှင့်
၎င်းး (၁၂)ပါးအား မေတ္တာပို့သခြင်း
၁။ သတ္တပါလ - ဖူးစာရေးနတ်
၂။ ဝါမေသူရ -စည်းစိမ်စောင့်နတ်
၃။ ဇလသညာ - အလှူဒါနကိုစောင့်သည့်နတ်
၄။ ဃရပါလေ - အိုးအိမ်ကိုစောင့်သည့်နတ်
၅။ စန္ဒီ - ကျက်သရေမင်္ဂလာရှိသောနတ်
၆။ ကလျာနီ - အသက်စောင့်နတ်
၇။ ဗလီရာဇာ - အိပ်မက်ပေးသောနတ်
၈။ လပ်ခ်ျမီးဒေဝီ - ဥစ္စာပေးသည့်နတ်
၉။ သူရဿတီ - ပညာဥာဏ်ကို စောင့်သည့်နတ်
၁၀။ ဝကပါလ - ခရီးသွားလျှင်စောင့်သည့်နတ်
၁၁။ နရိန္ဒဒေဝီ - အိပ်စက်လျှင်စောင့်သောနတ်
၁၂။ မဟာပ်န္နဲ - အခါခပ်သိမ်း စောင့်သောနတ်
ကိုယ်စောင့်နတ် ၁၂ပါးအားမေတ္တာပို့သနည်း
ကိုယ်စောင့်နတ် ၁၂ပါးအားမေတ္တာပို့သနည်းကိုတော့
လူတိုင်းသိသလောက်ရှိကြပါပြီ အချစ်ရေးကိစ္စဆို
ဘယ်နတ်ကို မေတ္တာ ဘယ်နှစ်ခေါက်ပို့ဆိုတဲ့နည်းလေးပေါ့
ဒီနေရာမှာ မေတ္တာမပို့ခင် ကိုယ်စောင့်နတ် ၁၂ပါးကို ပင့်ဖိတ်ပြီး မေတ္တာပို့တော့ပိုရင်ထိရောက်တာပေါ့။
အဲ့ဒီတော့ အရင်ဆုံး ကိုယ်စောင့်နတ် ၁၂ပါး ပင့်ဖိတ်နည်းကိုပြောပြချင်ပါတယ်။
ကိုယ်စောင့်နတ် ၁၂ ပါး ပင့်ဖိတ်နည်း။
---------------------------------------------
တန်ခိုးကြီးစွာ ကိုယ်မှာစောင့်တက် အမြဲကပ်သည့် နတ်မြတ်တို့တွင် နဖူးစာကို မှန်စွာရေးတက် သတ္တ-ဘာဂ နတ်မြတ်သနင်း ရှင်နတ်မင်းနှင့် မရွင်းစေတက် သူရဿ တီ နတ်ဒေဝီနှင့် လက္ခီမဟာ ထိုမှမနှေး အိမ်မက်ပေးတက် နတ်မြတ်ဗလိရာဇာ တန်ခိုးဖြာသည့် ဝါမသူရိယ ဇလသင်္ချေ ဂရာဝါက ယောဂတနှင့် ကလျာဏမိတ် ကျော်ဟိတ်အရှိန် နရိန္ဒာမငိး ချစ်ခြင်းမေတ္တာ မျှတက်စွာသည် စန္ဒာဒေဝီ သိညီသညာ မဟာ ပိဿနိုး တန်ခိုးကြီးခြင်း မည်ယင်းတွင်အပ် နတ်မြတ် တစ်ကျိပ်နှစ်ပါး နတ်အများကို ခစားရိုသေ ဆည်းကပ်ထွေဖြင့် ကျက်သရေတိုး မြတ်နိုးစေတနာ ပင့်ဖိတ်ပါသည်။
ဣမံဌာနံ ဤနေရာဌာနသို့ အာဂစ္ဆန္တု အာဂစ္ဆန္တူ ကြွရောက်တော်မူကြပါကုန်လော့ ကြွရောက်တော်မူကြပါကုန်လော့။
(၃) ခေါက်ဆိုပါရန်....
ပြီးရင်မေတ္တာပို့သရပါမယ်။
၁။ သတ္တပါလ နတ်
၃၇ ကြိမ်ရည်စူးပြီး မေတ္တာပို့ပေးပါ။(မိမိချစ်သူ၊အချစ်ရေးအဆင်ပြေစေရန်ဆုတောင်းပါ။ချစ်ခင်နှစ်သက်စေသောအရာများတွင် ဆုတောင်းနှိင်ပါသည်။
၂။ ဝါမသူရိယနတ်
၉ကြိမ် ၇ည်စူးပြီး မေတ္တာပို့သပေးပါ။(အလုပ်အကိုင် အဆင်ပြေရန်။အလုပ်ရရန်ဆုတောင်းနိုင်ပါသည်။)
၃။ဇလသညာနတ်
၃၇ ကြိမ်ရည်စူးပြီး မေတ္တာပို့ပေးပါ။ (မိမိပြုလုပ်လိုသော အလှူဒါန အလှူအတန်းကိစ္စများ အောင်မြင်ရန် ဆုတောင်းနိုင်ပါသည်။)
၄။ဃရပါလနတ်
၃၇ ကြိမ်ရည်စူးပြီး မေတ္တာပို့ပေးပါ။ (အိူး အိမ် လုံခြံရန်၊ရန်သူမျိုး ၅ပါး ဘေးမှ ကင်းဝေးစေရန် ဆုတောင်းနိုင်ပါသည်။)
၅။ စန္ဒီ နတ်သမီး
၃၇ ကြိမ်ရည်စူးပြီး မေတ္တာပို့ပေးပါ။ (မင်္ဂလာကျက်သရေ အပေါင်းနှင့်ပြည့်စုံစေရန် စိတ်နှလုံးချမ်းမြေ့စေရန်ဆုတောင်းနိုင်ပါသည်။)
၆။ ကလျာဏီနတ်
၃၇ ကြိမ်ရည်စူးပြီး မေတ္တာပို့ပေးပါ။ (အသက်အန္တရာယ်ဘေး ရောဂါဘေးမှကင်းဝေးရန် ဆုတောင်းနိုင်ပါသည်။)
ရ။ ဗလိရာဇာနတ်
၇ ကြိမ်ရည်စူးပြီး မေတ္တာပို့ပေးပါ။ (မိမိလိုသောသူကို အိမ်မက်ပေးလိုသောအခါ လိုအင်ဆန္ဒပြည့်ဝစေရန် ဆုတောင်းနိုင်ပါသည်။)
၈။လပ်ခ်ျမီးဒေဝီ
၉ကြိမ် ၇ည်စူးပြီး မေတ္တာပို့သပေးပါ။ ( ငွေကြေး ကိစ္စများ ။အလုပ်အကိုင်ကိစ္စများ အဆင်ပြေစေရန်ဆုတောင်းနိုင်ပါသည်။)
၉။ သူရဿတီနတ်သမီး
၉ကြိမ် ၇ည်စူးပြီး မေတ္တာပို့သပေးပါ။(ပညာရေး ။အင်တာဗျူးကိစ္စများ အဆင်ပြေအောင်မြင်ရိန် ဆုတောင်းနိုင်ပါသည်။)
၁၀။ ဂတပါလနတ်
၉ကြိမ် ၇ည်စူးပြီး မေတ္တာပို့သပေးပါ။ (သွားလေရာ ဘေးရန်ကင်းရန် ဆုတောင်းနိုင်ပါသည်။)
၁၁။ နရိဒ္ဒာ ဒေဝီ
၉ကြိမ် ၇ည်စူးပြီး မေတ္တာပို့သပေးပါ။ ( အိမ်မက်ဆိုး နိမိတ်ဆိုးများ မကြုံတွေ့ရစေရန်။)
၁၂။မဟာပိန္နဲ နတ်
၉ကြိမ် ၇ည်စူးပြီး မေတ္တာပို့သပေးပါ။
(အခါခပ်သိမ်း ဘေးရန်ကင်းပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့်
ပြည့်စုံစေရန် ဆုတောင်းနိုင်ပါသည်။)
မူရင်းပိုင်ရှင်များအား Credit
ပေးပါသည်။
No comments:
Post a Comment