Monday, September 21, 2020

ကလေးမေမေများသေချာဖတ်စေခြင်းတယ်

 မေး- ကလေးငယ်တွေကို ခြေခွင်မှာစိုးရိမ်လို့ဆိုပြီး ခြေထောက်ဆွဲဆန့်ပေးသင့်သလား...? ဘာကြောင့်လဲ..?



ဖြေ- လုံးဝ ဆွဲဆန့်ပေးခြင်းမပြုလုပ်သင့်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကလေး(၃) နှစ်အရွယ်လောက်အထိ ခြေထောက်ဟာ ကားကားလေးဖြစ်နေတာ သဘာဝပါ။ 

အကယ်၍ဆွဲဆန့်ပေးရင် ကလေးရဲ့ပေါင်အရိုးကွင်းထိခိုက်မှုနဲ့ ခြေထောက်ပုံစံမကျခြင်းဆိုတဲ့ ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ 


​ကျမက အမီးလေးကို မွေးကာစအရွယ်မှာတုန်းက အနှီးသိပ်မထုတ်ဖြစ်ခဲ့ပါဘူး။

မွေးကတည်းက အင်္ကျီ ဘောင်းဘီလေးတွေဘဲ ဝတ်ပေးပါတယ်။


မြန်မာနိုင်ငံမှာ မေမိုင်ကျန်းမာရေးဝန်ထမ်းလုပ်တုန်းကပေါ့။ ကလေးတွေကို ကြပ်ထုတ်နေအောင် အနှီးတွေထုတ်ပေးကြတာကို အများကြီး မြင်ဖူးခဲ့တယ်။ အဲ့တုန်းက ကျမစိတ်ထဲမှာ အူဝဲလေးဆိုရင် အနှီးထုတ်ရမယ်လို့ဘဲ ထင်ခဲ့မိပါတယ်။

ဂျပန်ရောက်လာပြီး အမီးလေးကိုမွေးတော့မှ ဂျပန်က ကလေးငယ်တွေကို အနှီးလုံးဝမထုတ်ပေးကြဘူးဆိုတာ သိခဲ့ရတယ်။


ဘာ့ကြောင့်အနှီးမထုတ်တာလဲဆိုတာကို လေ့လာကြည့်တော့ ကလေးတွေဟာ ဖွံ့ဖြိုးမှုအရမ်းမြန်ပါတယ်။ ခြေတွေလက်တွေ အမြဲလှုပ်ရှားနေခြင်းဟာ သူတို့ရဲ့ ခန္ဒာကိုယ်ဖွံ့ဖြိုးမှုအတွက်ဖြစ်တယ်။ လွတ်လွတ်လပ်လပ် လှုပ်ရှားမှုရလေ ဖွံ့ဖြိုးမှု အားကောင်းလေပါဘဲ။

ဒါ့ကြောင့် အဝတ်အစားတွေကို ကြပ်ထုတ်နေတာမျိုး လုံးဝမဝတ်ပေးရပါဘူး။ 


✔️ ပုံမှာမြင်တဲ့အတိုင်း အနှီးထုတ်ရင် အမှန်နဲ့ အမှားကို သေချာကြည့်ပြီး ထုတ်ပေးပါနော်။

ခြေထောက်ကို ဆန့်ထုတ်ပြီး လုံးဝ မထုတ်ပေးပါနဲ့။ 

ကလေးသဘာဝ ခြေထောက်ကားကားလေးအတိုင်းကို ပုံမပျက် ထုတ်ပေးပါနော်။


✔️ နောက်တစ်ခုသတိထားရမှာက ကလေးကို လှဲလျောင်းစေပြီး ခြေထောက်ကို ဆွဲဆန့်ပေးတာမျိုး လုံးဝမလုပ်ရပါဘူးနော်။ 


✔️ ကလေးတွေဟာ လမ်းလျှောက်ရင် ကားကားလေးလျှောက်နေခြင်းဟာ အကြောင်းရှိပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်ကို ဟန်ချက်ညီညီထိန်းနိုင်ဖို့အတွက် ကားကားလေးလျှောက်ခြင်းဖြစ်ပါတယ်။ 

အဲ့တာကို ကလေးက ခြေခွင်တယ်လို့ ပြောလို့မရပါဘူး။ (၃) နှစ်လောက်အထိ ကားကားပုံစံ လျှောက်နေတတ်တာဟာ သဘာဝပါ။


✔️ အဲ့ဒီနောက်တော့ တဖြေးဖြေး လူကြီးလေးလို ပုံမှန်ပြန်ဖြစ်သွားတတ်ပါတယ်။ 

(၃) နှစ်ကျော် သွားလို့မှ ခြေကားကားပုံစံဖြစ်နေသေးရင် ကလေးဆရာဝန်နဲ့ ပြပေးသင့်ပါတယ်နော်...


✔️ ချီပိုးချီရင်လည်း ကလေးရဲ့ခြေထောက်ပုံစံက M ပုံစံဖြစ်နေရပါမယ်။ ပြီးတော့ ကလေးဟာ ခွထိုင်တဲ့ ပုံစံဖြစ်ရပါမယ်။ 


မေမိုင့်ကို အမီးလေး ခြေခွင်မှာစိုးလို့ဆိုပြီး လူတွေခဏခဏ လာပြောကြပါတယ်။

အမီးကို ခြေထောက်ဆွဲဆန့်ပေးပါပေါ့။

လူတွေ ဘယ်လောက်ပြောပြော မေမိုင်ကတော့ ဒီအရွယ်ထိ တစ်ခါမှ လုံးဝမဆွဲဆန့်ပေးပါဘူး။ 

တခါတလေ လေ့ကျင့်ခန်းလုပ်ပေးတဲ့ အချိန်မှာတော့ ကွေးလိုက် ဆန့်လိုက် လုပ်ပေးဖြစ်ပါတယ်။ 


ကဲ...မေမေတို့ ဖေဖေတို့လည်း သတိထားရအောင် မေမိုင်က မျှဝေရေးသားလိုက်ပါတယ်နော်...


ချစ်တဲ့ မေမိုင် (Hkawn Mai)

Tokyo, Japan

Credit... 

No comments:

Post a Comment

သောကကင်းစွာရှင်သန်ပါ

   ဘဝဆိုတာ ရာသီဥတုဆန်တယ်။ အမြဲတမ်း သာယာမနေနိုင်သလို အမြဲတမ်းလည်း ဆိုးရွားမနေနိုင်ပါဘူး။ နေသာတဲ့အခါ ရှိမယ်။ မိုးအုံ့တဲ့အခါ ရှိမယ်။ မိုးရွာတဲ့...