Wednesday, October 14, 2020

သောကကင်းစွာရှင်သန်ပါ

  






ဘဝဆိုတာ ရာသီဥတုဆန်တယ်။


အမြဲတမ်း သာယာမနေနိုင်သလို


အမြဲတမ်းလည်း ဆိုးရွားမနေနိုင်ပါဘူး။




နေသာတဲ့အခါ ရှိမယ်။


မိုးအုံ့တဲ့အခါ ရှိမယ်။


မိုးရွာတဲ့အခါ ရှိမယ်။


အမြဲတမ်း မတည်မငြိမ်နဲ့ ပြောင်းလဲနေတယ်။




ကြောက်စရာကောင်းတဲ့ မုန်တိုင်းထန် နေ့ရက်တွေ ရှိသလို


စိတ်ချမ်းမြေ့စရာကောင်းတဲ့ ကြည်နူးစရာ


ဆောင်းဦးပေါက်မနက်ခင်းလေးတွေလည်း ရှိတာပဲ။




ကံဆိုးခြင်းဟာ နွေရာသီဖြစ်ခဲ့မယ်ဆိုရင်


ကံကောင်းခြင်းမိုးရာသီဟာ မကြာခင်ရောက်လာမှာပါ။


ဒီလိုပဲ ကံဆိုးခြင်းဟာ မိုးရာသီဖြစ်ခဲ့မယ်ဆိုရင်


ကံကောင်းခြင်းဆောင်းရာသီဟာလည်း 


မကြာခင်ရောက်လာဦးမှာပါ။




အရာရာဟာ အခိုက်အတန့်တွေပါပဲ။


ရာသီအလိုက်ပွင့်နေတဲ့ ရောင်စုံပန်းကလေးတွေဟာ


ဘဝရဲ့အလှတရားတွေပဲ။


ဆင်းရဲဒုက္ခတွေကိုတွေးပြီး အမြဲတမ်းညည်းညူနေရင်တော့


အဲဒီအလှတရားတွေကို လက်လွတ်သွားလိမ့်မယ်။




သဘာဝပန်းချီကားချပ်ကြီးကို ကြည့်ဖို့


သင့်မျက်လုံးတွေကို သောကတွေနဲ့ ဖုံးမထားပါနဲ့။


အမြဲတမ်းစိတ်ပျက်ညည်းညူနေသူအတွက်


သူ့ဘဝတစ်လျှောက်လုံးဟာ နွေရာသီပဲ။


ခြောက်သွေ့မှုတွေနဲ့ပဲ ဘဝတစ်သက်တာကို


ကုန်ဆုံးလွန်မြောက်ရလိမ့်မယ်။




ဘယ်လိုဆင်းရဲဒုက္ခတွေနဲ့ပဲ ကြုံတွေ့ရပါစေ


အပြုံးမပျက် ကြံ့ကြံ့ခံရင်ဆိုင်နိုင်အောင် ကြိုးစားပါ။


ခံနိုင်ရည်ရှိဖို့ ကိုယ့်ကိုယ်ကို အမြဲအားပေးပါ။




သင်စိတ်ပျက်အားငယ်လာတဲ့အခါ


ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပါ။


ကြည်လင်တဲ့အခါလည်း ရှိမယ်။


မကြည်လင်တဲ့အခါလည်း ရှိမယ်။


ဘဝဆိုတာလည်း ဒီလိုပါပဲ။


ဘာအတွက်ကြောင့်မှ စိတ်ပျက်အားငယ်မနေပါနဲ့။




ပန်းကလေးတွေဟာ သူ့ရာသီရောက်ရင် ပွင့်ကြတာပဲ။


ဘာအတွက်မှ သောကမရောက်ဘူး။


ဒါ့ကြောင့် ပန်းကလေးတွေ လှကြတာ။


မုန်တိုင်းလာမှာလည်း မကြောက်ဘူး။


မိုးသည်းမှာလည်း မစိုးရိမ်ဘူး။


နေလောင်မှာလည်း မတွေးဘူး။


အမြဲတမ်း ရဲရဲဝံ့ဝံ့နဲ့ ဖူးပွင့်ကြတယ်။




ဘဝမှာ သတ္တိရှိရှိရှင်သန်ရဲဖို့ လိုတယ်။


သတ္တိမရှိရင် ဘဝက အလကားပဲ။


ဟိုဟာကြောက်ရ ဒီဟာကြောက်ရနဲ့


ပီပီသသရှင်သန်ချိန် မရလိုက်ဘူး။




မနေ့က ဘာဖြစ်ခဲ့လဲ ပြန်မတွေးနဲ့။


မနက်ဖြန် ဘာဖြစ်မလဲ ကြို ပြီးလည်းမစိုးရိမ်နဲ့။


ဒီနေ့ကို အကောင်းဆုံးရှင်သန်။


နေရတဲ့ခဏမှာ ကိုယ့်ကိုယ်ကို ကျေနပ်ပါမှ


ရလာတဲ့ဘဝ နေသာထိုင်သာ ရှိမှာပါ။




ကိုယ့်ကိုယ်ကိုလည်း အပြစ်မတင်နဲ့။


သူတစ်ပါးလည်း အပြစ်မပြောနဲ့။


အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံး ကြိုးစားပြီး 


ရှင်သန်နေထိုင်ပါ။




ရာသီအလိုက်ပန်းကလေးတွေလို 


သောကကင်းစွာရှင်သန်ပြီး လောကအကျိုး သယ်ပိုးကြပါ။




ရွှင်လန်းချမ်းမြေ့ကြပါစေ....


Crd#

No comments:

Post a Comment

သောကကင်းစွာရှင်သန်ပါ

   ဘဝဆိုတာ ရာသီဥတုဆန်တယ်။ အမြဲတမ်း သာယာမနေနိုင်သလို အမြဲတမ်းလည်း ဆိုးရွားမနေနိုင်ပါဘူး။ နေသာတဲ့အခါ ရှိမယ်။ မိုးအုံ့တဲ့အခါ ရှိမယ်။ မိုးရွာတဲ့...