Wednesday, July 8, 2020

တန်ဖိုးရှိလို့ သိမ်းထားသင့်တယ်။ လိုက်နာမှတ်သား ရှေးရှေးတုန်းက အဆိုအမိန့်များ

တန်ဖိုးရှိလို့ သိမ်းထားသင့်တယ်။
လိုက်နာမှတ်သား ရှေးရှေးတုန်းက အဆိုအမိန့်များ။

---------------------------------------------------------


(၁) မဟောင်တတ်သော ခွေးသည် ကိုက်တတ်၏။ စကားမပြောဘဲ ဆိတ်ဆိတ်နေသူသည် မိုက်တတ်၏။

(၂) အကောင်းပြောလျင် ချက်ချင်း ဝမ်းမသာပါနှင့်၊ မကောင်းပြောလျင်လည်း ချက်ချင်း ဝမ်းမနည်းပါနှင့်။

(၃) ကန်ဖူးသော မြင်းသည် ကန်ချက်ကို မမေ့။ လူသည်လည်း အကျင့်ပျက်ကို မမေ့။

(၄) ထိုင်သည့်အခါ အောက်ကို ကြည့်ပါ။ ထသည့်အခါ အပေါ်ကို ကြည့်ပါ။

(၅) မပုပ်သော အသီးကို ပိုးမထိုး။ မရှိသောသူကို သူခိုးမခိုး။

(၆) လက်ခြေတို့သည် ဝမ်းဗိုက်၏ ကျေးကျွန်ဖြစ်သည်။ မည်သူကမျှ အလကားခေါ်မကျွေးနိုင်။

(၇) ခမောက်သည် လူ၏ ဦးခေါင်းနှင့် မကင်း၊ လူတိုင်းသည် အချစ်နှင့် မကင်း။

(၈) နှုတ်ခမ်းရွဲ့သူသည် ဆဲရေးတတ်၏၊ မာနကြီးသူသည် စကားကျဲ၏။

(၉) ဦးချိုမကောင်းသော နွားကို မမွေးပါနှင့်၊ အလုပ်မလုပ်ဘဲ လေလွင့်နေသူကို မကျွေးပါနှင့်။

(၁၀) အစားကြောင့် ချစ်ခင်တတ်၏၊ စကားကြောင့် မုန်းတတ်၏။

(၁၁) မြန်မြန်စားသော် နင်တတ်၏၊ မြန်မြန်ပြေးသော် ချော်လဲတတ်၏။

(၁၂) ချစ်လျှင် လက်ဆောင်အဖြစ် အလကားပေးရာ၏၊ အရောင်းအဝယ်ပြုလျင် အများတကာကဲ့သို့ ဈေးယူရာ၏။

(၁၃) နှုတ်ချိုသော် ပခုံး သက်သာ၏။ နှုတ်ချိုသော် ဗိုက်ပြည့်၏။

(၁၄) ရေကန်ကို ဆဲဆိုလျင် ငါးသတ္တဝါတို့ စိတ်နာတတ်၏၊ ခွေးကို ဆဲဆိုသော် အိမ်ရှင်သည် စိတ်နာတတ်၏။

(၁၅) အရိပ်ခိုသော် အကိုင်းကို မချိုးရာ၊ မိုးကြိုးမပစ်သော်လည်း မြွေကိုက်တတ်၏။

(၁၆) ကျီးကန်းအား သစ်စေးပုံးကို မစောင့်စေရာ၊ သူခိုးကို ဥစ္စာထုပ်အား မစောင့်စေရာ။

(၁၇) အတူတကွ ဝိုင်းဝန်းစားမှ အရသာမြိန်၏၊ အတူတကွ ဝိုင်းဝန်းမမှ အလေးချိန်ပေါ့၏။

(၁၈) နက်သောရေသည် အသံတိတ်ဆိတ်၏၊ ပညာရှိသည် တိတ်တိတ်နေတတ်၏။

(၁၉) တောချုံကိုလည်း မပျက်စေရာ၊ ယုန်ကိုလည်း မလွှတ်ထွက်စေရာ။

(၂၀) ကြာပန်းကိုလည်း မနွမ်းစေရာ၊ ရေကိုလည်း မနောက်စေရာ။

(၂၁) စားလို၍ မေးမြန်းတတ်သည်။ ခိုးလို၍ ထိတ်လန့်အောင် လုပ်တတ်သည်။

(၂၂) ပျော်ရွှင်ချင်သူ၏ မျက်နှာသည် စပ်ဖြဲဖြဲ၊ ရည်းစားစကား ပြောသူ၏ မျက်နှာသည် ပျော့ရဲရဲ။

(၂၃) အုပ်စုကွဲသောနွားသည် အမဲသားဖြစ်၏။ အမျိုးကွဲသော သားသမီးသည် တခြားသူဖြစ်သွား၏။

(၂၄) လူဖြစ်လာလျင် မအပါနှင့်၊ မိမိကျောကို လှန်၍ သူတစ်ပါးအား မပြပါနှင့်။

(၂၅) လက်ကျိုးလျင် အင်္ကျီထဲတွင်သာ ကျိုးပါစေ။

(၂၆) ပြောပြီးသော စကား၊ ဓားဖြင့်ခုတ်မိသွားသော အရာ၊ ကျိုးသွားသော ကျောက်ခဲတို့သည် မူလအတိုင်း ပြန်မဖြစ်တော့။

(၂၇) အပြောကြီးသောသူသည် ကျားအရှင်ကို ဖမ်းမိတတ်၏။

(၂၈) ကျီးကန်းကလည်း ဇီးကွက်ကို မစွပ်စွဲပါနှင့်၊ ဇီးကွက်လည်း ကျီးကန်းကို မစွပ်စွဲပါနှင့်။ အော်သံချင်း သိပ်မထူးပါဘူး။

(၂၉) လူသည် အသက်ရှူတာခြင်း ခြားနား၏။ တချို့က ငှက်ပျောသီးကို ဆားနှင့် တို့စားချင်ကြ၏။

(၃၀) မကတတ်လျင် အိုးစည်တီးသူကို မစွပ်စွဲပါနှင့်၊ မလုပ်တတ်လျင် သူများကို မစွပ်စွဲပါနှင့်။

(၃၁) သကာလိုချိုသော တရားကို လူကြိုက်ရှား၏။ ပဲပုပ်လို နံသော အစားအစာကို လူကြိုက်များ၏။

(၃၂) သူတစ်ပါးကို ခိုင်းလျင် စိတ်တိုင်းမကျ နိုင်၊ နာခေါင်းဖြင့် စားလျင် ဗိုက်မဝ။ (အနံ့ခံရရုံဖြင့် ဗိုက်မဝဟု ဆိုလို၏)

(၃၃) သူတစ်ပါးကို လက်ညှိုးထိုး၊ ကိုယ်ဘက် တစ်ချောင်းတိုး။ (လက်မနှင့် လက်ညှိုးသာ သူများဘက်ကို လှည့်၏၊ လက်ခလယ်၊ လက်သူကြွယ်နှင့် လက်သန်းသည် ကိုယ့်ဘက်ကို လှည့်နေ၏)

(၃၄) ထက်လှစွာသော ဓားသည် သူ၏ ဓားရိုးကို ပြန်ပြီး မခုတ်နိုင်။

(၃၅) အသွင်ပြောင်းသော သမန်းကျားသည် နွားကိုဖျောက်၏။ အသွင်ပြောင်းသော သူသည် အမျိုးပျောက်၏။

(၃၆) မကိုက်တတ်သော ခွေးသည် ဟောင်၏။ ငွေမချေးသင့်ဘဲ ချေးပေးလျင် ဒူးညောင်း၏။

(၃၇) ဆင်ပြောင်ကြီးသည် သစ်တုံးကြီးကို ချီနိုင်သကဲ့သို့ စာကလေးသည်လည်း မြက်ပင်ကို ချီနိုင်ပါသည်။

(၃၈) မတ်တပ်ရပ်လျင် အပေါ်ထုတ်တန်းကို ကြည့်ပါ၊ ထမင်းချက်လျင် ထမင်းကျန်ကို အရင်ကြည့်ပါ။

(၃၉) ငါးရံ့သည် ရေထဲတွင် တစ်သက်လုံး နေသော်လည်း မဖြူ။ ဗျိုင်းသည် ကုန်းပေါ်နေသော်လည်း မမဲ။

(၄၀) ခွေးက သန်းကို ကိုက်သော်လည်း သန်းမသေ၊ သန်းက ခွေးကို ကိုက်သောလည်း ခွေးမသေ။

(၄၁) ကံမကောင်းလျင် သစ်ပင်ကို အမှီပြုသော်လည်း သစ်ပင်သည် လဲကျ၏၊ တိုင်ကို အမီပြုသော်လည်း တိုင်သည် လဲကျရာ၏။

(၄၂) ဒုက္ခရောက်ချိန် ဝက်ဝံကိုရှောင်စဉ် ကျားနှင့် ဝင်တိုးတတ်၏။

(၄၃) ဝါးခမောက်လုပ်သူ ဖက်ခမောက်ကိုဆောင်း၊ အိုးစည်လုပ်သူ ဝါးခေါင်းကို တီး။

(၄၄) ကိုရင်ကလေးသည် ကြေးစည်ကြီးကို ရိုက်ခတ်၍ အမြဲတမ်း ငိုအောင်ပြု၏။ တစ်ခါတစ်ရံ ကြေးစည်ကြီးသည် ကိုရင်ကလေးကိုပြန်ရိုက်ခတ်သောအခါ ကိုရင်ကလေးသည် ကြေးစည်ထက် အကြာကြီး ငိုနေတတ်၏။

Crd.......

No comments:

Post a Comment

သောကကင်းစွာရှင်သန်ပါ

   ဘဝဆိုတာ ရာသီဥတုဆန်တယ်။ အမြဲတမ်း သာယာမနေနိုင်သလို အမြဲတမ်းလည်း ဆိုးရွားမနေနိုင်ပါဘူး။ နေသာတဲ့အခါ ရှိမယ်။ မိုးအုံ့တဲ့အခါ ရှိမယ်။ မိုးရွာတဲ့...