Friday, July 17, 2020

ဆွမ်းဘုန်းပေးခါနီး အုန်းမောင်းဘာကြောင့်ခေါက်တာလဲ "

" ဆွမ်းဘုန်းပေးခါနီး အုန်းမောင်းဘာကြောင့်ခေါက်တာလဲ "
-
ဂျပန်ခေတ်က စစ်ကိုင်းတောင်ရိုး မင်္ဂလာစေတီချောင်ကို ဂျပန်အရာရှိကြီးတစ်ဦးနှင့်စကားပြန်တစ်ဦး ရောက်လာ၏ ဆွမ်းစားချိန်ဖြစ်သောကြောင့် ကြေးမောင်းထိုးတုံးခေါက်ရာ ဂျပန်အရာရှိက ဘာလုပ်တာလည်းဟုမေး၏

စကားပြန်က ဆွမ်းစားမှာမို့ ကြေးမောင်းထိုးတုံးခေါက်ခြင်းဖြစ်ကြောင်းရှင်းပြရာ ဂျပန်အရာရှိကြီးက ဒါ... ဘုန်းကြီးတွေများလှူတဲ့ဆွမ်းစားတာတောင် ဒီလို ကြေးမောင်းတွေထိုးတုံးတွေခေါက်ပြီးစားရင် ကိုယ့်ဖာသာရှာစားရင်တော့ အမြောက်နဲ့ဖေါက်ပြီးများ စားမလားမသိဘူး မှတ်ချက်ပြုသတဲ့။

ထိုမှတ်ချက်စကားကို စကားပြန်က မင်္ဂလာစေတီဆရာတော်ဘုရားကြီးအား လျှောက်ထားရာ ဆရာတော်ဘုရားကြီးက ဘုန်းကြီးတို့ ဒီလိုကြေးမောင်းတွေထိုးတုံးခေါက်ပြီး ဆွမ်းဘုဉ်းပေးတာဟာ ကြွားချင်လို့မဟုတ်ဘူး၊ဒီအနီးအနားမှာ ခရီးသွား သံဃာတော်အရှင်သူမြတ်တွေ ဆွမ်း၊ဆွမ်းဟင်းမပြည့်စုံသေးရင် ဒီနေရာမှာ ဆွမ်း ဆွမ်းဟင်းအပြည့်စုံရှိပါတယ်၊ဆွမ်းစားကြွတော်မူကြပါလို့ အသိပေးဖိတ်ကြားတာဖြစ်တယ်အပြင် နောက်ပြီးတော့ ရွာတွေက ဆွမ်း ဆွမ်းဟင်းလောင်းလှူကြသော ဆွမ်းဒါယိကာ၊ဆွမ်းဒါယိကာမ များအနေဖြင့် မိမိတို့လောင်းလှူလိုက်တဲ့ ဆွမ်း ခဲဘွယ်တို့ကို သံဃာတော်အရှင်သူမြတ်တွေ ဘုဉ်းပေးသုံးဆောင်တော့မှာဖြစ်တဲ့အတွက် အလှူရှင်အများအနေဖြင့် ကောင်းမှုကုသိုလ်အစုစုတို့ကို သာဓု အနုမောဒန ခေါ်ဆိုနိုင်ဖို့ဖြစ်တယ်လို့ ဒါကာလို့မိန့်ကြားတော်မူတယ်။

ဆရာတော်ဘုရားကြီး ရှင်းပြတာကိုနားထောင်၍ ဂျပန်အရာရှိကြီးက နားလည်သဘောကျရင်း အကြိမ်ကြိမ်ဦးချကာပြန်သွားသည်၊ ဆရာတော်ဘုရားများအနေဖြင့် ဆွမ်းဘုဉ်းချိန်ရောက်လျှင် စားသောက်ဆိုင်များကိုဝင်ရောက်၍ အကုန်ကျခံဘုဉ်းပေးတော်မူကျပါနဲ့ သိသိ မသိမသိ ဆွမ်းဘုဉ်းချိန်ရောက်လို့ ကြေးမောင်းထိုးတုံးခေါက်သော ကျောင်းတိုက်များသို့သာဝင်ရောက်၍ ဘုဉ်းပေးတော်မူကြပါ ၎င်းကြေးမောင်းသံတုံးခေါက်သံတို့သည် အရှင်ဘုရားတို့အား ဆွမ်းစားပင့်ဖြစ်သည်ဟု ဆရာတော်ဘုရားကြီးမိန့်တော်မူသည်။

နာယူမိသမျှတရားတော်လေးပြန်လည်ဝေမျှပေးတာပါ 😚

ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်ဘုရားကြီး

[ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ_အလှူအားလုံးတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏ ]
-
စာဖတ်သူ ဓမ္မမိတ်ဆွေများအတွက်ရည်ရွယ်ပြီး ဆရာတော်ဘုရားများ ဟောပြလမ်းညွှန်ထားသောတရား တော်များမှအသိဉာဏ် ဗဟုသုတနှင့် ကုသိုလ်တရားများစဉ်ဆက်မပြတ်တိုးပွားစေရန်နေ့စဉ် ဓမ္မအကြောင်းရာလေးတွေ မျှဝေ တင်ပြအပ်ပါတယ် ဓမ္မမိတ်ဆွေများအားလုံး ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ ကောင်းကျိုး လိုရာဆန္ဒများပြည့်စုံကြပါစေသံသရာ ၀ဋ်ဆင်းရဲမှလွတ်မြောက်ကြပါစေ ကျွန်တော့်၏ Post များမှ ဓမ္မတရားတော်များကို အများသူငါဖတ်ရှုလေ့လာ ကုသိုလ်ပွားနိုင်ရန်အတွက်ထပ်ဆင့် ၍ဝေမျှ Share ခြင်းဖြင့်် ကုသိုလ်ယူနိုင်ကြပါသည် ခင်ဗျာ ၊ ဤဓမ္မဒါနကိုဝေမျှရသောကုသိုလ်ကြောင့်နိဗ္ဗာန်အတွက်ကြီးစွာသောအထောက်အပံ့ဖြစ်ပါရစေ . . . ။

မေတ္တာဖြင့်ဓမ္မဒါနဝေမျှပါသည်
မူရင်းcrd#ပေးပါတယ်

ဓမ္မရံသီအရှင်ကဝိန္ဒ (မိုးကုတ်)
Crd.......

No comments:

Post a Comment

သောကကင်းစွာရှင်သန်ပါ

   ဘဝဆိုတာ ရာသီဥတုဆန်တယ်။ အမြဲတမ်း သာယာမနေနိုင်သလို အမြဲတမ်းလည်း ဆိုးရွားမနေနိုင်ပါဘူး။ နေသာတဲ့အခါ ရှိမယ်။ မိုးအုံ့တဲ့အခါ ရှိမယ်။ မိုးရွာတဲ့...