Wednesday, July 29, 2020

လည်ဆွဲ "

" လည်ဆွဲ "

           ပန်းထိမ်ဆရာတစ်ဦး ကွယ်လွန်သွားပြီးနောက် သူ၏မိသားစုမှာ စီးပွားရေးအခြေအနေကျဆင်းလာခဲ့သည်။ နေ့စဉ်စား၀တ်နေရေး ဖြေရှင်းရန်အတွက် မိသားစုမှာငွေကြေးအခက်အခဲနှင့်ရင်ဆိုင်နေရသည်။
           တစ်နေ့မှာ ပန်းထိမ်ဆရာရဲ့ဇနီးက နီလာလည်ဆွဲလေးတစ်ခုကို သိမ်းထားရာမှထုတ်လိုက်ပြီး သူမ၏သားကိုပေးပြီး …

     " သားရေ … ဒီလည်ဆွဲကိုယူပြီး မင်းဦးလေးဆိုင်ကိုသွား လည်ဆွဲကိုပေးလိုက် လည်ဆွဲအတွက်တန်ဖိုးငွေကို သားပြန်ယူလာခဲ့ပါ … '' လို့ ပြောတယ်။

           ကောင်လေးလည်း မိခင်ပြောသည့်အတိုင်း လည်ဆွဲကိုယူပြီး သူ့ဦးလေးဆီသွားပေးသည်။ ဦးလေးသည်လည်ဆွဲကိုယူကြည့်ပြီး 
ကောင်လေးကိုပြောတယ်။

     " သားရေ … လည်ဆွဲကို မင်းအမေဆီပြန်ယူသွားလိုက်ဦး။ သူ့ကိုပြောလိုက် အခု ကျောက်မျက်စျေးတွေကျနေတယ်။ နောက်စျေးကောင်းတဲ့အခါမှရောင်းပါလို့ ပြောလိုက် အခုတော့ မင်းအမေစျေးသုံးဖို့ငွေအနည်းငယ်ပေးလိုက်မယ်။ ဪ … ဒါနဲ့ မင်းအခုအလုပ်မရှိဘူး။ အားနေတယ်မဟုတ်လား။ နက်ဖြန် ဦးလေးရဲ့ကျောက်မျက်ဆိုင်မှာ အလုပ်လာလုပ်ကွာ။ ဦးလေးကမင်းကိုလုပ်အားခပေးမှာပေါ့ကွ … " လို့ပြောလိုက်တယ်။

           ကောင်လေးလည်း သူ့ဦးလေးပေးလိုက်သည့် ငွေအနည်းငယ်နဲ့သူတို့မိသားစု ရေရှည်ရပ်တည်နိုင်မည်မဟုတ် နက်ဖြန်ကစလို့
ဦးလေးဆိုင်မှာ အလုပ်ဆင်းမှဖြစ်မယ်လို့ စဉ်းစားမိတယ်။ နောက်နေ့ကစ၍ ကောင်လေးသည် သူ့ဦးလေးဆိုင်သို့သွားရောက်ပြီး အလုပ်ဆင်းသည်။ 
           သူသည် အလုပ်လုပ်နေရင်း အဖိုးတန်ကျောက်မျက်တို့၏အကြောင်းကို လေ့လာသင်ယူခဲ့သည်။ လုပ်သက်ရင့်လာတာနဲ့အမျှ ကျောက်မျက်အကြောင်းကို အတော်လေးစစ်ဆေးအကဲဖြတ်နိုင်လာသည်။ ကျောက်မျက်ကို ကြည့်ရှုပြီးစျေးဖြတ်နိုင်သည့်အဆင့်သို့ပင် 
ကျွမ်းကျင်တတ်မြောက်လာခဲ့လေသည်။
           တစ်နေ့မှာ ဦးလေးက …

     '' လူလေးရေ … မင်းအမေဆီသွားလိုက်ဦး။ အခုကျောက်မျက်စျေးတွေကောင်းနေတယ်။ ဒီအချိန်ရောင်းရင်စျေးကောင်းရမှာလို့ ပြောပြီး နီလာဘယက်ကိုယူလာခဲ့ … " ပြောသည်။

           ကောင်လေးလည်း အိမ်ပြန်ခဲ့သည်။ သူ့အမေဆီမှ နီလာလည်ဆွဲကိုယူပြီး စစ်ဆေးကြည့်ရှုရာ လည်ဆွဲမှာအစစ်မဟုတ် အတုဖြစ်ကြောင်းသိရလေသည်။ နောက်တစ်နေ့တွင် ကောင်လေးသည်သူ့ဦးလေးဆိုင်သို့ပြန်လာခဲ့သည်။ လည်ဆွဲကိုတော့ သူမယူလာခဲ့တော့ပေ။ ဦးလေးမှ လည်ဆွဲဘာလို့မယူလာကြောင်းမေးရာ …

     " လည်ဆွဲလား မယူခဲ့တော့ဘူးလေ။ ကျွန်တော်သေသေချာချာ စစ်ဆေးကြည့်ခဲ့ပြီးပြီ အဲ့ဒါအတုကြီးဗျ။ ဘာမှတန်ဖိုးမရှိပါဘူးဗျာ။ " ဟု
ပြောလိုက်သည်။

           ပြီးနောက် ကောင်လေးက ဦးလေးကိုပြန်မေးလိုက်သည်။

     " ဦးလေး … အမေ့လည်ဆွဲဟာ အတုကြီးမှန်း ဦးလေးသိပြီးဖြစ်ပေမယ့် ဘာဖြစ်လို့ စျေးကောင်းရမှရောင်းပါဆိုပြီး သိမ်းခိုင်းထားရတာလဲခင်ဗျာ … ''
     " ဒီမယ် လူကလေး … မင်းလည်ဆွဲကိုယူလာခဲ့စဉ်တုန်းက လည်ဆွဲကအတုပါလို့ ငါပြောလိုက်ရင် မင်းတို့မိသားစုစိတ်ဓာတ်ပိုကျသွားမယ်။ နောက်ပြီး … ငါကလိမ်ပြောတယ်လို့ မင်းတို့ထင်ကြလိမ့်မယ်။ အခုဆို မင်းလည်းကျောက်မျက်အကြောင်းသိနေပြီပဲ။ လည်ဆွဲက အတုဆိုတာကို မင်းကိုယ်တိုင်သိသွားရတာပေါ့။ "

           အသိဥာဏ်မပါတဲ့စောင့်ရှောက်ခြင်းဟာ အထင်လွဲခြင်းနဲ့ ပျက်စီးခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အမြော်အမြင်ကြီးစွာ ဆောင်ရွက်သင့်လှတယ်။
Crd......

No comments:

Post a Comment

သောကကင်းစွာရှင်သန်ပါ

   ဘဝဆိုတာ ရာသီဥတုဆန်တယ်။ အမြဲတမ်း သာယာမနေနိုင်သလို အမြဲတမ်းလည်း ဆိုးရွားမနေနိုင်ပါဘူး။ နေသာတဲ့အခါ ရှိမယ်။ မိုးအုံ့တဲ့အခါ ရှိမယ်။ မိုးရွာတဲ့...