Monday, July 6, 2020

ကျွဲတစ်ကောင်တစ်ကောင်

ကျွဲတစ်ကောင်တစ်ကောင်
===================-=

ဟိုရှေးရှေးတုန်းက
တောကြီးတစ်နေရာမှာ ကျွဲကြီး တစ်ကောင်ရှိသည်။
ထိုကျွဲကြီးသည် သူရဲ့ဦးဂျိုကို
သူအလွန်တရာမှချစ်မြတ်နိုး၏။
ထို အခါ ကျီးကန်း ညီအစ်ကိုနှစ်ကောင်သည် ထိုကျွဲကြီး၏သူအလွန်တရာချစ်မြတ်နိုးသော
ဦးဂျိုကိုမြင်ပြီး ကျွဲကြီးကိုမေးလေသည်။

အို....မိတ်ဆွေကျွဲကြီး သင်၏ဦးဂျိုကို
အဘယ်ကြောင့် အလွန်တရာချစ်မြတ်နိုးရပါသနည်း..ဟုမေးလေရာ ကျွဲကြီးက ..ငါ၏တစ်ကိုယ်လုံးခန္ဓာကိုယ်ပေါ်မှာ အလှပဆုံးဆိုစရာ ဒီဦးဂျိုနှစ်ချောင်းပဲ ရှိတာမို့
ငါ၏ ဦးဂျိုကို အလွန်တရာပင်
ချစ်မြတ်နိုးရပါသည် တကား...ဟုတ်ဖြေဆိုလေသည်။

ထို အခါပင် ကျီးကန်းညီအစ်ကိုက
ကျွဲကြီးကို ထပ်မေးလေးသည်။
အို ...မိတ်ဆွေ ကျွဲကြီး သင်အလွန်တရာပင် ချစ်မြတ်နိုးကသော သင့်၏ဦးဂျိုကို.ဖြတ်ရဲ ပါသလော ဟုတ် ထပ်မေးလေ ရာ ကျွဲကြီးက ငါငယ်စဉ်ကတည်းက ဒီဦးဂျိုနဲ့နေလာခဲ့တာပါ အဆွေ....
ဒီဦးဂျိုကိုဖြတ်လိုက်ပါက ငါ တကယ့် ဒုက္ခနဲ့ကြုံရတဲ့အဖြစ်လိုမျိုး
ခံစားရမှာသေခြာပါတယ် အဆွေ ....ဟု
ကျွဲကြီးက ဖြေလေ သည်။

ထို အခါ ကျီးကန်း ညီအစ်ကို ဘက်က ကျွဲကြီးကို ထပ်ခါထပ်ခါ အခါတစ်ရာ မက ကျွဲကြီး၏ဦးဂျိုကို ဖြတ်လိုက် ဖို့ တိုက် တွန်းလေရာ...
ကျွဲုကြီးလည်း ထို ကျီးကန်းညီအစ်ကိုကို မနက်ဖြန် ဖြတ် ပေးမယ် လို့ကတိ ပေးလိုက်လေ သည်။
မနက်မိုးလင်းတော့ ကျီးကန်းညီအစ်ကို ကျွဲကြီးရှိတဲ့ တော ရပ်ကိုရောက်လာလေ သည်။
ထို အခါ ကျွဲကြီး ၏ အလွန်တရာပင် ချစ်မြတ်နိုးရသော ဦးဂျိုနှစ်ဖတ်.စလုံးမရှိတော့ တာကို တွေ့လိုက်သောအခါ ကျွဲကြီးကိုမေးလေ၏။

အို....အဆွေ ကျွဲကြီး
သင် အလွန်တရာပင် နာကျင်ရပါသကောဟုတ်
မေးလေ ရာ ကျွဲကြီးက ငါ ဒီလောက် အလွန်တရာ
နာကျင်လွန်တာ ဒီတစ်သက်မှာ ဒီတစ်ခါပဲ ခံစားဖူးရပါသည်
အဆွေ ကျီးကန်း....ဟုတ်ပြော လေ သည်။
ထို အခါ ကျီးကန်းကသိပ်မကြာခင် သင် အလွန်တရာနာကျင်တဲ့အနာတွေ ပျောက်သွားမှာပါ.....ဟုတ် ကျွဲကြီးကို ပြောပြီး ပျံသွားလေ၏။

၇ လကြာသော်.....ကျီးကန်းသည်ကျွဲကြီးရှိရာတောကြီးသို့ တဖန် လာတွေ့လေတော့သည်။
ထိုအခါ ကျွဲကြီးကို တွေပြီး မေးပြန်ပါသည်။ အို...အဆွေ ကျွဲကြီး သင်၏ အလွန်နာကြင်လွန်းလှတဲ့ ဒဏ်ရာတွေ သက်သာပြီလာ .....
ကျွဲကြီး သက်သာပါပြီ အဆွေကျီကန်း......
ထို အခါကျီးကန်းက ကျွဲကြီးကို ပြောလေသည်။

ဒီလိုပါပဲ အဆွေ ကျွဲကြီး
တစ်ခါတလေ ဘဝ မှာ အရမ်းအမြတ်တနိုးနဲ့
တန်ဖိုးထားတဲ့ အရာတွေဟာ
ကိုယ့်ကို အရမ်းနာကြင်လွန်းတဲ့ဒဏ်ရာတွေ
ပေးတတ်ကြပါတယ်။
တကယ်တမ်း သူတို့မရှိရင် တောင် ငါတို့ဘဝ သာသာယာယာ ပဲ အဆွေ .......

ဒီစာပိုဒ် ရဲ့အဓိပ္ပါယ်ကတော့
ကိုယ်အလွန်တရာ ချစ်မြတ်နိုးတဲ့ အရာကပဲ ကိုယ့်ကိုအလွန်တရာနာကြည်းလွန်းတဲ့ ဒဏ်ရာတွေ
ပေးတတ်ကြတယ်လို့ အဓိပ္ပါယ်ရပါတယ် ခင်ဗျား။

အမှန်တကယ်ကျတော့ သူတို့မရှိရင်
သူတို့ကိုမေ့ဖျောက်လိုက်ရင်တောင်
ကိုယ့်ဘဝ သာသာယာယာပါပဲ။

Crd.........

No comments:

Post a Comment

သောကကင်းစွာရှင်သန်ပါ

   ဘဝဆိုတာ ရာသီဥတုဆန်တယ်။ အမြဲတမ်း သာယာမနေနိုင်သလို အမြဲတမ်းလည်း ဆိုးရွားမနေနိုင်ပါဘူး။ နေသာတဲ့အခါ ရှိမယ်။ မိုးအုံ့တဲ့အခါ ရှိမယ်။ မိုးရွာတဲ့...