Monday, June 29, 2020

ဇနီးသည်ကို ချောင်းမြောင်းလေ့ရှိသူကို ဓားဖြင့်လည်ပင်းခုတ်သတ်မှုဖြစ်ပွား

ဇနီးသည်ကို ချောင်းမြောင်းလေ့ရှိသူကို ဓားဖြင့်လည်ပင်းခုတ်သတ်မှုဖြစ်ပွား
 ========================================================
ဇနီးသည်အား အမြဲလိုလိုလာရောက်ချောင်းမြောင်းလေ့ရှိသူကို ဓားဖြင့်လည်ပင်းခုတ်သတ်လိုက်သည့်ဖြစ်စဉ်တစ်ခု တောင်တွင်းကြီးမြို့နယ်၌ ဖြစ်ပွားကြောင်း သတင်းရရှိသည်။

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ တိုက်ပွဲကျေးရွာအုပ်စု၊ ဘန်းကုန်းကျေးရွာအနောက်ဘက်၊ ဆည်အနီး၌ ဇွန်(၂၉)ရက်၊ နံနက် ၇ နာရီခွဲခန့်တွင် လူတစ်ဦးလည်ပင်းပြတ်ထွက်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း သတင်းပေးချက်ကြောင့် တာဝန်ရှိသူများကသွားရောက် စစ်ဆေးခဲ့ကြသည်။

သေဆုံးသူမှာ ဂုံညင်းတန်းကျေးရွာနေ (၃၈)နှစ်ရှိ သံခဲဆိုသူဖြစ်ပြီး လည်ပင်းပြတ်ထွက်၊ ဝဲပုခုံးပြတ်ရှ၊ ယာလက်ဖျံပြတ်ရှစသည့်ဒဏ်ရာများဖြင့် ရဲတင့်(၄၀)နှစ်ဆိုသူ၏ နေအိမ်အနီး၌ လဲကျသေဆုံးနေခြင်းဖြစ်သည်ကို တွေ့ရှိခဲ့ကြသည်။

သေဆုံးသူသံခဲ(၃၈)နှစ်မှာ အခင်းဖြစ်နေအိမ်အနီးရှိ ရဲတင့်(၄၀)နှစ်၏ ဇနီးမ-------(၄၅)နှစ်နှင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဧပြီလပိုင်း၌ တရားမဝင်ပေါင်းသင်းနေထိုင်ခဲ့ဖူးရာမှ ခင်ပွန်းဖြစ်သူရဲတင့်နှင့်ပြန်လည်ပေါင်းသင်းနေထိုင်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ယင်းအတွက်ကြောင့် သေဆုံးသူသံခဲ(၃၈)နှစ်က ရဲတင့်(၄၀)နှစ်၏ဇနီးကို လာရောက်ချောင်းမြောင်းလေ့ရှိရာ ဇွန်(၂၈)ရက်၊ ညအချိန်တွင် နေအိမ်အနီးသို့ ထုံးစံအတိုင်းရောက်ရှိလာပြီးအရက်မူး၍အိပ်ပျော်နေသည်ကို နံနက်ပိုင်းအခင်းဖြစ်သည့်အချိန်၌ ရဲတင့်(၄၀)နှစ်က တွေ့ရှိသဖြင့် သည်းမခံနိုင်သောကြောင့် ဓားနှင့်ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် ပြစ်မှုကျူးလွန်သူ ရဲတင့်(၄၀)နှစ်ကို ကုက္ကိုကုန်းနယ်မြေရဲစခန်း(ပ)၂၀/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂ဖြင့် အမှုရေးဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်
ဓါတ်ပုံ-ကုက္ကိုကုန်းနယ်မြေရဲစခန်း
crd.........

Sunday, June 21, 2020

ကမ္ဘာ့့တိုက်ကြီးများအကြောင်း

ကမ္ဘာ့့တိုက်ကြီးများအကြောင်း
==============================

၁။ အာရှတိုက် (အကြီးဆုံး) ၁၇၂၁၂၀၀၀ စ/မိုင်။
၂။ အာဖရိကတိုက် စ/မိုင် (၁၁) သန်းကျော်။
၃။ မြောက်အမေရိကတိုက် စ/မိုင် (၉) သန်းကျော်။
၄။ တောင်အမေရိကတိုက် စ/မိုင် (၈) သန်းကျော်။
၅။ ဥရောပတိုက် စ/မိုင် (၃) သန်း (၈) သိန်းကျော်။
၆။ ဩစတြေးလျတိုက်(အငယ်ဆုံးတိုက်) စ/မိုင် (၃) သန်း (၁)သိန်းကျော်။
၇။ အန္တာတိကတိုက်။
===============================
(ကမ္ဘာ့သမုဒ္ဒရာကြီးများ)

၁။ ပစိဖိတ်သမုဒ္ဒရာ(အကြီးဆုံး)။
၂။ အတ္တလန္တိတ်သမုဒ္ဒရာ။
၃။ အိန္ဒယသမုဒ္ဒရာ။
၄။ အာတိတ်သမုဒ္ဒရာ။
===============================
(နေစင်္ကြာဝဠာအတွင်းရှိဂြိုလ်ကြီးများ)

၁။ ဗဒ္ဓဟူးဂြိုလ် (Mercury)။
၂။ သောကြာဂြိုလ် (Venus)။
၃။ ကမ္ဘာဂြိုလ် (Earth)။
၄။ ကြာသပတေးဂြိုလ် (Jupiter)။
၅။ အဂါင်္ဂြိုလ် (Mars)။
၆။ စနေဂြိုလ် (Satun)။
၇။ ယူရေးနတ်ဂြိုလ် (Uranus)။
၈။ နပ်ပကျွန်းဂြိုလ် (Neptuns)
_____________________________________________

ကမ္ဘာ့အရှေ့ခြမ်းနှင့် အနှောက်ခြမ်းကို
ပိုင်းခြားထားသောမျဉ်း>(ဂရင်းနစ်မျဉ်း)

ကမ္ဘာ့တောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်းကို
ပိုင်းခြားထားသောမျဉ်း>(အီကွေတာမျဉ်း)

ကမ္ဘာ့စံတော်ချိန်(၂)မျိုးမှာ
၁။ ဒေသစံတော်ချိန်။
၂။ ဂရင်းနစ်စံတော်ချိန်။

ကမ္ဘာ့သက်တမ်း>(၄၅၅၀)နှစ်သန်းပေါင်း။

ကမ္ဘာ့၏ အလေးချိန် (တန် သန်းပေါင်း)>(၆၀၀)။

ကမ္ဘာ့အကြီးဆုံး ရေတံခွန် -{နိုင်ရာဂါရာ}>(ကနေဒါ)။

ကမ္ဘာ့အကျယ်ဆုံး ရေတံခွန် -(ခွန်)>(အင်ဒိုချိုင်းနား ကျွန်းစွယ်)။

ကမ္ဘာ့အမြင့်ဆုံး ရေတံခွန် -(အိန်ဂျယ်)>(ဗင်နီဇွဲလား)။

ကမ္ဘာ့အကြီးဆုံး ရေခဲမြစ်- (ဘီယက်မိုး) >(ကနေဒါ)။

ကမ္ဘာ့အကြီးဆုံး ကျွန်းစု-(အင်ဒိုနီးရှားကျွန်းစု)> {အင်ဒိုနီးရှား}။

(ကမ္ဘာ့လူဦးရေ- သန်း(၇၀၀၀)ကျော်)

ကမ္ဘာ့ပေါ်ရှိ နိုင်ငံပေါင်း-(၁၉၇) နိုင်ငံ။

ကမ္ဘာ့ ကုန် မြေ အကျယ်အဝန်း-စတုရန်းမိုင်ပေါင်း>
(၅၇၅၀၆၀၀၀)။

ကမ္ဘာ့ ရေပြင် အကျယ်အဝန်း-စတုရန်းမိုင်ပေါင်း>
(၁၃၉၄၃၄၀၀၀)။
 မူရင်း ရေးသားသူ အားလေးစားလျှက်. ...
#k.k..

ကျိုက်ထီးရိုးစေတီတော် တည်ထားပုံနှင့်သမိုင်းအကြောင်း

ကျိုက်ထီးရိုးစေတီတော် တည်ထားပုံနှင့်သမိုင်းအကြောင်း

စေတီတော်တည်ထားပုံ
==============================
ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်သည် အရှေ့ရိုးမတောင်တန်း အပါအဝင်ဖြစ်သော ပေါင်းလောင်းတောင်ပေါ်တွင် တည်ရှိ၍မြန်မာနိုင်ငံတွင် တန်ခိုးကြီးသော စေတီတစ်ဆူဖြစ်သည်။ ကျိုက်ထီးရိုးစေတီကို အစွဲပြု၍ စေတီတော်တည်ရှိရာတောင်ကို ကျိုက်ထီးရိုးတောင်ဟုခေါ်ကြသည်။ ကျိုက်ထီးရိုးစေတီ တည်ရှိရာတောင်ထွက်မှ ပင်လယ်ပြင်ရေအမြင့်ပေ ၃၆၀၀ ခန့်မြင့်သည်။ ကျိုက်ထီးရိုးစေတီတော် တည်နေပုံမှာ အံ့အားသင့်ဖွယ်ကောင်းလှသည်။ ကြီးမား၍ မတ်စောက်သော ကျောက်ဆောင်တစ်ခု၏ အစွန်းတွင် လုံးပတ်ပေ ၅၀ ခန့်ရှိသော ဦးခေါင်းပုံသဏ္ဌာန် ကျောက်လုံးကြီးတစ်ခုက ပြုတ်လုတည်းကားတင်၍ နေသည်။ ထိုကျောက်တုံးကြီးပေါ်တွင်မှ ဉာဏ်တော် ၁ ပေခန့် မြင့်သော စေတီတော် တည်ထားသည်။ စေတီတော် တည်ရှိရာ ကျောက်ဆောင်နှင့် ရင်ပြင်တော်ကို ချောက်တစ်ခုခြားနေသောကြောင့် သံတံတားငယ်ဖြင့် ဆက်သွယ်ထားရသည်။ စေတီတော်တည်ထားရာ ကျောက်တုံးကြီးသည် လူတစ်ယောက် တွန်းရုံမျှဖြင့် လှုပ်ရှား၏။ ထိုကျောက်တုံးကို တွန်း၍ အောက်ခံကျောက်အကြားသို့ အပ်ချည်ကြိုးကို သွင်းပြီးလျှင် ဆွဲယူနိုင်သည်။ ကျိုက်ထီးရိုးဘုရားသမိုင်းမှာ မူအမျိုးမျိုး ကွဲလျက်ရှိသည်။

(စစ်ကဲကြီး ဦးရွှေနော် ရေးသားသော မွန်ရာဇဝင်နှင့် စေတီတော် သမိုင်းပေါင်းချုပ်အရ ဖော်ပြပေးပါမည်)


စေတီတော်သမိုင်း
=======================
မြတ်စွာဘုရားသခင်သည် မဟာသက္ကရာဇ် ၁၁၁ ခုနှစ်ဆောင်ဥတုတွင် သုဝဏ္ဏဘုမ္မိသထုံပြည်သို့ ကြွချီတော်မူခဲ့ရာ၊ သထုံဘုရင် တိဿဓမ္မသီဟရာဇာမင်းနှင့် မှူးမတ်ပြည်သူအပေါင်းတို့က စံကျောင်းတော်မဏ္ဍပ်ကြီးကို ဆောက်လုပ်လှူဒါန်းကြသည်။ ဘုရားသခင်သည် ထိုမင်္ဂလာမဏ္ဍပ်တော်၌ ၇ ရက်တိုင်တိုင် စံနေတော်မူစဉ် များစွာသော ဝေနေယျသတ္တဝါတို့အား တရားတော် အမြိုက်ဆေး တိုက်ကျွေးတော်မူသည်။ ထိုအခါ ဂစ္ဆဂိရိ တောင်က တိဿကုမာရ ရသေ့၊ ဗန္ဓဝဂိရိတောင်က သီဟကုမာရ ရသေ့၊ ကုသိနာရုံတောင်က ရသေ့၊ ဒိုးကမော့ခတွံဂလိုင်းတောင်က ဗုဒ္ဓဏရသေ့၊ ဒိုးခလွန်တောင်က ရသေ့၊ မဲလံတောင်က ရသေ့၊ ပေါင်း ရသေ့ ၆ပါးတို့သည် မြတ်စွာဘုရားအား ဖူးမြော်ကန်တော့ကြပြီးနောက် ဓါတ်တော် မွေတော်များ ချီးမြှင့်စေရန်လျှောက်ထားတောင်းပန်ကြသဖြင့် ရသေ့တစ်ပါးလျှင် ဆံတော်တစ်ဆူစီ ပေးသနားတော်မူခဲ့လေသည်။ နောက်နေ့ရက်များမကြာမီ မွတ်လအိတောင်က ကပ္ပရသေ့၊ မွတ်လအပ်တောင်က နာဒရ ရသေ့၊ ဝါဂရုနယ် လမိုင်း ကေလာသတောင်က ရသေ့၊ ကျိုက္ကမီတောင်က ရသေ့၊ ကော့ယက္ခဇုပ်သွတ် ကျွန်းက ဘီလူးညီနောင် ၂ယောက်၊ ဒိုးယွန်းတောင်က ရသေ့၊ ဆောင်ခဲတောင်က အလ္လကပ္ပရသေ့၊ ပေါင်းပုဂ္ဂိုလ် ၇ ဦးတို့ အဖူးအမြော်ရောက်ကြသဖြင့် အထက်အနည်းတူ ဆံတော်တစ်ဆူစီ ပေးသနားတော်မူခဲ့သည်။ တိဿဓမ္မသီဟရာဇာမင်းအားလည်း ဆံတော် ၂ဆူ ချီးမြှင့် ပေးသနားတော်မူခဲ့လေသည်။ ဒိုးကမော့ခလွံဂလိုင်းတောင်က ဗုဒ္ဓဉာဏရသေ့၊ ဒိုးခလွန်တောင်က ရသေ့နှင့် ကုသိနာရုံတောင်က ရသေ့တို့သည် မိမိတို့ရရှိထားသော ဆံတော်ဓာတ်များကို ဌာပနာခြင်းမပြုကြပဲ သိမ်းဆည်းထားကြသည်။ ကာလအတန်ကြာလတ်သော် ဒိုးခလွန်ရသေ့နှင့် ကုသိနာရုံရသေ့တို့မှာ အိုမင်းမစွမ်းရှိကြသည့်အပြင် အနာရောဂါစွဲကပ်လာသည်နှင့် မကွယ်လွန်မီ မိမိတို့ရရှိထားသော ဆံတော်များကို ဗုဒ္ဓါဏရသေ့အား ပေးအပ်ခဲ့လေသည်။ ဗုဒ္ဓါဏရသေ့သည် ဆံတော်ဓာတ် ၃ဆူကို မပျောက်မပျက်ရအောင် မိမိ၏ ဆံကျစ်အတွင်း၌ စည်းနှောင်ထားလေ၏။ နောင်နှစ်ကာလ အတန်ကြာလတ်သော် အနာရောဂါနှိပ်စက်သဖြင့် ရသေ့ကြီးသည် အကယ်၍ မိမိကွယ်လွန်သွားခဲ့သော် ဆံတော်ဓာတ် ၃ဆူကို မည်သို့ မည်ပုံထားခဲ့ရမည်နည်းဟု တွေးတောပူပန်ခြင်း ဖြစ်မိလေသည်။ ထိုအခါ သိကြားမင်းသည် လူ့ပြည်ဆင်း၍ ရသေ့ကြီး၏ ဆန္ဒအတိုင်း ရသေ့ကြီးဦးခေါင်းနှင့် တူသော ကျောက်တုံးကို ရှာဖွေကာ ကျောက်တုံးထဲကို သန်လျက်နှင့် ထွင်း၍ ဆံတော်တစ်ဆူကို ဌာပနာခဲ့လေသည်။ ထိုသို့ ကျောက်တုံးပေါ်တွင် တည်ထားခဲ့သော စေတီတော်ကို မွန်ဘာသာဖြင့် ကျိုက်အိသိရိုး၊ မြန်မာဘာသာဖြင့် ရသေ့ရွက်သော ဘုရားဟုခေါ်၏။ နောင်ကာလကြာလတ်သော် ကျိုက်အိသိရိုးမှ ကျိုက်ထီးရိုးဟု ခေါ်တွင်လာလေသည်။ ကျန်ဆံတော် ၂ဆူကိုလည်း သိကြားမင်းက ဒိုးခလွန်တောင်နှင့် ကုသိနာရုံတောင်များတွင် အသီးသီးဌာပနာပေးခဲ့ကြောင်းကို သမိုင်းများတွင် ဆိုသည်။ ထိုစေတီတော်များမှာ ကေလာသနှင့် ကုသိနာရုံဟု ထင်ရှားသည်။
Crd.....
မူးရင် ရေးသားသူအာ လေးစားလျှက် ..
#k.k#


လောကနတ်ဆိုသည်မှာ

လောကနတ်ဆိုသည်မှာ

လောကနတ်ဆိုသည် မြောက်ပိုင်းဗုဒ္ဓဘာသာ မဟာယာနဂိုဏ်းမှ ဘုရားအလောင်းတော်မြတ် ဗောဓိသတ္တနတ်သားကို လူအများ၏ အားထားကိုးစားရာ (လောကနာထ)အနေဖြင့် ဆင်းတုရုပ်ထုပြုလုပ်ကာ ကိုးကွယ်ကြသည်ကိုစွဲပြီး ယခုလူတို့က “လောကနတ်” ဟုခေါ်ဆိုနေကြတာဖြစ်သည်။ ယင်းသည် ဘုရားဆင်းတုတော်မဟုတ်၊ လောကနာထ-ဆိုသည့် ပါဠိစကားမှ “လောကနာထ” လောကနတ်-ခေါ်တွင်သော (အဝလောကိ တေသွာရ ဗောဓိသတ္တ) ပုံဖြစ်၍ “မဟာရာဇ သိရီ အနုရုဒ္ဓဒေဝ” ဘွဲ့ထူးခံ ပုဂံ အနော်ရထာမင်းလက်ထက်လောက်က စပြီး ရေးသားမှုရှိခဲ့သည်ကို ကျောက်စာ အုတ်ခွက်နံရံတို့၌ တွေ့ရှိရသည်။

မြန်မာတို့ယုံကြည်သောလောကနတ်

စည်းစုပ်ကိုတီး၍ရန်မာန်ကိုပြေငြိမ်းစေသောနတ်။
‌ြေခတွင်မငြီး၊ စည်းစုပ်တီး၍၊ ရန်မီးငြိမ်းရွေ့၊ ဆင်ခြင်္သေ့ကို၊ ချမ်းမြေ့စေတတ်၊ လောကနတ်နှင့်။ ကုသ*၁၁။

”ရတနာရွှေဂူမှ ကေသရာဇာခြင်္သေ့မင်း ထွက်လေလျှင်၊ ကောင်းကင်ဆင်ပျံနှင့် တွေ့၍၊ အစာဖြစ်သော တိမ်ညွန့်များကြောင့် ခိုက်ရန်ဖြစ်ကြသဖြင့်၊ ဆင်ပျံဦးကင်းကို ခြင်္သေ့နင်းလျက် နှာမောင်းကို စုတ်သည်တွင် လောကနတ်သည် ရန်နှစ်ဦးကို မြင်လေ၏။ လောကနတ်သည် ခြေတွင် စည်းစုပ်တီးလျက်၊ သီချင်းသီ၍၊ ကခုန်ရွှင်မြူးပြ၏။ ဆင်ပျံနှင့် ခြင်္သေ့တို့သည် အသံ (အကနှင့် ကဗျာ) ၏ သာယာညက်ညော တင့်တယ်လှသည်ကို နာခံကြ၍ ရန်ငြိမ်းကြလေသတည်း။” (ဇေယသင်္ခယာရေး ရွှေဘုံနိဒါန်း)

အခါတစ်ပါးမှာ ဆင်ပျံနဲ့ ခြင်္သေ့ ပျံတို့ နှစ်ကောင်ဟာ သူတို့ရဲ့အစာဖြစ်တဲ့ တိမ်ညွှန့်တိမ်သားကို လုယက်စား သောက်ကြရာကစလို့ အမျက်တွေ ထွက်ကြပြီး တစ်ကောင်နဲ့ တစ်ကောင် ရန်သတ်ကြတော့သတဲ့။အဲဒီ အချိန်မှာ လောကကို စောင့်ရှောက်ဖို့ရာ အလို့ငှာ လှည့်လည်နေတဲ့ လောကနတ်သားနဲ့ ရန်သတ်နေကြတာ တွေ့တော့တာပါ။ ခြင်္သေ့ပျံနဲ့ ဆင်ပျံတို့ သတ်ပုတ်နေကြ တာကို တွေ့လိုက်တဲ့ လောကနတ်သားက ဟာ ဆောင်ထားမြဲဖြစ်တဲ့ စည်းစုပ်ကို ခြေဖဝါး နှစ်ခုအကြား ညှပ်ကာတီးလို့ သာယာငြိမ့်ညောင်းတဲ့ တေးသီချင်းကို သီကြူးပြီး ကပြလိုက်ပါတယ်။လောကနတ်သားရဲ့ စည်းခတ်သံ၊ သီကျူးလိုက်တဲ့ သီချင်းအသံနဲ့ ကကြိုး ကကွက်တို့ကို မြင်ရကြားရတဲ့ ခြင်္သေ့ပျံနဲ့ ဆင်ပျံတို့ဟာ စိတ်နှလုံး နူးညံ့ပျော့ပျောင်းလာ ကြပြီး ရန်သတ်နေရာကနေ မေတ္တာတွေ ပွားလို့ အချင်းချင်း မိတ်ဆွေတွေ ဖြစ်သွား ကြပါရောတဲ့။
ဒါကတော့ မြန်မာပညာရှိ ဇေယ သင်္ခယာရေးတဲ့ ရွှေဘုံနိဒါန်းမှာ လောက နတ်နဲ့ ပတ်သက်ပြီး ဖော်ပြထားတာပါ။
Crd....
မူရင်ရေးသာသူအာ လေးစားလျှက်.. .

ရဟန်းမိဘ အပါယ်မကျ ဆိုသည်မှာ…



ရဟန်းမိဘ အပါယ်မကျ ဆိုသည်မှာ…
**************************
ဖတ်ကြည့်နော်…

မိဘဟူသည် ကစ္စည်းသဒ္ဒါကျမ်း၌
သားသမီးကို ချစ်မြတ်နိုးတတ်သောကြောင့်
အမေ။

သားသမီးကို စောင့်ရှောက်တတ်သောကြောင့်
အဖေဟု
ဖွင့်ဆိုပြထားပါတယ်။

ထို့ကြောင့်
သားသမီးကို ချစ်မြတ်နိုး
စောင့်ရှောက်တတ်သောကြောင့်
မိဘဟု ခေါ်ရပါမည်။
         
မိဘဆိုတာ…
တစ်နေ့တာလုံးမှာ ၉ဝ% လောက်က
သားသမီးတွေဆီကို
စိတ်ရောက်နေတတ်ပါတယ်။

ရဟန်းမိဘတွေဆိုတာလည်း
မိမိသားရဟန်းဆီ
အမြဲစိတ်ရောက်နေတတ်ပါတယ်။

ဒီအချိန်ကတော့…
ငါ့သားရဟန်း ဘုရားဝတ်ပြုချိန်။

ဒီအချိန်ကတော့…
ငါ့သားရဟန်း ဆွမ်းခံကြွချိန်။

ဒီအချိန်ကတော့…
ငါ့သားရဟန်း စာကျက်ချိန်။

ဒီအချိန်ကတော့…
ဝေယျာဝစ္စလုပ်ချိန် စသည်ဖြင့်
သားရဟန်းဆီ စိတ်ရောက်ရင်း…

သားရဟန်းပြုနေတဲ့
ကုသိုလ်တွေကို
အမြဲပီတိပွားနေတတ်ပါတယ်။

ကုသိုလ်ပီတိနဲ့ လွှမ်းခြုံထားတဲ့ စိတ်ဟာ
မကောင်းကျိုး မပေးနိုင်ပါဘူး။

နေ့တိုင်း သားရဟန်းဆီ စိတ်ရောက်ရင်

သားရဟန်းပြုနေတဲ့ ကုသ်ိုလ်အပေါ်
အမြဲပီတိပွားနေတဲ့ ရဟန်းမိဘတွေဟာ
အပါယ်မကျနိုင်ပါဘူး။
     
ဒါပေမဲ့…
သားရဟန်းတော့ ရှိပါရဲ့။

သားရဟန်းဆီ စိတ်ကမရောက်
ကုသိုလ်မပွား ပီတိမဖြစ်
လုပ်မိလုပ်ရာ လုပ်နေမယ်ဆိုရင်တော့
အပါယ်ကျမှာပါ။
   
ဒါကြောင့်…
ရဟန်းမိဘတိုင်း အပါယ်မကျတာ
မဟုတ်ပါဘူး။

သားရဟန်းဆီ စိတ်ရောက်ပြီး
အမြဲပီတိပွားနေမှ အပါယ်မကျနိုင်မှာပါ။

သားရဟန်းဆီ စိတ်မရောက်ပဲ
အကုသိုလ်နဲ့ပဲ ပျော်မွေ့နေရင်တော့
အပါယ်ကျမှာပါဟု ဖြေလိုက်ပါရစေ။

နောက် ပြောစရာလေးတစ်ခုက…
မိမိမှာ
သားရဟန်းမရှိတဲ့ ဒကာ ဒကာမတွေလဲ
မျက်နှာငယ်စရာ မလိုပါဘူး။

မိမိကိုးကွယ်တဲ့ ဆရာတော်

မိမိသားတစ်ယောက်လို ချစ်မြတ်နိုးတဲ့
ရဟန်းတစ်ပါးဆီ
စိတ်ရောက်နေပြီး
အမြဲကုသိုလ် ပွားနေမယ်ဆို
သူတို့လဲ
ရဟန်းမိဘတွေလို အပါယ်မကျနိုင်ပါဘူး။

လိုရင်းကတော့…

ကုသိုလျတရား၌
အမြဲစိတ်ရောက်နေပြီး ပီတိပွားနေမယ်
ဆိုရင်
အပါယ်မကျနိုင်ပါဘူး။

လိုရင်းကတော့…

ရဟန်းမိဘ ဖြစ်ဖြစ်…
မိဘမဟုတ်သူ ဖြစ်ဖြစ်…
ကုသိုလ်တရား၌ အမြဲစိတ်ရောက်ပြီး
ပီတိဖြစ်နေမယ်ဆို
အပါယ်မကျနိုင်ပါကြောင်း အသိပေးအပ်ပါ
သည်။
  Crd.....
မူရင်းရေးသားသူအာ လေးစားလျှက်

#k.k

စျေးရောင်းနည်း လမ်းညွှန် (၁၇) ချက်

စျေးရောင်းနည်း လမ်းညွှန် (၁၇) ချက်
~~~~~~~~~~~~~~~~~~~~~~~

၁။ ဆိုင်နေရာကောင်းခြင်းဟာ ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးကြီးပါတယ်။

၂။ ရောင်းကုန်ရဲ့ အရည်အသွေးဟာ ဆိုင်နေရာထက် ပိုအရေးကြီးနေတတ်ပြန်တယ်။

၃။ စကားချိုချိုသာသာ စျေးရောင်းတတ်ခြင်းဟာ အရေးကြီးပါတယ်။ ဖောက်သည်ကို ပိုမြဲစေပါတယ်။

၄။ အရင်းအနှီး နည်းတာကို စိုးရိမ်ခြင်းထက်၊ ယုံကြည်မှု နည်းတာကို ပိုစိုးရိမ်သင့်ပါတယ်။

၅။ ဆိုင်ကို လှလှပပ ခင်းကျင်းတတ်ခြင်းဟာ အရေးကြီးပေမဲ့ နည်းနည်း ရှုပ်ပွနေတဲ့ ဆိုင်ငယ်ကလေးက ပိုရောင်းကောင်းနေတတ်ပါတယ်။စျေးချိုတယ်ဆိုတာကို ဝယ်ယူသူများက ထင်မြင်သွားစေလို့ပါ။

၆။ ဝယ်သူကို တောက်လျှောက်လိုက်ကပ်နေတာမျိုး၊ မဝယ်မချင်းတိုက်တွန်းနေတာမျိုး ရှောင်ကြဉ်ပါ။

၇။ ပိုက်ဆံ တစ်ကျပ်သုံးနိုင်တဲ့ စားသုံးသူက ပိုက်ဆံ တစ်ရာသုံးနိုင်တဲ့ စားသုံးသူထက် စီးပွားတက်ဖို့ ပိုထောက်ကူတတ်တယ်။ တန်ဖိုး ပိုရှိတယ်။

၈။ ငွေလည်ပတ်မှု မြန်ဆန်ပါစေ။

၉။ စားသုံးသူရဲ့ ရှေ့မှာ ဆိုင်ဝန်ထမ်းတွေကို ဆဲဆိုအပြစ်တင်ခြင်းဟာ စားသုံးသူကို မောင်းထုတ်တာပါ။

၁၀။ နည်းနည်း၊ များများ လက်ကားဖောက်သည်ကို အမျိုးလို သဘောထားပါ။ တတ်နိုင်သမျှ သူတို့ရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးပါ။

၁၁။ ရောင်းကုန်ပစ္စည်း ပြတ်သွားတယ်ဆိုတာ ဖောက်သည်ကို လျစ်လျူရှုတာ ၊စော်ကားတာနဲ့ အတူတူပဲ။

၁၂။ စျေးနူန်းတစ်ခုတည်း ဖြစ်ပါစေ၊ တခုခုကြောင့် စျေးလျှော့ရောင်းခြင်းဟာ ရှုပ်ထွေးမူကို ဖြစ်စေတတ်ပါတယ်။ ကတိကို ထိခိုက်နိုင်စေပါတယ်။

၁၃။ ဘယ်သူ့ကိုမှ အတင်းရောင်းချခြင်း မပြုလုပ်ပါနှင့်၊ စားသုံးသူ ကြိုက်နှစ်သက်သော ပစ္စည်းကို ရောင်းချနေတာ မဟုတ်ပါ။ စားသုံးသူ အကျိုးရှိစေတဲ့ ပစ္စည်းကို ရောင်းချနေတာပါ။

၁၄။ စက္ကူ တစ်ရွက်ပဲဖြစ်ဖြစ်၊ လက်ဆောင်ကို လူတိုင်း နှစ်သက်တတ်ကြပါတယ်။

၁၅။ ကလေးများဟာ ကျေးဇူးရှင်ပါ။ စားသုံးသူများက ကလေးကို ခေါ်ဆောင်လာတာပဲ ဖြစ်ဖြစ်၊ကလေးစျေးလာဝယ်တာပဲ ဖြစ်ဖြစ် အထူးဂရုစိုက်ပေးပါ။ (ကလေးကို လွှတ်တာတောင် ဖြစ်ကတတ်ဆန်းမလုပ်ဘူး) ဆိုတာ လူတွေသိပါစေ။

၁၆။ အသစ်ထွင်ပါ။ ဝယ်သူကို ဆွဲဆောင်နိုင်အောင် အမြဲ ကြိုးစားပါ။

၁၇။ အရောင်းအဝယ် ကြီးကြီး သေးသေး အစွမ်းကုန် ကြိုးစားပါ။ ဆိုင်တစ်ခုလုံး ရှင်သန်နေပါစေ။ဝယ်သူ များလာအောင် ဆွဲဆောင်နိုင်ကြပါလိမ့်မယ်။

Crd....
မူရင်း ရေးသားသူကို လေးစားလျှက် ပါ
#k.k


သောကကင်းစွာရှင်သန်ပါ

   ဘဝဆိုတာ ရာသီဥတုဆန်တယ်။ အမြဲတမ်း သာယာမနေနိုင်သလို အမြဲတမ်းလည်း ဆိုးရွားမနေနိုင်ပါဘူး။ နေသာတဲ့အခါ ရှိမယ်။ မိုးအုံ့တဲ့အခါ ရှိမယ်။ မိုးရွာတဲ့...