Sunday, June 21, 2020
ရဟန်းမိဘ အပါယ်မကျ ဆိုသည်မှာ…
ရဟန်းမိဘ အပါယ်မကျ ဆိုသည်မှာ…
**************************
ဖတ်ကြည့်နော်…
မိဘဟူသည် ကစ္စည်းသဒ္ဒါကျမ်း၌
သားသမီးကို ချစ်မြတ်နိုးတတ်သောကြောင့်
အမေ။
သားသမီးကို စောင့်ရှောက်တတ်သောကြောင့်
အဖေဟု
ဖွင့်ဆိုပြထားပါတယ်။
ထို့ကြောင့်
သားသမီးကို ချစ်မြတ်နိုး
စောင့်ရှောက်တတ်သောကြောင့်
မိဘဟု ခေါ်ရပါမည်။
မိဘဆိုတာ…
တစ်နေ့တာလုံးမှာ ၉ဝ% လောက်က
သားသမီးတွေဆီကို
စိတ်ရောက်နေတတ်ပါတယ်။
ရဟန်းမိဘတွေဆိုတာလည်း
မိမိသားရဟန်းဆီ
အမြဲစိတ်ရောက်နေတတ်ပါတယ်။
ဒီအချိန်ကတော့…
ငါ့သားရဟန်း ဘုရားဝတ်ပြုချိန်။
ဒီအချိန်ကတော့…
ငါ့သားရဟန်း ဆွမ်းခံကြွချိန်။
ဒီအချိန်ကတော့…
ငါ့သားရဟန်း စာကျက်ချိန်။
ဒီအချိန်ကတော့…
ဝေယျာဝစ္စလုပ်ချိန် စသည်ဖြင့်
သားရဟန်းဆီ စိတ်ရောက်ရင်း…
သားရဟန်းပြုနေတဲ့
ကုသိုလ်တွေကို
အမြဲပီတိပွားနေတတ်ပါတယ်။
ကုသိုလ်ပီတိနဲ့ လွှမ်းခြုံထားတဲ့ စိတ်ဟာ
မကောင်းကျိုး မပေးနိုင်ပါဘူး။
နေ့တိုင်း သားရဟန်းဆီ စိတ်ရောက်ရင်
သားရဟန်းပြုနေတဲ့ ကုသ်ိုလ်အပေါ်
အမြဲပီတိပွားနေတဲ့ ရဟန်းမိဘတွေဟာ
အပါယ်မကျနိုင်ပါဘူး။
ဒါပေမဲ့…
သားရဟန်းတော့ ရှိပါရဲ့။
သားရဟန်းဆီ စိတ်ကမရောက်
ကုသိုလ်မပွား ပီတိမဖြစ်
လုပ်မိလုပ်ရာ လုပ်နေမယ်ဆိုရင်တော့
အပါယ်ကျမှာပါ။
ဒါကြောင့်…
ရဟန်းမိဘတိုင်း အပါယ်မကျတာ
မဟုတ်ပါဘူး။
သားရဟန်းဆီ စိတ်ရောက်ပြီး
အမြဲပီတိပွားနေမှ အပါယ်မကျနိုင်မှာပါ။
သားရဟန်းဆီ စိတ်မရောက်ပဲ
အကုသိုလ်နဲ့ပဲ ပျော်မွေ့နေရင်တော့
အပါယ်ကျမှာပါဟု ဖြေလိုက်ပါရစေ။
နောက် ပြောစရာလေးတစ်ခုက…
မိမိမှာ
သားရဟန်းမရှိတဲ့ ဒကာ ဒကာမတွေလဲ
မျက်နှာငယ်စရာ မလိုပါဘူး။
မိမိကိုးကွယ်တဲ့ ဆရာတော်
မိမိသားတစ်ယောက်လို ချစ်မြတ်နိုးတဲ့
ရဟန်းတစ်ပါးဆီ
စိတ်ရောက်နေပြီး
အမြဲကုသိုလ် ပွားနေမယ်ဆို
သူတို့လဲ
ရဟန်းမိဘတွေလို အပါယ်မကျနိုင်ပါဘူး။
လိုရင်းကတော့…
ကုသိုလျတရား၌
အမြဲစိတ်ရောက်နေပြီး ပီတိပွားနေမယ်
ဆိုရင်
အပါယ်မကျနိုင်ပါဘူး။
လိုရင်းကတော့…
ရဟန်းမိဘ ဖြစ်ဖြစ်…
မိဘမဟုတ်သူ ဖြစ်ဖြစ်…
ကုသိုလ်တရား၌ အမြဲစိတ်ရောက်ပြီး
ပီတိဖြစ်နေမယ်ဆို
အပါယ်မကျနိုင်ပါကြောင်း အသိပေးအပ်ပါ
သည်။
Crd.....
မူရင်းရေးသားသူအာ လေးစားလျှက်
#k.k
Subscribe to:
Post Comments (Atom)
သောကကင်းစွာရှင်သန်ပါ
ဘဝဆိုတာ ရာသီဥတုဆန်တယ်။ အမြဲတမ်း သာယာမနေနိုင်သလို အမြဲတမ်းလည်း ဆိုးရွားမနေနိုင်ပါဘူး။ နေသာတဲ့အခါ ရှိမယ်။ မိုးအုံ့တဲ့အခါ ရှိမယ်။ မိုးရွာတဲ့...
-
#ပုပ္ပါးတောင်သမိုင်း အနောက်တိုင်းသားတို့က နတ်တို့ပျော်စံရာ အိုလံပတ်စ်တောင် (Mt. Olympus, an abode of the Gods ) နှင့်တူသည်ဟူ၍လည်းကောင်း အာရ...
-
ပုဂံဘုရားများ သမိုင်း ၁။ဓမ္မရံကြီးဘုရား သမိုင်း ထီးနန်းရဖို့ ခမည်းတော်နဲ့နောင်တော်ကိုသတ် အရက်စက်ဆုံး ဘုရင်ရယ်လို့ သမိုင်းတွင်တဲ့ နရသူ နဲ့ န...
-
သမိုင်းဝင် မြသိန်းတန်စေတီနှင့် တန်ခိုးကြီး ဗုဒ္ဓနိမ္မိတရုပ်ပွားတော် ================================== သမိုင်းဝင် မြသိန်းတန်စေတီနှင့် တန်...
No comments:
Post a Comment