ဇနီးသည်ကို ချောင်းမြောင်းလေ့ရှိသူကို ဓားဖြင့်လည်ပင်းခုတ်သတ်မှုဖြစ်ပွား
========================================================
ဇနီးသည်အား အမြဲလိုလိုလာရောက်ချောင်းမြောင်းလေ့ရှိသူကို ဓားဖြင့်လည်ပင်းခုတ်သတ်လိုက်သည့်ဖြစ်စဉ်တစ်ခု တောင်တွင်းကြီးမြို့နယ်၌ ဖြစ်ပွားကြောင်း သတင်းရရှိသည်။
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ တိုက်ပွဲကျေးရွာအုပ်စု၊ ဘန်းကုန်းကျေးရွာအနောက်ဘက်၊ ဆည်အနီး၌ ဇွန်(၂၉)ရက်၊ နံနက် ၇ နာရီခွဲခန့်တွင် လူတစ်ဦးလည်ပင်းပြတ်ထွက်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း သတင်းပေးချက်ကြောင့် တာဝန်ရှိသူများကသွားရောက် စစ်ဆေးခဲ့ကြသည်။
သေဆုံးသူမှာ ဂုံညင်းတန်းကျေးရွာနေ (၃၈)နှစ်ရှိ သံခဲဆိုသူဖြစ်ပြီး လည်ပင်းပြတ်ထွက်၊ ဝဲပုခုံးပြတ်ရှ၊ ယာလက်ဖျံပြတ်ရှစသည့်ဒဏ်ရာများဖြင့် ရဲတင့်(၄၀)နှစ်ဆိုသူ၏ နေအိမ်အနီး၌ လဲကျသေဆုံးနေခြင်းဖြစ်သည်ကို တွေ့ရှိခဲ့ကြသည်။
သေဆုံးသူသံခဲ(၃၈)နှစ်မှာ အခင်းဖြစ်နေအိမ်အနီးရှိ ရဲတင့်(၄၀)နှစ်၏ ဇနီးမ-------(၄၅)နှစ်နှင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဧပြီလပိုင်း၌ တရားမဝင်ပေါင်းသင်းနေထိုင်ခဲ့ဖူးရာမှ ခင်ပွန်းဖြစ်သူရဲတင့်နှင့်ပြန်လည်ပေါင်းသင်းနေထိုင်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ယင်းအတွက်ကြောင့် သေဆုံးသူသံခဲ(၃၈)နှစ်က ရဲတင့်(၄၀)နှစ်၏ဇနီးကို လာရောက်ချောင်းမြောင်းလေ့ရှိရာ ဇွန်(၂၈)ရက်၊ ညအချိန်တွင် နေအိမ်အနီးသို့ ထုံးစံအတိုင်းရောက်ရှိလာပြီးအရက်မူး၍အိပ်ပျော်နေသည်ကို နံနက်ပိုင်းအခင်းဖြစ်သည့်အချိန်၌ ရဲတင့်(၄၀)နှစ်က တွေ့ရှိသဖြင့် သည်းမခံနိုင်သောကြောင့် ဓားနှင့်ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် ပြစ်မှုကျူးလွန်သူ ရဲတင့်(၄၀)နှစ်ကို ကုက္ကိုကုန်းနယ်မြေရဲစခန်း(ပ)၂၀/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂ဖြင့် အမှုရေးဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်
ဓါတ်ပုံ-ကုက္ကိုကုန်းနယ်မြေရဲစခန်း
crd.........
Subscribe to:
Post Comments (Atom)
သောကကင်းစွာရှင်သန်ပါ
ဘဝဆိုတာ ရာသီဥတုဆန်တယ်။ အမြဲတမ်း သာယာမနေနိုင်သလို အမြဲတမ်းလည်း ဆိုးရွားမနေနိုင်ပါဘူး။ နေသာတဲ့အခါ ရှိမယ်။ မိုးအုံ့တဲ့အခါ ရှိမယ်။ မိုးရွာတဲ့...
-
#ပုပ္ပါးတောင်သမိုင်း အနောက်တိုင်းသားတို့က နတ်တို့ပျော်စံရာ အိုလံပတ်စ်တောင် (Mt. Olympus, an abode of the Gods ) နှင့်တူသည်ဟူ၍လည်းကောင်း အာရ...
-
ပုဂံဘုရားများ သမိုင်း ၁။ဓမ္မရံကြီးဘုရား သမိုင်း ထီးနန်းရဖို့ ခမည်းတော်နဲ့နောင်တော်ကိုသတ် အရက်စက်ဆုံး ဘုရင်ရယ်လို့ သမိုင်းတွင်တဲ့ နရသူ နဲ့ န...
-
သမိုင်းဝင် မြသိန်းတန်စေတီနှင့် တန်ခိုးကြီး ဗုဒ္ဓနိမ္မိတရုပ်ပွားတော် ================================== သမိုင်းဝင် မြသိန်းတန်စေတီနှင့် တန်...
No comments:
Post a Comment