Thursday, September 24, 2020

ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးနိုင်ကြောင်း ပြသနေတဲ့လက္ခဏာ (၇) ရပ်။ ******************************

 ၄ မိနစ် အချိန်ပေးပြီး ဖတ်ကြည့်ပါလား

နောက်ထပ် အသက် ၄၀ လောက် ကျန်းကျန်းမာမာ 

အသက်ရှည်ရှည် နေသွားချင်ရင် ၄ မိနစ်လေ


လူတွေတော်တော်များများရဲ့ ကံကြမ္မာ

ကနောက်ဆုံးတော့ တူညီကြပါတယ် ။ တစ်သက်လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး  ဆေးရုံ ကုတင်ပေါ်မှာပဲ လူ့ဘဝ အဆုံးသတ်သွားပါတယ် ။

ကံဆိုးတဲ့ တနေ့ .. ဆေးရုံက ဒီ အချက် ၃ ချက်ကို

ပြောလိုက်ရင်တော့ သင်ဒေဝါလီခံရဖို့ (မွဲဖို့) 

လုံလောက်ပါပြီ။


၁။ သင့်မှာ ပြင်းထန်ဆိုးရွားတဲ့ ရောဂါတခုရှိနေပါပြီ

၂။ဒါပေမယ့် ကျနော်တို့ အကောင်းဆုံးဖြစ်အောင်

 ကုသပေးပါမယ်။

၃။ကုသစရိတ်က အရမ်းကြီးပါလိမ့်မယ် ။


ဘဏ်နဲ့ဆွေးနွေးတော့လည်း

ဘဏ်ကလည်း အချက် ၃ ချက်ကိုပဲ ပြောပါလိမ့်မယ် ။

၁။ အခြေအနေမှန်ကို ကျနော်တို့ နားလည်ပါတယ်။

၂။ဒါပေမယ့် ဥပဒေက ဥပဒေပဲလေ။

၃။ငွေတွေပြန်မပေးနိုင်ရင် ဒေဝါလီခံရမှာပဲ။


ဆေးရုံက ကုတင်ပေါ်မရောက်ခင် ကျန်းမာရေး 

ကျွမ်းကျင်သူ ဆရာဝန်တွေပြောတဲ့ အချက် ၃ ချက်ကို 

နားထောင်နိုင်မယ်ဆိုရင် သင့်ဘဝရဲ့ ကံကြမ္မာကို ပြောင်းလဲ နိုင်ပါလိမ့်မယ်။


♥၁။သင့်အတွက် အကောင်းဆုံးဆရာဝန်က

 သင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်

♥၂။အကောင်းဆုံးဆေးရုံက မီးဖိုချောင်ပဲဖြစ်ပါတယ်

♥၃။အကောင်းဆုံးဆေးဝါးတွေကတော့ 

(ကျန်းမာသန့်ရှင်းတဲ့) အစာအာဟာရပဲ ဖြစ်ပါတယ်။


ကမ္ဘာပေါ်မှာ သင့်ကိုယ်စား

ကားမောင်းပေးမယ့်လူရှိမယ် ။

ပိုက်ဆံရှာပေးတဲ့လူရှိနိုင်တယ် ။

 ပိုက်ဆံဖြုန်းပေးမယ့်လူလည်းရှိနိုင်တယ် ။

ဒါပေမယ့် ...

သင့်ကိုယ်စား ရောဂါဒဏ်ခံစားပေးမယ့်လူ 

ဘယ်သူမှမရှိဘူး။

သင်စွန့်ပစ်လိုက် (ဆုံးရှုံးသွားတဲ့) တဲ့အရာတွေ 

အကုန်ပြန်ရှာလို့ ရနိုင်ပါတယ် ။ ဒါပေမယ့် တကြိမ် 

ဆုံးရှုံးသွားပြီး ဘယ်တော့မှ ပြန်မရနိုင်တာက

"အသက်" ဖြစ်ပါတယ်။


ကမ္ဘာပေါ်မှာ အချမ်းသာဆုံး သူဌေးတဦးဖြစ်သူ

 "ဂျက်မား" ပြောဖူးပါတယ်။ မျောက် တကောင်ရှေ့မှာ 

ငှက်ပျောသီး တဖီးနဲ့ ဒေါ်လာ တထပ် ထားပြီး

 ရွေးခိုင်းမယ်ဆိုရင် မျောက်က ငှက်ပျောသီးကိုပဲ ယူမှာပဲ။ 

ပိုက်ဆံက ငှက်ပျောသီး အများကြီးကို ဝယ်လို့ရတာ

 မျောက်က မသိဘူးလေ။ လူတွေရှေ့မှာ ကျန်းမာခြင်း နဲ့

 ချမ်းသာခြင်း (ငွေကြေး) အဲဒီ၂ ခုကိုထားပြီး ရွေးခိုင်းမယ် ဆိုရင် အများစုက ချမ်းသာခြင်းကိုပဲ ရွေးကြပါတယ်။

 အံ့သြစရာကောင်းတယ် ။


ဒါပေမယ် ... သင်သိပါသလား။

ကမ္ဘာပေါ်မှာရှိတဲ့ ပိုက်ဆံအားလုံနဲ့ ကျန်းမာရေးကို

 ဝယ်လို့ မရဘူးဆိုတာ ။

လူတွေက အယူအဆ အမှားတွေနဲ့ ကိုယ့်ဘဝ ကို

 ဖျက်စီးနေကြတယ်။


တနေ့ ခွဲစိတ်ခန်းထဲဝင်ရတဲ့ အချိန်မှာ ရုတ်တရက် 

အလင်းရလိုက်တယ်။

ကျန်းမာခြင်းထက် တန်းဖိုးရှိတာ ဘာတခုမှ မရှိပါလား။


ကျန်းမာရေးနဲ့ပြည့်စုံတဲ့ ချမ်းသာခြင်းကသာ ကိုယ်ပိုင်ဥစ္စာ။

ကျန်းမာရေးချို့တဲ့ တဲ့ ချမ်းသာခြင်းက အမွေ အဖြစ် 

ထားခဲ့ရမှာပါ။


လူအများစုက ကိုယ့်ကိုကိုယ် အသက်တိုအောင် လုပ်နေကြတယ်။ နောက်ဆုံးကျတော့ ကျန်းမာရေးကို ပိုက်ဆံနဲ့ 

ဝယ်လို့ရတာလဲ မဟုတ်။ ပိုပြီးဝမ်နည်းဖို့ကောင်းတာက

 သေပြီးတဲ့အချိန်မှာ အကြွေးတွေ တောင်ပုံ ယာပုံ ထားခဲ့ပြီး ကိုယ်ချစ်တဲ့သူတွေ အပေါ် ဝန်ထုတ်ဝန်ပိုး ဖြစ်စေပါတယ်။


ဒီလို ကံကြမ္မာ ကနေ လွတ်မြောက်ချင်ပါသလား။

သင်အခုကနေစပြီး ကျန်မားရေးနဲ့ပြည့်စုံတဲ့ဘဝကို 

ရရှိဖို့ စဉ်းစားပါ။


သေမင်းမှာ အချိန်းအချက် မရှိဘူး။


တက်သစ်စ ဘောလုံးကစားသမား အာနီဒေးဗစ်ဟာ

 သွေးကင်ဆာနဲ့ အသက် ၂၃ နှစ် မှာ ဆုံးခဲ့ပါတယ်။

ကမ္ဘာကျော် အနုပညာရှင် အဲဗစ်ပရက်စလေဟာ 

အသက် ၄၂ မှာ မူးယစ်ဆေးဝါးသုံးစွဲပြီး နှလုံးရောဂါနဲ့ 

ကွယ်လွန်ခဲ့ပါတယ် ။

ဂျဇ္ဇ ဂီတပညာရှင် ဂျွန်ကိုထရိန်း အသက် ၄၀ မှာ 

အသည်း ကင်ဆာနဲ့ ဆုံးခဲ့ပါတယ်။

ကျွန်ုပ်တို့ မိသားစု ၊ သူငယ်ချင်း ဘယ်နှစ်ယောက် 

လူ့လောက ကနေ ထွက်ခွာသွားပြီလဲ ။ ကျွန်ုပ်တို့ပဲ 

အသိဆုံးပါ။


ကျနော်တို့ အခု ကျန်းမာ သန်စွမ်းနေတာ

နောက် ၁၀ နှစ်အထိ ကျန်းမာသန်စွမ်းနေမယ်လို့ 

ယူဆလို့ မရပါဘူး။

သေစေနိုင်လောက်တဲ့ နာတာရှည် ရောဂါတွေဟာ

 အသေးဆုံးပျက်စီးမှုက စတင်တာပါ ။

အခု သင့်မှာ ကြိုတင်ကာကွယ်ဖို့ အခွင့်အရေး ရှိနေပါတယ်။

ပုဆိန်နဲ့ပေါက်ရလောက်အောင် ကုသရမဲ့ ရောဂါကို

အပ်နဲ့ထွင်းရုံနဲ့ ကာကွယ်နိုင်မယ်ဆိုရင်

ကျွန်ုပ်တို့ ဘာလို့ မလုပ်နိုင်ရမှာလဲ ။


ဒီနေ့ ကျန်းမာရေးအတွက် ဂရုစိုက်မှု မပေးနိုင်ဘူးဆိုရင်

တနေ့မှာ ကျန်းမာရေး ကုန်ကျစရိတ်တွေ ပေးဆောင်ရမှာ

 ဖြစ်ပါတယ် ။

၈၀% လူတွေက ကျန်းမာရေးအတွက် အကုန်အကျ 

မခံချင်ကြ ဘဲ

နောက်ဆုံး ရက်၊လ များကို ဆေးရုံမှာပဲ နေသွားကြပါတယ် 

နာကျင်ခြင်း ၊ ရောဂါဝေဒနာတွေ ခံစားပြီး လောကကြီး

ကနေ ထွက်ခွာသွားကြပါတယ် ။

၉၅% လူတွေက ရောဂါ ကြောင့် သေဆုံးရတာဖြစ်ပြီး

၅% ကသာ အသက်ကြီးလို့ သေဆုံးတာ ဖြစ်ပါတယ် ။


ဒီလို ရောဂါတွေ ငါတို့တော့ ဘယ်တော့မှ မဖြစ်ဘူး လို့ 

မထင်ပါနဲ့။

မျက်ကန်း အကောင်းမြင်တာမျိုးတော့ မဖြစ်ပါစေနဲ့။ 

ငယ်ငယ်တုန်းက ဒီလို အယူအဆ ရှိတဲ့လူတွေ အခု ဆေးရုံ ကုတင်ပေါ် ရောက်နေကြတာ သင်သိဖို့ကောင်းပါတယ်။

ကျန်းမာခြင်း = အမှန်တကယ် မရှိမဖြစ် လိုအပ်တဲ့ အရာ ။

မပြန်လမ်းကို သွားရမယ့်အချိန် မရောက်အောင် ကျွန်ုပ်တို့ ကျန်းမာရေး ဂရုစိုက်ရပါမယ် ။

နာကျင်ခြင်း ၊ ရောဂါဝေဒနာနဲ့ နပန်းမလုံးရအောင် ၊

ကျနော်တို့ချစ်တဲ့သူတွေ ၊မိသားစုတွေ က 

လူမမာတယောက် အပေါ် ငွေကြေး ၊အချိန်တွေ အကုန်ခံပြီး ဝန်ထုတ်ဝန်ပိုး မဖြစ်ရအောင်

ကျန်းမာရေး သတိထား နေရပါမယ်။


သင့်ရဲ့ နောက်ပိုင်း ဘဝ တဝက်ကို

လူနာ ကုတင်ပေါ်မှာပဲ ကုန်ဆုံးချင်ပါသလား ။ 

ဒါမှ မဟုတ်

မလေးရှားက ဒေါက်တာ မဟာသီဟာလိုပဲ 

အသက် ၉၃ နှစ်မှာ ဝန်ကြီးချုပ် အဖြစ်

အရွေးခံရတဲ့ ဘဝ မျိုး ဖြစ် ချင်သလား။


သင့် ဘဝ က

သင့်ဆုံးဖြတ်ပေါ်မှာပဲ မူတည်ပါတယ


ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးနိုင်ကြောင်း 

ပြသနေတဲ့လက္ခဏာ (၇) ရပ်။

******************************



၁။ ဆေးလိပ်နဲ့အရက်


ဒါကိုတော့ အထူးတလည် ရှင်းပြဖို့တောင် လိုမယ် မထင်ပါဘူး။ ဆေးလိပ်နဲ့အရက် စွဲနေတဲ့လူဟာ အသက်ရှည်ဖို့ မပြောနဲ့ လူ့သက်တမ်း စေ့အောင်တောင် မနေရပါဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ သေဆုံးနိုင်ပါတယ်။


၂။ အလုပ်ကို ဦးစားပေးလွန်းတာ


အလုပ်လုပ်လွန်းသူ (Workaholic) တွေဟာ ကျန်းမာရေး ထိခိုက် လွယ်ပါတယ်။ အလုပ်ကြောင့်ရတဲ့ စိတ်ဖိစီးမှု၊ ခန္ဓာကိုယ် ပင်ပန်းမှုတွေက သင့်ရဲ့သက်တမ်းကို နုတ်ယူနေကြပါတယ်။ နေ့ရောညပါ အလုပ်ကိုဦးစားပေးလွန်းပြီး ကိုယ်ပိုင်အချိန် မရှိတော့တာမျိုး အဖြစ်မခံပါနဲ့။


၃။ တစ်နေကုန်ထိုင်နေရတာ


ရုံးမှာဖြစ်ဖြစ် အိမ်မှာဖြစ်ဖြစ် အချိန်ကြာမြင့်လွန်းစွာ ထိုင်နေတာ မကောင်းပါဘူး။ အမေရိကန် ဆေးပညာဂျာနယ် တစ်စောင်မှာ ဖော်ပြချက်အရ တစ်နေ့ကို ၁၀ နာရီထက် မနည်း ထိုင်နေသူတွေဟာ ၈ နှစ်လောက် ပိုပြီး အိုမင်း လွယ်သွားပါသတဲ့။


၄။ သူများနဲ့တန်းတူ လမ်းမလျှောက်နိုင်တာ


ရွယ်တူတွေနဲ့ လမ်းလျှောက်တိုင်း ကိုယ်ပဲ အမြဲတမ်း ကျန်ခဲ့တယ် ဆိုတာမျိုးက ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ခြေကျင်းဝတ် ဒဏ်ရာရထား၊ အဆစ်လွဲထားတာမျိုး မရှိဘဲ သူများနဲ့တန်းတူ လမ်းမလျှောက်နိုင်တာက ကျန်းမာရေး ချို့ယွင်းမှု ပိုဖြစ်စေပါတယ်။ နှလုံး၊ အဆုတ်၊ သွေးလည်ပတ်မှု စနစ်နဲ့ ကြွက်သားတွေ မကောင်းဘူး ဆိုတဲ့ သဘောမျိုး ပြသနေတာပါ။ လမ်းမြန်မြန်လျှောက်ခြင်းက တကယ် အကျိုးရှိစေ ပါတယ်။ လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ပါ။


၅။ အလေးချိန် နည်းနည်းလေးကိုတောင်မှ မဖို့ မလွယ်တာ


ကိုယ့်ခန္ဓာကိုယ် အလေးချိန်လောက် ရှိတဲ့ အလေးအပင် တွေကို သယ်မဖို့ မလိုပါဘူး။ ဒါပေမဲ့လည်း အလေးချိန် နည်းနည်းလေးကို တောင်မှ မသယ်နိုင် မ,မနိုင်ဘူး ဆိုရင် သင့်ကြွက်သားတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ အိုမင်းရင့်ရော်ကာ အားနည်းနေတဲ့ သဘော ပါပဲ။ ကြွက်သားတွေမှာ အဆီတွေ များနေတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် ဗိုက်ခေါက်က အဆီတွေပေါ့။ ခြေထောက်မခိုင်တာ၊ ကြွက်သားတွေ တင်းရင်းမှု မရှိတာတွေကြောင့် ချော်လဲလွယ်၊ ဒဏ်ရာရလွယ် လိမ့်မယ်လေ။


၆။ ဗဟုသုတ အသိဉာဏ်နည်းပါးတာ


အသိပညာ ကြွယ်ဝသူတွေနဲ့ ဗဟုသုတ လေ့လာ လိုက်စားသူတွေက ကိုယ့်ခန္ဓာကိုယ် အတွက် ကောင်းရာကောင်းကြောင်းတွေကို ပြုမူကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင် ဘယ်လိုတွေလုပ်ရမယ် ဆိုတာလည်း သိတာကြောင့် အသက်ပိုရှည် ပါတယ်။ အသိပညာ မရှိသူတွေကတော့ ကျန်းမာရေး အသိဉာဏ် နည်းပါးပြီး သေဆုံးလွယ်ကြတယ်လေ။


၇။ စားသောက်မှုပုံစံ


ဆီများများစားတဲ့ အကျင့်၊ အငန်နဲ့အချိုတွေ ကြိုက်လွန်းတဲ့ အကျင့်ကလည်း အဝလွန်မှုကို ဖြစ်စေကာ နှလုံး၊ သွေးတိုး၊ ဆီးချိုနဲ့ ကင်ဆာတွေ ဖြစ်စေပါတယ်။ ဒီရောဂါတွေကြောင့်ပဲ သင်နေထိုင်ရမယ့် သက်တမ်းက ပိုတိုတောင်းသွားရမှာပါ။

Crd.......

Wednesday, September 23, 2020

လူတစ်ယောက်မှာ ရှိနေတဲ့ #ကိုယ်စောင့်နတ်(၁၂)ပါး နှင့် ၎င်းး (၁၂)ပါးအား မေတ္တာပို့သခြင်း

 လူတစ်ယောက်မှာ ရှိနေတဲ့

#ကိုယ်စောင့်နတ်(၁၂)ပါး နှင့်

၎င်းး (၁၂)ပါးအား မေတ္တာပို့သခြင်း





၁။ သတ္တပါလ - ဖူးစာရေးနတ်


၂။  ဝါမေသူရ -စည်းစိမ်စောင့်နတ်


၃။ ဇလသညာ - အလှူဒါနကိုစောင့်သည့်နတ်


၄။ ဃရပါလေ - အိုးအိမ်ကိုစောင့်သည့်နတ်


၅။ စန္ဒီ - ကျက်သရေမင်္ဂလာရှိသောနတ်


၆။ ကလျာနီ - အသက်စောင့်နတ်


၇။ ဗလီရာဇာ - အိပ်မက်ပေးသောနတ်


၈။ လပ်ခ်ျမီးဒေဝီ - ဥစ္စာပေးသည့်နတ်


၉။ သူရဿတီ - ပညာဥာဏ်ကို စောင့်သည့်နတ်


၁၀။ ဝကပါလ - ခရီးသွားလျှင်စောင့်သည့်နတ်


၁၁။ နရိန္ဒဒေဝီ - အိပ်စက်လျှင်စောင့်သောနတ်


၁၂။ မဟာပ်န္နဲ - အခါခပ်သိမ်း စောင့်သောနတ်


ကိုယ်စောင့်နတ် ၁၂ပါးအားမေတ္တာပို့သနည်း


ကိုယ်စောင့်နတ် ၁၂ပါးအားမေတ္တာပို့သနည်းကိုတော့


လူတိုင်းသိသလောက်ရှိကြပါပြီ အချစ်ရေးကိစ္စဆို  


ဘယ်နတ်ကို မေတ္တာ ဘယ်နှစ်ခေါက်ပို့ဆိုတဲ့နည်းလေးပေါ့


ဒီနေရာမှာ မေတ္တာမပို့ခင် ကိုယ်စောင့်နတ် ၁၂ပါးကို ပင့်ဖိတ်ပြီး မေတ္တာပို့တော့ပိုရင်ထိရောက်တာပေါ့။


အဲ့ဒီတော့ အရင်ဆုံး ကိုယ်စောင့်နတ် ၁၂ပါး ပင့်ဖိတ်နည်းကိုပြောပြချင်ပါတယ်။


ကိုယ်စောင့်နတ် ၁၂ ပါး ပင့်ဖိတ်နည်း။


---------------------------------------------


တန်ခိုးကြီးစွာ ကိုယ်မှာစောင့်တက် အမြဲကပ်သည့် နတ်မြတ်တို့တွင် နဖူးစာကို မှန်စွာရေးတက် သတ္တ-ဘာဂ နတ်မြတ်သနင်း ရှင်နတ်မင်းနှင့် မရွင်းစေတက် သူရဿ      တီ နတ်ဒေဝီနှင့် လက္ခီမဟာ ထိုမှမနှေး အိမ်မက်ပေးတက် နတ်မြတ်ဗလိရာဇာ တန်ခိုးဖြာသည့် ဝါမသူရိယ ဇလသင်္ချေ ဂရာဝါက ယောဂတနှင့် ကလျာဏမိတ် ကျော်ဟိတ်အရှိန် နရိန္ဒာမငိး ချစ်ခြင်းမေတ္တာ မျှတက်စွာသည် စန္ဒာဒေဝီ သိညီသညာ မဟာ ပိဿနိုး တန်ခိုးကြီးခြင်း မည်ယင်းတွင်အပ် နတ်မြတ် တစ်ကျိပ်နှစ်ပါး နတ်အများကို ခစားရိုသေ ဆည်းကပ်ထွေဖြင့်  ကျက်သရေတိုး မြတ်နိုးစေတနာ ပင့်ဖိတ်ပါသည်။

ဣမံဌာနံ ဤနေရာဌာနသို့ အာဂစ္ဆန္တု  အာဂစ္ဆန္တူ  ကြွရောက်တော်မူကြပါကုန်လော့ ကြွရောက်တော်မူကြပါကုန်လော့။


(၃) ခေါက်ဆိုပါရန်....


ပြီးရင်မေတ္တာပို့သရပါမယ်။


၁။ သတ္တပါလ နတ်


    ၃၇ ကြိမ်ရည်စူးပြီး မေတ္တာပို့ပေးပါ။(မိမိချစ်သူ၊အချစ်ရေးအဆင်ပြေစေရန်ဆုတောင်းပါ။ချစ်ခင်နှစ်သက်စေသောအရာများတွင် ဆုတောင်းနှိင်ပါသည်။


၂။ ဝါမသူရိယနတ်


   ၉ကြိမ် ၇ည်စူးပြီး မေတ္တာပို့သပေးပါ။(အလုပ်အကိုင် အဆင်ပြေရန်။အလုပ်ရရန်ဆုတောင်းနိုင်ပါသည်။)


၃။ဇလသညာနတ်


     ၃၇ ကြိမ်ရည်စူးပြီး မေတ္တာပို့ပေးပါ။ (မိမိပြုလုပ်လိုသော အလှူဒါန အလှူအတန်းကိစ္စများ အောင်မြင်ရန် ဆုတောင်းနိုင်ပါသည်။)


၄။ဃရပါလနတ်


    ၃၇ ကြိမ်ရည်စူးပြီး မေတ္တာပို့ပေးပါ။ (အိူး အိမ် လုံခြံရန်၊ရန်သူမျိုး ၅ပါး ဘေးမှ ကင်းဝေးစေရန် ဆုတောင်းနိုင်ပါသည်။)


၅။ စန္ဒီ နတ်သမီး


     ၃၇ ကြိမ်ရည်စူးပြီး မေတ္တာပို့ပေးပါ။ (မင်္ဂလာကျက်သရေ အပေါင်းနှင့်ပြည့်စုံစေရန် စိတ်နှလုံးချမ်းမြေ့စေရန်ဆုတောင်းနိုင်ပါသည်။)


၆။ ကလျာဏီနတ်


    ၃၇ ကြိမ်ရည်စူးပြီး မေတ္တာပို့ပေးပါ။ (အသက်အန္တရာယ်ဘေး ရောဂါဘေးမှကင်းဝေးရန် ဆုတောင်းနိုင်ပါသည်။)


ရ။ ဗလိရာဇာနတ်


     ၇ ကြိမ်ရည်စူးပြီး မေတ္တာပို့ပေးပါ။ (မိမိလိုသောသူကို အိမ်မက်ပေးလိုသောအခါ လိုအင်ဆန္ဒပြည့်ဝစေရန် ဆုတောင်းနိုင်ပါသည်။)


၈။လပ်ခ်ျမီးဒေဝီ


        ၉ကြိမ် ၇ည်စူးပြီး မေတ္တာပို့သပေးပါ။ ( ငွေကြေး ကိစ္စများ ။အလုပ်အကိုင်ကိစ္စများ အဆင်ပြေစေရန်ဆုတောင်းနိုင်ပါသည်။)


၉။ သူရဿတီနတ်သမီး


       ၉ကြိမ် ၇ည်စူးပြီး မေတ္တာပို့သပေးပါ။(ပညာရေး ။အင်တာဗျူးကိစ္စများ အဆင်ပြေအောင်မြင်ရိန် ဆုတောင်းနိုင်ပါသည်။)


၁၀။ ဂတပါလနတ်


          ၉ကြိမ် ၇ည်စူးပြီး မေတ္တာပို့သပေးပါ။ (သွားလေရာ ဘေးရန်ကင်းရန် ဆုတောင်းနိုင်ပါသည်။)


၁၁။ နရိဒ္ဒာ ဒေဝီ


         ၉ကြိမ် ၇ည်စူးပြီး မေတ္တာပို့သပေးပါ။ ( အိမ်မက်ဆိုး နိမိတ်ဆိုးများ မကြုံတွေ့ရစေရန်။)


၁၂။မဟာပိန္နဲ နတ်


         ၉ကြိမ် ၇ည်စူးပြီး မေတ္တာပို့သပေးပါ။ 

(အခါခပ်သိမ်း ဘေးရန်ကင်းပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့်

ပြည့်စုံစေရန် ဆုတောင်းနိုင်ပါသည်။)


မူရင်းပိုင်ရှင်များအား Credit

ပေးပါသည်။


Monday, September 21, 2020

ကလေးမေမေများသေချာဖတ်စေခြင်းတယ်

 မေး- ကလေးငယ်တွေကို ခြေခွင်မှာစိုးရိမ်လို့ဆိုပြီး ခြေထောက်ဆွဲဆန့်ပေးသင့်သလား...? ဘာကြောင့်လဲ..?



ဖြေ- လုံးဝ ဆွဲဆန့်ပေးခြင်းမပြုလုပ်သင့်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကလေး(၃) နှစ်အရွယ်လောက်အထိ ခြေထောက်ဟာ ကားကားလေးဖြစ်နေတာ သဘာဝပါ။ 

အကယ်၍ဆွဲဆန့်ပေးရင် ကလေးရဲ့ပေါင်အရိုးကွင်းထိခိုက်မှုနဲ့ ခြေထောက်ပုံစံမကျခြင်းဆိုတဲ့ ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ 


​ကျမက အမီးလေးကို မွေးကာစအရွယ်မှာတုန်းက အနှီးသိပ်မထုတ်ဖြစ်ခဲ့ပါဘူး။

မွေးကတည်းက အင်္ကျီ ဘောင်းဘီလေးတွေဘဲ ဝတ်ပေးပါတယ်။


မြန်မာနိုင်ငံမှာ မေမိုင်ကျန်းမာရေးဝန်ထမ်းလုပ်တုန်းကပေါ့။ ကလေးတွေကို ကြပ်ထုတ်နေအောင် အနှီးတွေထုတ်ပေးကြတာကို အများကြီး မြင်ဖူးခဲ့တယ်။ အဲ့တုန်းက ကျမစိတ်ထဲမှာ အူဝဲလေးဆိုရင် အနှီးထုတ်ရမယ်လို့ဘဲ ထင်ခဲ့မိပါတယ်။

ဂျပန်ရောက်လာပြီး အမီးလေးကိုမွေးတော့မှ ဂျပန်က ကလေးငယ်တွေကို အနှီးလုံးဝမထုတ်ပေးကြဘူးဆိုတာ သိခဲ့ရတယ်။


ဘာ့ကြောင့်အနှီးမထုတ်တာလဲဆိုတာကို လေ့လာကြည့်တော့ ကလေးတွေဟာ ဖွံ့ဖြိုးမှုအရမ်းမြန်ပါတယ်။ ခြေတွေလက်တွေ အမြဲလှုပ်ရှားနေခြင်းဟာ သူတို့ရဲ့ ခန္ဒာကိုယ်ဖွံ့ဖြိုးမှုအတွက်ဖြစ်တယ်။ လွတ်လွတ်လပ်လပ် လှုပ်ရှားမှုရလေ ဖွံ့ဖြိုးမှု အားကောင်းလေပါဘဲ။

ဒါ့ကြောင့် အဝတ်အစားတွေကို ကြပ်ထုတ်နေတာမျိုး လုံးဝမဝတ်ပေးရပါဘူး။ 


✔️ ပုံမှာမြင်တဲ့အတိုင်း အနှီးထုတ်ရင် အမှန်နဲ့ အမှားကို သေချာကြည့်ပြီး ထုတ်ပေးပါနော်။

ခြေထောက်ကို ဆန့်ထုတ်ပြီး လုံးဝ မထုတ်ပေးပါနဲ့။ 

ကလေးသဘာဝ ခြေထောက်ကားကားလေးအတိုင်းကို ပုံမပျက် ထုတ်ပေးပါနော်။


✔️ နောက်တစ်ခုသတိထားရမှာက ကလေးကို လှဲလျောင်းစေပြီး ခြေထောက်ကို ဆွဲဆန့်ပေးတာမျိုး လုံးဝမလုပ်ရပါဘူးနော်။ 


✔️ ကလေးတွေဟာ လမ်းလျှောက်ရင် ကားကားလေးလျှောက်နေခြင်းဟာ အကြောင်းရှိပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်ကို ဟန်ချက်ညီညီထိန်းနိုင်ဖို့အတွက် ကားကားလေးလျှောက်ခြင်းဖြစ်ပါတယ်။ 

အဲ့တာကို ကလေးက ခြေခွင်တယ်လို့ ပြောလို့မရပါဘူး။ (၃) နှစ်လောက်အထိ ကားကားပုံစံ လျှောက်နေတတ်တာဟာ သဘာဝပါ။


✔️ အဲ့ဒီနောက်တော့ တဖြေးဖြေး လူကြီးလေးလို ပုံမှန်ပြန်ဖြစ်သွားတတ်ပါတယ်။ 

(၃) နှစ်ကျော် သွားလို့မှ ခြေကားကားပုံစံဖြစ်နေသေးရင် ကလေးဆရာဝန်နဲ့ ပြပေးသင့်ပါတယ်နော်...


✔️ ချီပိုးချီရင်လည်း ကလေးရဲ့ခြေထောက်ပုံစံက M ပုံစံဖြစ်နေရပါမယ်။ ပြီးတော့ ကလေးဟာ ခွထိုင်တဲ့ ပုံစံဖြစ်ရပါမယ်။ 


မေမိုင့်ကို အမီးလေး ခြေခွင်မှာစိုးလို့ဆိုပြီး လူတွေခဏခဏ လာပြောကြပါတယ်။

အမီးကို ခြေထောက်ဆွဲဆန့်ပေးပါပေါ့။

လူတွေ ဘယ်လောက်ပြောပြော မေမိုင်ကတော့ ဒီအရွယ်ထိ တစ်ခါမှ လုံးဝမဆွဲဆန့်ပေးပါဘူး။ 

တခါတလေ လေ့ကျင့်ခန်းလုပ်ပေးတဲ့ အချိန်မှာတော့ ကွေးလိုက် ဆန့်လိုက် လုပ်ပေးဖြစ်ပါတယ်။ 


ကဲ...မေမေတို့ ဖေဖေတို့လည်း သတိထားရအောင် မေမိုင်က မျှဝေရေးသားလိုက်ပါတယ်နော်...


ချစ်တဲ့ မေမိုင် (Hkawn Mai)

Tokyo, Japan

Credit... 

သတိမမူကြတဲ့ တံမြက်စည်းနိမိတ်

သတိမမူကြတဲ့ တံမြက်စည်းနိမိတ်

၁။ အပျိုတွေ တံမြက်စည်း ကျော်မိရင် အိမ်ထောင်မကျခင် ဗိုက် ကြီးတတ်ပါတယ်။


၂။ အပျို၊ လူပျိုတွေ ခြေဖျား‌ပေါ်ကျော်ပြီး တံမြက်စည်း ခတ်မိရင် အဲ့ကလေးတွေ အိမ်ထောင်မကျတော့ပါဘူး။ တံမြက်စည်းကို တံတွေးနဲ့ ပြန်ထွေးခိုင်းပါ။


၃။ အိမ်နီး ခြံနီးချင်းတွေ ကိုယ့် အိမ်/ခြံ၀ကစပြီး တံမြက်စည်း လာလှည်းသွားရင် ၀င်မယ့်လာဘ် မ၀င်တော့ပါဘူး။ သူ့အိမ်‌၀က ပြန်လိုက်လှည်းယူပါ။


၄။ တံမြက်စည်းသစ်နဲ့ အိမ်ထဲက အိမ်ပြင် စ မလှည်းရပါဘူး။ ပစ္စည်းတစ်ခုခု အိမ်၀ချပြီး အိမ်ထဲ အရင်လှည်းထည့်ရပါတယ်။
၅။ ကိုယ့်မိသားစုတွေအကုန် ကံဆိုး‌နေတယ်ထင်ရင် ရှေ့၊ နောက် အိမ်တံခါး‌တွေဖွင့်ထားပြီး အိမ်ရှိလူကုန် အိမ်လယ်ကစ ရှေ့‌နောက်အ‌ပေါက်ဘက်ကို တံမြက်စည်း လှည်းခိုင်းပါ။
၇။ တံမြက်စည်းဟာ မမြင်ရတဲ့ နာမ်လောကသား‌တွေနဲ့ ဆက်နွယ်နေတာမို့ အိမ်မှုကိစ္စကလွဲပြီး တံမြက်စည်းနဲ့ ကစားခြင်း၊ ရိုက်ခြင်း လုံး၀မပြုရပါ။ လူကို အငြိုးထားတတ်ပါတယ်။
၈။ တံမြက်စည်းလှည်းရင်း ယောက်ျားလေးတွေ ထိမိရင် ဘုန်းကံနိမ့်ပါတယ်။ မတော်တဆ ထိမိလျှင် အဲ့ တံမြက်စည်းကို နံရံနဲ့ ၃ ချက် ရိုက်ပြီး အပြစ်ပေးပါ။
၉။ ဘုန်းကြီးကျောင်း၊ ဘုရားတွေက တံမြက်စည်းကို မသန့်သောလက်နဲ့ မကိုင်ပါနဲ့။
၁၀။ တံမြက်လှည်းရင် အိမ်၀က အိမ်ထဲပဲ လှည်းယူပါ။ အိမ်ထဲက အိမ်၀လှည်းလျှင် စီးပွားယုတ်လျော့ပါတယ်။
၁၁။ နှစ်ဆန်း ၁ ရက်နေ့ တံမြက်စည်း မလှည်းပါနဲ့။ လှည်းရင် အဲ့နှစ် လာဘ်ပိတ်ပါတယ်။
၁၂။ ညအိပ် ညနေ (ဧည့်ကောင်း) ပြန်ရင် ချက်ချင်း တံမြက်စည်း ထ မလှည်းပါနဲ့။ လှည်းရင် အဲ့ ဧည့်သည် နောက်တစ်ခါ မလာတော့ပါ။ ဧည့်ဆိုးပြန်ရင် နောက်မလာအောင် ချက်ချင်းသာ ထလှည်းပါ။
၁၃။ ညအချိန် တံမြက်စည်းမလှည်းပါနဲ့။ မဖြစ်မနေလှည်းရရင် အိမ်ထဲက အိမ်ပြင်ကို လှည်းထုတ်ပါ။
၁၄။ နာရေးရှိရင် ပထမသုံးရက် တံမြက်စည်း မလှည်းရပါဘူး။ သေသူ ဝိဉာဏ်ကို အိမ်စောင့်နတ်‌တွေ နှင်ထုတ်ပါတယ်။
၁၅။ တံမြက်စည်း ပြောင်းပြန်ထောင်ထားရင် သူများ မကောင်းကြံလို့ မရပါဘူး။ လာဘ်လာဘလည်း ရပါတယ်။
၁၆။ ညအိပ်ချိန် တံခါးအတွင်းဘက်မှာ တံမြက်စည်းပြောင်းပြန်ထောင်ထားလျှင် သူခိုး ကပ်မရပါဘူး။ အိပ်မွေ့ချမရ။
၁၇။ တံမြက်စည်းအဟောင်းကို အိမ်သစ် သယ်မသွားပါနဲ့။ မမြင်ရတာတွေ လိုက်သွားပါတယ်။ အိမ်သစ်မတက်ခင် တံမြက်စည်းအသစ် အရင်၀ယ်ပြီး သွားပို့ထားပါ။

Crd.......

Wednesday, September 16, 2020

အိမ်မရှိလျှင်ဇိမ်မရှိနိုင်ပါ ကိုယ်ပိုင်အိမ် အရိပ်မရှိကြသေးသူများအတွက် ရည်ရွယ်ပြီးတင်ပေးခြင်းဖြစ်ပါ

 အိမ်မရှိလျှင်ဇိမ်မရှိနိုင်ပါ ကိုယ်ပိုင်အိမ် အရိပ်မရှိကြသေးသူများအတွက် ရည်ရွယ်ပြီးတင်ပေးခြင်းဖြစ်ပါ


တယ် နံနက်စောစောထပါ ပျင်းရိခြင်း မောဟကိုပယ်ပါ။ သရဏဂုံ၃ပါးဆောက်တည် ငါးပါးသီလခံယူပါ အဓိဋ္ဌာန်ဝင်ပါဖြစ်နိုင်ရင်ကျနော်အခုတင်ပေးထားသည့် အိမ်တော်ရာစေတီပုံတော်ကိုဝယ်ကြပါ။ မန်းတလေးအိမ်တော်ရာစေတီ ရန်ကုန်အိမ်တော်ရာ စေတီ ကြိုက်ရာ စေတီပုံတော်ကို ဝယ်ယူထားပါ။ အိမ်ပြင်ဆောက်ရန်အတွက်အခက်အခဲဖြစ်နေကြသူများ



အိမ်ဆောက်လက်စဆက်မဆောက်နိုင်ကြသူများ အဓိဋ္ဌာန် ဝင်ကြည့်ကိုယ်တိုင်သိ ရပါလိမ့်မယ် လူတိုင်းကိုယ်ပိုင်အိမ်နဲ့ နေချင်ကြစမြဲပါ မကြာခင် သူရဇ္ဇမဂ္ဂဇင်းမှာ အကျယ်ပါလာပါလိမ့်မယ်။

စာမူတွေ ရောက်သွားပါပြီ။မိမိသည် အဓိဋ္ဌာန်ဆောက်တည်ပါပုတီး ၂ပတ် အနည်းဆုံး စိပ်ပါ၉ပတ်စိပ်လျှင် ပိုကောင်းပါသည်။သစ္စာပြု ဆုတောင်းပါ ကိုယ်ပိုင် အိမ်အရိပ် ရရှိရပါလို၏လို့။ ပုတီစိပ်ရန် ဂုဏ်တော်ကားဗောဓိ ဗုဒ္ဓေါ မဟာဃရော။ပုတီးတစ်လုံးဗောဓိ ဗုဒ္ဓေါ မဟာ ဆာယော။ ပုတီးတစ်လုံးအနက်မြန်မာပြန်ဗောဓိသစ္စာလေးပါးကိုသိမြင်တော်မူသောဗုဒ္ဓေါ မြတ်စွာဘုရားသည် မဟာဃရော သတ္တဝါတို့၏ ခိုနားရာ ကြီးကျယ် မြင့်မြတ်သော အိမ်ကြီးသဖွယ်နှင့် လည်းတူတော်မူပါပေ၏

။ဗောဓိသစ္စာလေးပါးကို သိမြင်တော်မူသော ဗုဒ္ဓေါ မြတ်စွာဘုရားသည် မဟာဆာယော သတ္တဝါတို့၏ ခိုနားရာ ကြီးကျယ်မြင့်မြတ်သော အရိပ်ကြီး သဖွယ်နှင့်လည်းတူတော်မူပါပေ၏အားလုံးကိုယ်ပိုင်အိမ် အရိပ်ရရှိကြပါစေ။ဤမဟာဂုဏ်တော်၂ပါး ကို အမြဲအာစိန္နကံအဖြစ်နေ့စဉ် ပုတီးစိပ် ပူဇော်သွားပါက ပစ္စု ပ္ပန် တင် မကသံသရာပါ ဖြစ်ရာဘဝ နေစရာ အိမ်ဘုံဗိမာန်များ အတွက် ပူစရာမလိုတော့ပဲ သိကြားဖန်ဆင်းသော အိမ်ကိုပင် နေရသော ဇောတိက သူဌေးကဲ့သို့ ဘုန်းတန်ခိုး ကြီးမား ပါလိမ့်မည်။

ကျောက်ထီးရိုးစေတီတော်နောက်တစ်ဆူကို ဖူးမြှော်ရင်း လိုရာဆုတောင်းခဲ့ကြဦးနော်…

 ကျောက်ထီးရိုးစေတီတော်နောက်တစ်ဆူကို ဖူးမြှော်ရင်း လိုရာဆုတောင်းခဲ့ကြဦးနော်…



ကျိုက်ထီးရိုးဘုရား နောက်တစ်ဆူ တွေ့ရှိ ဖူးမြော်ပြီး လိုရာဆုတောင်းပါ

မွန်ပြည်နယ်၊ပေါင်မြို့နယ် ဆင်အိုင်တောင်အတွင်းမှ ကျိုက်ထီးရိုးပုံစံတူ စေတီတော် တစ်ဆူကို တွေ့ရှိခဲ့ကြောင်းဆရာတော်အရှင် စန္ဒိမာက မြွတ်ကြားသည်။ကျိုက်ထီးရိုးဘုရား နောက်တစ်ဆူ တွေ့ရှိဦးဇင်ုးခ တော ထဲ ရောက်တာ ၉ ရက်ရှိပြီးရွက်ဖျင်းတဲ လေးနဲ့ပဲသီတင်းသုံး နေတာ၊အဲ စေတီ တော်လေးကိုအရင်တုန်းက တော့ထင်းခုတ်တဲ့ ဒေသခံ တွေ တွေ့ ရင် တွေ့ ကြမှာဒါပေမဲ့ဘယ်သူမှစိတ်မဝင်စားကြဘူး။



ဦးဇင်း နေတဲ့ နေရာက နေ နေ့တိုင်း မြင် တွေ့ ရတာ တော့အဲဒါနဲ့လမ်း ပြတစ် ယောက် ခေါ် ပြီးသွားတာ၊ ၄၅ မိနစ် လောက်သွားရ သေးတယ်။ ဘုရားတည်ထားတဲ့လက် ရာတွေက ခု ခေတ်လက်ရာပုံစံပါပဲ ဒါပေမဲ့ နည်းနည်းဆန်းတယ် ”ဟု ဆရာတော်အရှင် စန္ဒိမာက မြွတ်ကြားသည်။ဘုရားဘွဲ့နာမည်ကို ခု လောလောဆယ် ကျောက်လွှတ်စေတီတော်လို့ ပေးထားပါတယ်။


၊ကျောက်တုံးကြီးက အမြင့်ပေ ဘယ်လောက်ရှိလဲ ဆိုတာ ဦးဇင်းတော့မတိုင်းတာရသေးဘူး။ဒါပေမဲ့ ကျိုက်ထီးရိုး ကျောက်တုံးကြီးထက် ကြီးတယ်။ဒါကို ဘယ်သူတည်ထားခဲ့တာလဲ ဆိုတာလည်း စုံစမ်းနေပါတယ်”ဟု ဆရာတော်အရှင် စန္ဒိမာက မြွတ်ကြားသည်။ဂိုလ်ရှယ်လေးပီတာသင်္ဃန်းကျွန်း


Pray for the next pagoda of Kyauk Htee Yoe…



Find another Kyaik Htee Yoe Pagoda and pray for what you want

A pagoda resembling Kyaik Htee Yoe has been found in Sin Ai Taung, Paung Township, Mon State.


Every day from where I live, I see a guide with me. It takes about 45 minutes. The works of the Buddha are modern in style, but a little strange, ”said Ashin Sandima.


I have not yet measured the height of the boulder, but it is bigger than the Kyaik Htee Yoe boulder. We are also investigating who built it, ”said Sayadaw Ashin Sandima.

Monday, September 14, 2020

ဘုရားငါးဆူဘုရား ရောင်ခြည်တော်ကွန့်မြူးနေတာကိုဖူးမြှော်ရင်း မြန်မာနိုင်ငံကြီး ကပ်ဘေးဆိုးမှ လွတ်မြောက်ဖို့ ဆုတောင်းခဲ့ကြဦးနော်

 ဘုရားငါးဆူဘုရား ရောင်ခြည်တော်ကွန့်မြူးနေတာကိုဖူးမြှော်ရင်း မြန်မာနိုင်ငံကြီး ကပ်ဘေးဆိုးမှ လွတ်မြောက်ဖို့ ဆုတောင်းခဲ့ကြဦးနော်




ကသာမြို့နယ် မင်းလယ်ရွာ ဘုရားငါးဆူး ဘုရားရောင်ခြည်တော်ကွန့်မြူးနေတာပါ” အားလုံးဖူးမျှော်နိုင်ကြပါစေဘုရားရှင်သည် ပဌာန်းကျမ်းကြီးကို ခုနစ်ရက်ပတ်လုံး ဆင်ခြင်သုံးသပ်တော်မူသောအခါ ခြောက်ဖြာသော ရောင်ခြည်တော်တို့သည် ကွန့်မြူးကာထွက်ပေါ်လာလျက် ထက်အောက်ဖီလာ စကြဝဠာ အနန္တထုတ်ချင်း ဖောက်မျှ ဝင်းထိန်သွားပြီးလျှင် အတောင် (၈၀) အထိ အမြဲတမ်းကွန့်မြူးလျက်ရှိလေသည်။ဗောဓိဝံသ အဌကထာ၌လည်း ဘုရားရှင်သည် တာဝတိံသာမှ ဆင်းသက်ကြွမြန်းတော်မူစဉ် တန်ခိုးပြာဋိကာ ရောက်ခြည်တော်များသည် သာသနာကွယ်သည့်နေ့အထိ တည်ရှိနေကြောင်း အတိအလင်း ရေးသားဖွင့်ဆို ခဲ့သည်။



ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှား ရှိတော်မူစဉ်အခါက ဝေနာဂပုပရ ပုဏ္ဏားကြီး၏ ရွာသို့ကြွရောက်တော်မူ သည်။ထိုအခါက ဘုရားရှင်၏ အသားရောင်မှာ ထန်းသီးမှည့်ကဲ့သို့ လည်းကောင်း၊ ဇီးယွန်းမှည့်ကဲ့သို့ လည်းကောင်း၊ လှော်ဦးသစ်စ ဇမ္ဗူရာဇ် ရွှေစင်ကဲ့သို့ ရွှန်းလဲ့ဝင်းအိ၍ နေသည်ကို ဖူးတွေ့ရသော ပုဏ္ဏား တို့သည် ရင်သပ်ရှုမော အံ့ဩ၍ နေကြကုန်သည်။ဝစ္ဆဂေါတ္ထ ပုဏ္ဏားကမူ ပိုးဖဲကတ္တီပါ နေရာကောင်းများနှင့် နေကြရ၍ ဤမျှ အသားအရေ ကြည်လင်တောက်ပရသည်ဟု ယူဆကာ နှုတ်မှလည်း ဖွင့်ပြီး ဘုရားရှင်အား လျှောက်ထားမေးမြန်းလေသည်။ ထိုအခါ ဘုရားရှင်မှ ရဟန်းတို့သည် နူးညံ့သော အိပ်ရာတို့နှင့် မအပ်စပ်ကြောင်း မိန့်ဆိုပြီးလျှင် ရဟန်းတို့ သုံးစွဲသော

မြင့်မြတ်သည့်နေရာသုံးမျိုးကို ဟောကြားတော်မူလေသည်။ယင်းတို့မှာ နတ်တို့၏ မြတ်သောနေခြင်း (ဈာန်လေးပါးဖြင့်နေခြင်း)၊ ဗြဟ္မာတို့၏ မြတ်သောနေခြင်း (ဗြဟ္မာ ဝိဟာရလေးပါးဖြင့်နေခြင်း)၊ အရိယာ တို့၏ မြတ်သောနေခြင်း (သမာပတ်ဝင်စား၍နေခြင်း) တို့ဖြစ်ကြောင်း။ ယင်းသုံးမျိုးတို့မှ တစ်မျိုးမျိုးဖြင့်နေသော် အသားအရေကြည်လင်ကာ အရောင်အဝါထွက်ပေါ်ကြောင်း ဟောကြားတော် မူလေသည်။မူလပဏ္ဍာသ အဌကထာ ပါသရာသိသုတ်၌ ဘုရားရှင်တော်မြတ်ပဌာန်းတော်သုံးသပ်တော် မူစဉ်က ထွက်ပေါ်လာသေ ရောင်ခြည်တော်များသည် ယခုထက်တိုင် စကြဝဠာတွင် ပျံ့နှံ့တည်ရှိလျက်ရှိကြောင်း အတိအကျဖွင့်ဆို ထား၏။ဘုရားရှင်၏ ရောင်ခြည်တော်သည်နေရောင်သင့်သဖြင့် ပွင့်လာသော ကြာပဒုမ္မာ၊ ကြာနီ၊ ကြာညို၊ ကြာပုဏရိက် တို့ဖြင့် တန်ဆာဆင်အပ်သော ရေအပြင်ဝယ် ကြယ်အပေါင်းတို့၌ ရောင်ခြည်ကွန်ရက် ဖြန့်ကြက်လျက် ပြိုးပြိုးပြက်ပြက် တင့်တယ်စွာတောက်ပသော ကောင်းကင်အပြင်ကဲ့သို့ အညို၊ အရွှေ၊ အနီ၊ အဝါ အစရှိသော ဆန်းကြယ်သော ရောင်ခြည်တော်အဝန်းဖြင့် တင့်တယ်သောဆည်းဆာရောင် တို့ဖြစ်သည်။



Sunday, September 13, 2020

ကျမတို့မိန်းမသား တိုင်းမှာရှိတယ်

 ကျမတို့မိန်းမသား တိုင်းမှာရှိတယ် 


ချစ်ပါတယ်လို့အဖြေစပေးလိုက်ကတည်းက

တစ်ဘ၀စာတွက်ရည်ရွယ်ထားတယ်ဆိုတဲ့စိတ်က

ကျမတို့မိန်းမ တိုင်းမှာရှိတယ် 


အချိန်တွေကြာလာရင်

အိမ်ကလူကြီးတွေအသိပေးပြီးတွဲပြချင်တဲ့စိတ်

ကျမတို့မိန်းမ တိုင်းမှာရှိတယ် 


အိမ်မှူကိစ္စတွေမတတ်မြောက်ပေမယ့်

ချစ်ရတဲ့သူတွက် လုပ်ပေးနိုင်ချင်တဲ့စိတ်

ကျမတို့မိန်းမ တိုင်းမှာရှိတယ် 


ကိုချစ်တဲ့သူရဲ့ဂရုစိုက်ပြမှုကိုလိုချင်တဲ့စိတ်

ကျမတို့မိန်းမ တိုင်းမှာရှိတယ် 


စိတ်ရမ်းညစ်လို့အားငယ်တဲ့အချိန်

ချစ်သူဆီကအားပေးစကားတွေကြားချင်တဲ့စိတ်

ကျမတို့ မိန်းမ တိုင်းမှာရှိတယ် 


အသက်ကသာကြီး နေပေမယ့် ချစ်သူအပေါ်

ကလေးတစ်ယောက်လို ရစ်ပြီး ဂျီကျ ချင်တဲ့စိတ်

ကျမတို့ မိန်းမ တိုင်းမှာရှိတယ် 


တစ်ယောက်တည်းကိုပဲ နှစ်နှစ်ကာကာ ချစ်ချင်တဲ့စိတ်

ကျမတို့မိန်းမတိုင်းမှာ ရှိတယ် 


( ဘယ်မိန်းကလေးမှ ကိုယ့်ချစ်ရတဲ့သူဆီက လမ်းခွဲစကားမကြားချင်ပါဖူး )


ကိုယ်သိပ်ချစ်ရတဲ့ သူနဲ့ပဲ

အနာဂတ္ကို အိုမင်းသွားတဲ့အထိ

အတူတကြ လက်တွဲသွားချင်နေကြတာပါပဲ။


ဒီလိုအတွေးတွေနဲ့ရှိနေတဲ့စိတ်ဟာ

တဂရ် ချစ်တတ်တဲ့မိန်းမသားတွေ ဆီမွာပဲ

အမြဲရှိတတ်ကြတာပါ။



လူငယ်များသို့

Crd...

Thursday, September 10, 2020

မျောက်တစ်ကောင်ဟာ သူ့ဗိုက်ကို သစ်ကိုင်းနဲ့ခြစ်မိလို့ ဒဏ်ရာရသွားခဲ့တယ်။ မျောက်ကသွေးထွက်နေတဲ့ဒဏ်ရာကို တွေ့သမျှမျောက်တိုင်း လိုက်လိုက်ပြတယ်။ တစ်ခြားမျောက်တွေက သူ့ကိုနှစ်သိမ့်ပြီး ဒဏ်ရာပျောက်ဖို့ ကုသနည်းတွေ အမျိုးမျိုးပေးကြတယ်။ မျောက်က သူ့ဒဏ်ရာကို ကိုယ်တိုင်မကုသဘဲ တွေ့တဲ့မျောက်တိုင်းကိုလှစ်လှစ်ပြပြီး သူတို့ရဲ့အကြံဉာဏ်ကို နားထောင်ခဲ့တယ်။ နောက်ဆုံးမှာ ဒဏ်ရာကရောဂါပိုးဝင်ပြီး မျောက်သေသွားခဲ့ရတယ်။ ဒါကို မျောက်အိုတစ်ကောင်က ... သူက သူ့ကိုယ်သူလုပ်လို့ သေသွားတာလို့ ဆိုတယ်။ . ဒဏ်ရာက တစ်ခါပြောရင် တစ်ခါနာရတယ်။ အျခားလူကို လိုက်ပြောပြနေမယ့်အစား ကိုယ်တိုင်ဆိတ်ဆိတ်လေး ကုသေနတာက ပိုကောင်းတယ်။ . သင်မသန်စွမ်းတာဟာ ဘယ်သူ့ကို ပျော့ညံ့ပြဖို့လဲ... ------------- သစ်ပင်ပေါ်မှာနားနေတဲ့ ငှက်တစ်ကောင်ဟာ သစ်ကိုင်းကျိုးကျမှာကို ဘယ်တော့မှ မကြောက်ဘူး။ သစ်ကိုင်းကို သူယုံလို့မဟုတ်ဘူး။ သူ့အတောင်ပံကို သူယုံလို့ဖြစ်တယ်။ . အနာဂတ္ကို နေ့တိုင်းပူပန်သောကရောက်နေမယ့်အစား ယခုလက်ရှိမှာ ပိုကြိုးစားသင့်တယ်။ အောင်မြင်မှုလမ်းကြောင်းပေါ်မှာ ရုန်းကန်ကြိုးစားခြင်းကသာ သင့်ကို လုံခြုံစိတ်ချမှုနဲ့ အကျိုးရလဒ်ကို ဖြစ်ထွန်းစေတယ်။ . ကိုယ့်စိတ်ကူးအိပ်မက်ကို တစ်ခြားလူအပေါ် မမှီခိုအားထားပါနဲ့။ ဘေးပတ်ဝန်းကျင်က ကဲ့ရဲ့လှောင်ပြောသံကို နားမဝင်ပါနဲ့။ သင်လျှောက်လှမ်းနေတာက သင့်အနာဂတ်ပါ.. သူတို့ အနာဂတ်မဟုတ်ပါဘူး။ ငါ လုပ်နိုင်လား... မလုပ်နိုင်ဘူးလားဆိုတာ မရှိဘူး... ငါ အရယူမလား.. မယူဘူးလားဆိုတာပဲရှိတယ်။ သင်သာ မရဲဝံ့ရင် ဘယ်သူက သင့်အစားလာတောင့်ခံပေးမလဲ...

 မျောက်တစ်ကောင်ဟာ သူ့ဗိုက်ကို သစ်ကိုင်းနဲ့ခြစ်မိလို့ ဒဏ်ရာရသွားခဲ့တယ်။ မျောက်ကသွေးထွက်နေတဲ့ဒဏ်ရာကို တွေ့သမျှမျောက်တိုင်း လိုက်လိုက်ပြတယ်။


တစ်ခြားမျောက်တွေက သူ့ကိုနှစ်သိမ့်ပြီး ဒဏ်ရာပျောက်ဖို့ ကုသနည်းတွေ အမျိုးမျိုးပေးကြတယ်။ မျောက်က သူ့ဒဏ်ရာကို ကိုယ်တိုင်မကုသဘဲ တွေ့တဲ့မျောက်တိုင်းကိုလှစ်လှစ်ပြပြီး သူတို့ရဲ့အကြံဉာဏ်ကို နားထောင်ခဲ့တယ်။ နောက်ဆုံးမှာ ဒဏ်ရာကရောဂါပိုးဝင်ပြီး မျောက်သေသွားခဲ့ရတယ်။ ဒါကို မျောက်အိုတစ်ကောင်က ... သူက သူ့ကိုယ်သူလုပ်လို့ သေသွားတာလို့ ဆိုတယ်။

.

ဒဏ်ရာက တစ်ခါပြောရင် တစ်ခါနာရတယ်။

အျခားလူကို လိုက်ပြောပြနေမယ့်အစား

ကိုယ်တိုင်ဆိတ်ဆိတ်လေး ကုသေနတာက ပိုကောင်းတယ်။

.

သင်မသန်စွမ်းတာဟာ ဘယ်သူ့ကို ပျော့ညံ့ပြဖို့လဲ...


-------------


သစ်ပင်ပေါ်မှာနားနေတဲ့ ငှက်တစ်ကောင်ဟာ သစ်ကိုင်းကျိုးကျမှာကို ဘယ်တော့မှ မကြောက်ဘူး။

သစ်ကိုင်းကို သူယုံလို့မဟုတ်ဘူး။

သူ့အတောင်ပံကို သူယုံလို့ဖြစ်တယ်။

.

အနာဂတ္ကို နေ့တိုင်းပူပန်သောကရောက်နေမယ့်အစား ယခုလက်ရှိမှာ ပိုကြိုးစားသင့်တယ်။ အောင်မြင်မှုလမ်းကြောင်းပေါ်မှာ ရုန်းကန်ကြိုးစားခြင်းကသာ သင့်ကို လုံခြုံစိတ်ချမှုနဲ့ အကျိုးရလဒ်ကို ဖြစ်ထွန်းစေတယ်။

.

ကိုယ့်စိတ်ကူးအိပ်မက်ကို

တစ်ခြားလူအပေါ် မမှီခိုအားထားပါနဲ့။


ဘေးပတ်ဝန်းကျင်က

ကဲ့ရဲ့လှောင်ပြောသံကို နားမဝင်ပါနဲ့။


သင်လျှောက်လှမ်းနေတာက

သင့်အနာဂတ်ပါ..

သူတို့ အနာဂတ်မဟုတ်ပါဘူး။


ငါ လုပ်နိုင်လား...

မလုပ်နိုင်ဘူးလားဆိုတာ မရှိဘူး...


ငါ အရယူမလား..

မယူဘူးလားဆိုတာပဲရှိတယ်။


သင်သာ မရဲဝံ့ရင် ဘယ်သူက

သင့်အစားလာတောင့်ခံပေးမလဲ...



Crd....



သောကကင်းစွာရှင်သန်ပါ

   ဘဝဆိုတာ ရာသီဥတုဆန်တယ်။ အမြဲတမ်း သာယာမနေနိုင်သလို အမြဲတမ်းလည်း ဆိုးရွားမနေနိုင်ပါဘူး။ နေသာတဲ့အခါ ရှိမယ်။ မိုးအုံ့တဲ့အခါ ရှိမယ်။ မိုးရွာတဲ့...