ဘုရားငါးဆူဘုရား ရောင်ခြည်တော်ကွန့်မြူးနေတာကိုဖူးမြှော်ရင်း မြန်မာနိုင်ငံကြီး ကပ်ဘေးဆိုးမှ လွတ်မြောက်ဖို့ ဆုတောင်းခဲ့ကြဦးနော်
ကသာမြို့နယ် မင်းလယ်ရွာ ဘုရားငါးဆူး ဘုရားရောင်ခြည်တော်ကွန့်မြူးနေတာပါ” အားလုံးဖူးမျှော်နိုင်ကြပါစေဘုရားရှင်သည် ပဌာန်းကျမ်းကြီးကို ခုနစ်ရက်ပတ်လုံး ဆင်ခြင်သုံးသပ်တော်မူသောအခါ ခြောက်ဖြာသော ရောင်ခြည်တော်တို့သည် ကွန့်မြူးကာထွက်ပေါ်လာလျက် ထက်အောက်ဖီလာ စကြဝဠာ အနန္တထုတ်ချင်း ဖောက်မျှ ဝင်းထိန်သွားပြီးလျှင် အတောင် (၈၀) အထိ အမြဲတမ်းကွန့်မြူးလျက်ရှိလေသည်။ဗောဓိဝံသ အဌကထာ၌လည်း ဘုရားရှင်သည် တာဝတိံသာမှ ဆင်းသက်ကြွမြန်းတော်မူစဉ် တန်ခိုးပြာဋိကာ ရောက်ခြည်တော်များသည် သာသနာကွယ်သည့်နေ့အထိ တည်ရှိနေကြောင်း အတိအလင်း ရေးသားဖွင့်ဆို ခဲ့သည်။
ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှား ရှိတော်မူစဉ်အခါက ဝေနာဂပုပရ ပုဏ္ဏားကြီး၏ ရွာသို့ကြွရောက်တော်မူ သည်။ထိုအခါက ဘုရားရှင်၏ အသားရောင်မှာ ထန်းသီးမှည့်ကဲ့သို့ လည်းကောင်း၊ ဇီးယွန်းမှည့်ကဲ့သို့ လည်းကောင်း၊ လှော်ဦးသစ်စ ဇမ္ဗူရာဇ် ရွှေစင်ကဲ့သို့ ရွှန်းလဲ့ဝင်းအိ၍ နေသည်ကို ဖူးတွေ့ရသော ပုဏ္ဏား တို့သည် ရင်သပ်ရှုမော အံ့ဩ၍ နေကြကုန်သည်။ဝစ္ဆဂေါတ္ထ ပုဏ္ဏားကမူ ပိုးဖဲကတ္တီပါ နေရာကောင်းများနှင့် နေကြရ၍ ဤမျှ အသားအရေ ကြည်လင်တောက်ပရသည်ဟု ယူဆကာ နှုတ်မှလည်း ဖွင့်ပြီး ဘုရားရှင်အား လျှောက်ထားမေးမြန်းလေသည်။ ထိုအခါ ဘုရားရှင်မှ ရဟန်းတို့သည် နူးညံ့သော အိပ်ရာတို့နှင့် မအပ်စပ်ကြောင်း မိန့်ဆိုပြီးလျှင် ရဟန်းတို့ သုံးစွဲသော
မြင့်မြတ်သည့်နေရာသုံးမျိုးကို ဟောကြားတော်မူလေသည်။ယင်းတို့မှာ နတ်တို့၏ မြတ်သောနေခြင်း (ဈာန်လေးပါးဖြင့်နေခြင်း)၊ ဗြဟ္မာတို့၏ မြတ်သောနေခြင်း (ဗြဟ္မာ ဝိဟာရလေးပါးဖြင့်နေခြင်း)၊ အရိယာ တို့၏ မြတ်သောနေခြင်း (သမာပတ်ဝင်စား၍နေခြင်း) တို့ဖြစ်ကြောင်း။ ယင်းသုံးမျိုးတို့မှ တစ်မျိုးမျိုးဖြင့်နေသော် အသားအရေကြည်လင်ကာ အရောင်အဝါထွက်ပေါ်ကြောင်း ဟောကြားတော် မူလေသည်။မူလပဏ္ဍာသ အဌကထာ ပါသရာသိသုတ်၌ ဘုရားရှင်တော်မြတ်ပဌာန်းတော်သုံးသပ်တော် မူစဉ်က ထွက်ပေါ်လာသေ ရောင်ခြည်တော်များသည် ယခုထက်တိုင် စကြဝဠာတွင် ပျံ့နှံ့တည်ရှိလျက်ရှိကြောင်း အတိအကျဖွင့်ဆို ထား၏။ဘုရားရှင်၏ ရောင်ခြည်တော်သည်နေရောင်သင့်သဖြင့် ပွင့်လာသော ကြာပဒုမ္မာ၊ ကြာနီ၊ ကြာညို၊ ကြာပုဏရိက် တို့ဖြင့် တန်ဆာဆင်အပ်သော ရေအပြင်ဝယ် ကြယ်အပေါင်းတို့၌ ရောင်ခြည်ကွန်ရက် ဖြန့်ကြက်လျက် ပြိုးပြိုးပြက်ပြက် တင့်တယ်စွာတောက်ပသော ကောင်းကင်အပြင်ကဲ့သို့ အညို၊ အရွှေ၊ အနီ၊ အဝါ အစရှိသော ဆန်းကြယ်သော ရောင်ခြည်တော်အဝန်းဖြင့် တင့်တယ်သောဆည်းဆာရောင် တို့ဖြစ်သည်။
No comments:
Post a Comment