အိမ်မရှိလျှင်ဇိမ်မရှိနိုင်ပါ ကိုယ်ပိုင်အိမ် အရိပ်မရှိကြသေးသူများအတွက် ရည်ရွယ်ပြီးတင်ပေးခြင်းဖြစ်ပါ
တယ် နံနက်စောစောထပါ ပျင်းရိခြင်း မောဟကိုပယ်ပါ။ သရဏဂုံ၃ပါးဆောက်တည် ငါးပါးသီလခံယူပါ အဓိဋ္ဌာန်ဝင်ပါဖြစ်နိုင်ရင်ကျနော်အခုတင်ပေးထားသည့် အိမ်တော်ရာစေတီပုံတော်ကိုဝယ်ကြပါ။ မန်းတလေးအိမ်တော်ရာစေတီ ရန်ကုန်အိမ်တော်ရာ စေတီ ကြိုက်ရာ စေတီပုံတော်ကို ဝယ်ယူထားပါ။ အိမ်ပြင်ဆောက်ရန်အတွက်အခက်အခဲဖြစ်နေကြသူများ
အိမ်ဆောက်လက်စဆက်မဆောက်နိုင်ကြသူများ အဓိဋ္ဌာန် ဝင်ကြည့်ကိုယ်တိုင်သိ ရပါလိမ့်မယ် လူတိုင်းကိုယ်ပိုင်အိမ်နဲ့ နေချင်ကြစမြဲပါ မကြာခင် သူရဇ္ဇမဂ္ဂဇင်းမှာ အကျယ်ပါလာပါလိမ့်မယ်။
စာမူတွေ ရောက်သွားပါပြီ။မိမိသည် အဓိဋ္ဌာန်ဆောက်တည်ပါပုတီး ၂ပတ် အနည်းဆုံး စိပ်ပါ၉ပတ်စိပ်လျှင် ပိုကောင်းပါသည်။သစ္စာပြု ဆုတောင်းပါ ကိုယ်ပိုင် အိမ်အရိပ် ရရှိရပါလို၏လို့။ ပုတီစိပ်ရန် ဂုဏ်တော်ကားဗောဓိ ဗုဒ္ဓေါ မဟာဃရော။ပုတီးတစ်လုံးဗောဓိ ဗုဒ္ဓေါ မဟာ ဆာယော။ ပုတီးတစ်လုံးအနက်မြန်မာပြန်ဗောဓိသစ္စာလေးပါးကိုသိမြင်တော်မူသောဗုဒ္ဓေါ မြတ်စွာဘုရားသည် မဟာဃရော သတ္တဝါတို့၏ ခိုနားရာ ကြီးကျယ် မြင့်မြတ်သော အိမ်ကြီးသဖွယ်နှင့် လည်းတူတော်မူပါပေ၏
။ဗောဓိသစ္စာလေးပါးကို သိမြင်တော်မူသော ဗုဒ္ဓေါ မြတ်စွာဘုရားသည် မဟာဆာယော သတ္တဝါတို့၏ ခိုနားရာ ကြီးကျယ်မြင့်မြတ်သော အရိပ်ကြီး သဖွယ်နှင့်လည်းတူတော်မူပါပေ၏အားလုံးကိုယ်ပိုင်အိမ် အရိပ်ရရှိကြပါစေ။ဤမဟာဂုဏ်တော်၂ပါး ကို အမြဲအာစိန္နကံအဖြစ်နေ့စဉ် ပုတီးစိပ် ပူဇော်သွားပါက ပစ္စု ပ္ပန် တင် မကသံသရာပါ ဖြစ်ရာဘဝ နေစရာ အိမ်ဘုံဗိမာန်များ အတွက် ပူစရာမလိုတော့ပဲ သိကြားဖန်ဆင်းသော အိမ်ကိုပင် နေရသော ဇောတိက သူဌေးကဲ့သို့ ဘုန်းတန်ခိုး ကြီးမား ပါလိမ့်မည်။
No comments:
Post a Comment