Wednesday, October 14, 2020

သောကကင်းစွာရှင်သန်ပါ

  






ဘဝဆိုတာ ရာသီဥတုဆန်တယ်။


အမြဲတမ်း သာယာမနေနိုင်သလို


အမြဲတမ်းလည်း ဆိုးရွားမနေနိုင်ပါဘူး။




နေသာတဲ့အခါ ရှိမယ်။


မိုးအုံ့တဲ့အခါ ရှိမယ်။


မိုးရွာတဲ့အခါ ရှိမယ်။


အမြဲတမ်း မတည်မငြိမ်နဲ့ ပြောင်းလဲနေတယ်။




ကြောက်စရာကောင်းတဲ့ မုန်တိုင်းထန် နေ့ရက်တွေ ရှိသလို


စိတ်ချမ်းမြေ့စရာကောင်းတဲ့ ကြည်နူးစရာ


ဆောင်းဦးပေါက်မနက်ခင်းလေးတွေလည်း ရှိတာပဲ။




ကံဆိုးခြင်းဟာ နွေရာသီဖြစ်ခဲ့မယ်ဆိုရင်


ကံကောင်းခြင်းမိုးရာသီဟာ မကြာခင်ရောက်လာမှာပါ။


ဒီလိုပဲ ကံဆိုးခြင်းဟာ မိုးရာသီဖြစ်ခဲ့မယ်ဆိုရင်


ကံကောင်းခြင်းဆောင်းရာသီဟာလည်း 


မကြာခင်ရောက်လာဦးမှာပါ။




အရာရာဟာ အခိုက်အတန့်တွေပါပဲ။


ရာသီအလိုက်ပွင့်နေတဲ့ ရောင်စုံပန်းကလေးတွေဟာ


ဘဝရဲ့အလှတရားတွေပဲ။


ဆင်းရဲဒုက္ခတွေကိုတွေးပြီး အမြဲတမ်းညည်းညူနေရင်တော့


အဲဒီအလှတရားတွေကို လက်လွတ်သွားလိမ့်မယ်။




သဘာဝပန်းချီကားချပ်ကြီးကို ကြည့်ဖို့


သင့်မျက်လုံးတွေကို သောကတွေနဲ့ ဖုံးမထားပါနဲ့။


အမြဲတမ်းစိတ်ပျက်ညည်းညူနေသူအတွက်


သူ့ဘဝတစ်လျှောက်လုံးဟာ နွေရာသီပဲ။


ခြောက်သွေ့မှုတွေနဲ့ပဲ ဘဝတစ်သက်တာကို


ကုန်ဆုံးလွန်မြောက်ရလိမ့်မယ်။




ဘယ်လိုဆင်းရဲဒုက္ခတွေနဲ့ပဲ ကြုံတွေ့ရပါစေ


အပြုံးမပျက် ကြံ့ကြံ့ခံရင်ဆိုင်နိုင်အောင် ကြိုးစားပါ။


ခံနိုင်ရည်ရှိဖို့ ကိုယ့်ကိုယ်ကို အမြဲအားပေးပါ။




သင်စိတ်ပျက်အားငယ်လာတဲ့အခါ


ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပါ။


ကြည်လင်တဲ့အခါလည်း ရှိမယ်။


မကြည်လင်တဲ့အခါလည်း ရှိမယ်။


ဘဝဆိုတာလည်း ဒီလိုပါပဲ။


ဘာအတွက်ကြောင့်မှ စိတ်ပျက်အားငယ်မနေပါနဲ့။




ပန်းကလေးတွေဟာ သူ့ရာသီရောက်ရင် ပွင့်ကြတာပဲ။


ဘာအတွက်မှ သောကမရောက်ဘူး။


ဒါ့ကြောင့် ပန်းကလေးတွေ လှကြတာ။


မုန်တိုင်းလာမှာလည်း မကြောက်ဘူး။


မိုးသည်းမှာလည်း မစိုးရိမ်ဘူး။


နေလောင်မှာလည်း မတွေးဘူး။


အမြဲတမ်း ရဲရဲဝံ့ဝံ့နဲ့ ဖူးပွင့်ကြတယ်။




ဘဝမှာ သတ္တိရှိရှိရှင်သန်ရဲဖို့ လိုတယ်။


သတ္တိမရှိရင် ဘဝက အလကားပဲ။


ဟိုဟာကြောက်ရ ဒီဟာကြောက်ရနဲ့


ပီပီသသရှင်သန်ချိန် မရလိုက်ဘူး။




မနေ့က ဘာဖြစ်ခဲ့လဲ ပြန်မတွေးနဲ့။


မနက်ဖြန် ဘာဖြစ်မလဲ ကြို ပြီးလည်းမစိုးရိမ်နဲ့။


ဒီနေ့ကို အကောင်းဆုံးရှင်သန်။


နေရတဲ့ခဏမှာ ကိုယ့်ကိုယ်ကို ကျေနပ်ပါမှ


ရလာတဲ့ဘဝ နေသာထိုင်သာ ရှိမှာပါ။




ကိုယ့်ကိုယ်ကိုလည်း အပြစ်မတင်နဲ့။


သူတစ်ပါးလည်း အပြစ်မပြောနဲ့။


အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံး ကြိုးစားပြီး 


ရှင်သန်နေထိုင်ပါ။




ရာသီအလိုက်ပန်းကလေးတွေလို 


သောကကင်းစွာရှင်သန်ပြီး လောကအကျိုး သယ်ပိုးကြပါ။




ရွှင်လန်းချမ်းမြေ့ကြပါစေ....


Crd#

နှင်းဆီပန်းကိုလိုချင်ရင်နှင်းဆီဆူးကိုမကြောက်နဲ့

 



   "ယမုံနာမြစ်ကမ်းနဘေးမှ




ာ မီးသင်္ဂြိုဟ်ပြီး သူ့ရဲ့ အရိုးနဲ့ပြာတွေကို ယမုံနာမြစ်ရေထဲမှာ မျှောချလိုက်တယ်။ ဒါပေမယ့် ဒီကနေ့အထိ သူဟာ ကြီးမြတ်တဲ့ ဝိညာဉ်တော်အဖြစ် လူတွေရဲ့ နှလုံးသားထဲမှာ ရှင်သန်နေဆဲပဲ။ ဒီနေ့ဟာ သူ့ရဲ့ (၁၄၃)နှစ်မြောက် မွေးနေ့။ သူဟာ မြန်မာပြည်ကို (၃)ကြိမ် လာဖူးတယ်"

    တက္ကသိုလ်သို့ တက်ရောက်နေသော ကျောင်းသား၊ကျောင်းသူများကို ကျွန်တော်က စကားစလိုက်သည်။ သူတို့လေးတွေက စဉ့်ကိုင်နှင့် ကျောက်ဆည်နယ်ရှိ တက္ကသိုလ်အသီးသီးတွင် တက်ရောက် ပညာသင်ယူနေကြသော တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ဖြစ်ကြသည်။


   စဉ့်ကိုင်မြို့ ရပ်ကွက်ထဲရှိ ပြင်ပဘော်ဒါဆောင်တွင် ကြုံသလို ဌားရမ်းနေကြရသူများ ဖြစ်ကြသည်။ တက္ကသိုလ်ပညာရေးက သူတို့လေးတွေ နေထိုင်ရန် အဆောင်မပေးနိုင်။ ထို့ကြောင့် စီးပွားရေးအကွက်မြင်သော သူငယ်ချင်းတစ်ယောက်က အဆောင် ဖွင့်ထားသည်။ သူ့အိမ်သို့ အလည်အပတ် သွားရောက်ခဲ့သည်။


   သူက မိတ်ဆက်စကား ပြောခိုင်းသဖြင့် သူ့အဆောင်ရှိ ကျောင်းသား၊ ကျောင်းသူများကို ကျွန်တော်က နိဒါန်းစကားစပျိုးရင်း နှုတ်ဆက်စကားဆိုလိုက်သည်။


   "ပညာသင်ယူတယ်ဆိုတာ ဒီထက်မြင့်မားတဲ့ ဘဝတစ်ခုကို တက်လှမ်းဖို့။ သူက ၁၈၆၉ ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့မှာ မွေးတယ်။ အိန္ဒိယနိုင်ငံအနောက်ပိုင်း၊ 'ပေါ်ဗန်ဒါ' မြို့မှာမွေးတဲ့ ဟိန္ဒူဘာသာဝင် တစ်ယောက်ပဲ။ သူ့အသက် (၁၄) နှစ်မှာ သူ့တို့ဓလေ့ထုံးစံအတိုင်း အိမ်ထောင်ပြုတယ်။ ကလေးအဖေဖြစ်ပြီးမှ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ကိုသွားပြီး ဥပဒေပညာသင်ယူတယ်။ ရှေ့နေတစ်ယောက် ဖြစ်လာခဲ့တယ်။ အိန္ဒိယနိုင်ငံ၊ ဘုံဘေမြို့မှာ ရှေ့နေလုပ်ငန်းနဲ့ အသက်မွေးတယ်၊ မအောင်မြင်ဘူး။ အဲဒီအချိန်က အိန္ဒိယနိုင်ငံဆိုတာ တို့မြန်မာနိုင်ငံလိုပဲ အင်္ဂလိပ်ကိုလိုနီ လက်အောက်ခံ"


    နားထောင်ပေးသူ ကျောင်းသားလူငယ် (၅၀) ခန့် ရှိသည်။ အများအားဖြင့် မိဝေးဖဝေး လာရောက်နေထိုင်ကြရသဖြင့် စာရိတ္တ ယိမ်းယိုင်ချင်နေသော လူငယ်လေးများ ဖြစ်ကြသည်။


     "ဗဟိုရှိမှ စက်ဝိုင်းဆိုတာ ဆွဲလို့ရတာ။ ဒီလိုပဲ ရည်မှန်းချက်ရှိမှ လူလို့ ခေါ်တယ်။ သူဟာ မင်းတို့လို လူငယ်လေးပဲ။ ရည်မှန်းချက် ရှိတယ်၊ ကြိုးစားတယ်၊ စာရိတ္တကောင်းတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ တောင်အာဖရိကမှာ နေထိုင်ကြတဲ့ အိန္ဒိယနိုင်ငံသားတွေရဲ့ စီးပွားရေးနဲ့ ပိုင်ဆိုင်ခွင့်အတွက် သူ့ကို ရှေ့နေငှားတယ်။ တောင်အာဖရိကကို ရောက်တော့ မီးရထားစီးတယ်။ သူ့ကို မီးရထားပေါ်က ဆွဲချတယ်တဲ့ကွာ"


     ကျွန်တော်က စကားစကို ဖြတ်လိုက်သည်။


     သူ့တို့ ကျွန်တော့်ကို မေးခွန်းလေးတွေ မေးစေချင်သည်။ ဒါမှ စကားပြောရတာ အရသာရှိမည်။


     အသားမည်းမည်း၊ မျက်ခုံးကောင်းကောင်း လူငယ်လေးတစ်ဦးက ကျွန်တော့်ကို ပြုံးပြနေသည်။


     "ဘာလို့ ပြုံးနေတာလဲ၊ သိချင်ရင် မေးဟေ့။ ကိုယ့်နာမည်ကို ကိုယ်ကိုယ်တိုင် မိတ်ဆက်ရမယ်။ မေးကြ၊ ဒါမှ စကားပြောရတာ အားရှိမှာကွ"


     ပြုံးပြနေသော လူငယ်က မတ်တတ်ရပ်လိုက်သည်။


     "ကျွန်တော့်ကို သူငယ်ချင်းတွေက အသားမည်းလို့ ချစ်စနိုးနဲ့ `ငှက်ပျောကြော်` လို့ ခေါ်ကြတယ်။ အခုပြောနေတဲ့ ပုဂ္ဂိုလ်က ဘယ်သူပါလဲ ခင်ဗျ၊ သိချင်လို့ပါ"


     "မင်း မေးလို့ ငါ ဝမ်းသာတယ်။ အဲဒါ အိန္ဒိယနိုင်ငံရဲ့ နှလုံးရည်သူရဲကောင်း `မဟတ္တမဂန္ဒီ` ပဲ။ သူ့နာမည်အရင်းက M.K ဂန္ဒီ။ `မဟတ္တမ` ဆိုတာ `ကြီးမြတ်သော ဝိညာဥ်တော်` လို့ အဓိပ္ပါယ်ရတယ်။ `မဟတ္တမ` ဆိုတဲ့ ဝိသေသကို ပြည်သူတွေက ပေးထားတာ"


     "ဘာလို့ သူ့ကို မီးရထားပေါ်က ဆွဲချတာရလဲ ဆရာ"


      "အင်္ဂလိပ်တွေက အသားအရောင် ခွဲခြားတယ်။ တော်တော် ဘဝင်မြင့်တဲ့ လူမျိုး။ တချို့မီးရထားတွေကို လူမည်းတွေ မစီးရဘူး။ တခြား လူမျိုးတွေ စီးခွင့်မရှိဘူး။ အဲဒီလို မီးရထားပေါ်က ဆွဲချခံရတဲ့အတွက် `လူသားဝါဒ` စိတ်ဓာတ်တွေ `ဂန္ဒီကြီး` ရဲ့ ရင်ထဲမှာ သန္ဓေ တည်လာခဲ့တော့တယ်။ လူကို လူလိုမြင်တတ်ဖို့အတွက် အင်္ဂလိပ်တွေကို ဆုံးမဖို့တောင် အာဖရိကမှာ (၁၇) နှစ်လောက် နေထိုင်ခဲ့တယ်။ ပြီးမှ အိန္ဒိယကို ပြန်လာတယ်။


     အိန္ဒိယမှာလည်း ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားခြင်းကြောင့် လူ့အခွင့်အရေး ဆုံးရှုံးနေရတာတွေ၊ ပြီးတော့ အင်္ဂလိပ်အစိုးရရဲ့ မတရားတဲ့ဥပဒေနဲ့ အမိန့်အာဏာတွေကြောင့် လူတွေဟာ လူလိုနေထိုင်ခွင့်မရတာတွေကို တွေ့မြင်ရပြီး ဥပဒေသမားပီပီ ဥပဒေနဲ့ တိုက်ပွဲဝင်တယ်။ နောက်ကျတော့ ထောင်ကျတော့တာပေါ့ကွာ"


      `ငှက်ပျောကြော်` က ပြောသည်။


      "အများအတွက် ကြိုးပမ်းနေသူတွေဟာ ထောင်ကျတတ်တယ်နော်။ ဟုတ်လား ဆရာ"


     "ဟုတ်တော့ ဟုတ်တယ်။ ဒီလိုရှိတယ်ကွ။ အများအတွက် ကြိုးပမ်းနေသူတွေဟာ ထောင်ကထွက်လာရင် `လက်မထောင်` ပြီး ထွက်လို့ရတယ်။ အများအတွက် ကြိုးပမ်းနေသူတွေကို ထောင်ချခဲ့တဲ့သူတွေကတော့ လူကြားထဲမှာလည်း လက်မ မထောင်နိုင်သလို သမိုင်းစာမျက်နှာပေါ်မှာလည်း လက်မ မထောင်နိုင်ကြဘူးကွ"


       ကျောင်းသူတစ်ယောက်က လက်ညှိုးထောင်ပြီး မတ်တတ်ရပ်လိုက်သည်။


       "သမီးနာမည်က `ဂီသား` ပါ။ ဟိန္ဒူဘာသာဝင်ပါ။ `မဟတ္တမဂန္ဒီ` က `အဟိံသ` ဆိုတဲ့ သည်းခံခြင်းဝါဒကို သုံးတယ်တဲ့။ အဲဒါ ဘာလဲ ဆရာ။ သမီး ကြားဖူးတာကို သိချင်လို့ပါ"


      "ဆရာ နားလည်သလောက်တော့ မတရားတဲ့ အမိန့်အာဏာ၊ မတရားတဲ့ ဥပဒေစည်းမျဥ်းတွေကို အကြမ်းမဖက်တဲ့နည်းနဲ့ တိုက်ပွဲဆင်တာကို `အဟိံသ` လို့ ခေါ်တယ်။ လူသေစေတဲ့ တုတ်၊ ဓား၊ သေနတ် လက်နက် မကိုင်ဘူး။ မေတ္တာနဲ့ သစ္စာတရားကို ရင်မှာ ထားပြီး မတရားမှု မှန်သမျှကို သည်းခံတဲ့စိတ်နဲ့ စိတ်ရှည်ရှည် တိုက်ပွဲဝင်ခြင်းဟာ `အဟိံသ` နည်းပဲ"


     တစ်ယောက်က မတ်တတ်ရပ်လိုက်ပြန်သည်။


    "သမီးနာမည်က `ဖြူဖြူကိုကြီး` ပါ။ သမီးအဖေက နိုင်ငံရေးလုပ်ခဲ့တဲ့အတွက် ထောင်ကျဖူးပါတယ်။ သမီးအဖေအတွက် သမီးဂုဏ်ယူပါတယ်။ ဒါပေမယ့် အများအကျိုးလုပ်တဲ့သူတွေကို ဘာလို့ အပြစ်ပေးကြတာလဲ ဆရာ၊ သိချင်လိုက်တာ"


     "အေး... ဟုတ်ပြီ။ အများအကျိုး ဆောင်ရွက်သူကို ထောင်ချခဲ့တဲ့သူဟာ ကိုယ်ကိုယ်တိုင် ကိုယ်ကျိုးကြည့်သူလို့ ဝန်ခံလိုက်တာပဲဟေ့။ အတ္တကြီးသူတွေဟာ မောဟစိတ်ကြောင့် အမှန်ကို မမြင်နိုင်ကြဘူးကွဲ့။ ဆက်ပြောရဦးမယ်။ `မဟတ္တမဂန္ဒီကြီး` က အမှန်တရားကို ကြောက်ရွံ့သူ၊ ရင်မဆိုင်ရဲသူတွေရဲ့ ထောင်ချခြင်းကို အကြိမ်ကြိမ် ခံခဲ့ရတယ်။ ထောင်ထဲမှာလည်း အစာငတ်ခံ ဆန္ဒပြခဲ့တယ်။ သူဟာ ပြည်တွင်းဖြစ်ကို အားပေးဖို့ လှုံ့ဆော်တဲ့အနေနဲ့ ကိုယ့်အဝတ်အထည်ကို ကိုယ်ကိုယ်တိုင် ချည်ငင်ပြီ ရက်လုပ်ဝတ်ဆင်တယ်။ သစ်သားဖိနပ်ကို စီးတယ်။


     `မဟတ္တမဂန္ဒီ`ရဲ့ ပြတိုက် `နယူးဒေလီ` မှာ ရှိတယ်။ ဆရာ ရောက်ဖူးတယ်။ ကြုံလို့ မေးရအုံးမယ်။ `မဟတ္တမဂန္ဒီ` ရဲ့ ဖိနပ်တစ်ဖက်ဇာတ်လမ်းကို ဘယ်သူ ဖတ်ဖူးသလဲဟေ့"


    ရှေ့ဆုံးမှ လူငယ်တစ်ယောက် လက်ညှိုးထောင်ပြီး မတ်တတ်ရပ်သည်။


     "ကျွန်တော် ဖတ်ဖူးတယ် ခင်ဗျ"


     "ဒါဆို အားလုံးသိအောင် လိုရင်းပြောပြကွာ"


      "ဒီလိုဗျ၊ တစ်နေ့တော့ `မဟတ္တမဂန္ဒီ`က မီးရထားနဲ့ ခရီးသွားတယ်။ မီးရထားပေါ်အတက် ဖိနပ်တစ်ဖက် ကျွတ်ကျတယ်။ မီးရထားက ထွက်နေပြီ။ အဲဒီအခါ ကျန်တဲ့ဖိနပ်တစ်ဖက်ကို ချွတ်လိုက်တယ်။ ကျွတ်ကျကျန်ခဲ့တဲ့ ဖိနပ်အနီးကို ကျန်တဲ့ဖိနပ်တစ်ဖက် ပစ်ချလိုက်တယ်။ ရည်ရွယ်ချက်ကတော့ ကိုယ့်အတွက်လည်း ဖိနပ်တစ်ဖက်က အသုံးမဝင်၊ ကျွတ်ကျကျန်ခဲ့တဲ့ ဖိနပ်တစ်ဖက်ကို ကောက်ရမယ့်သူအတွက်လည်း အသုံးမဝင်။ ဒီတော့ ဖိနပ်ကောက်ရတဲ့သူ တစ်ရန်လုံး ရပါစေ ဆိုတဲ့ ဉာဏ်ဦးစီးတဲ့ စေတနာနဲ့ လုပ်ဆောင်လိုက်တာပါ။ ဆရာဖေမြင့်ရဲ့ `နှလုံးသားအာဟာရ` ဘာသာပြန် စာအုပ်လေးထဲမှာ ကျွန်တော် ဖတ်ဖူးတယ်"


    "မင်းတော်တယ်။ မင်းနာမည် ဘယ်သူလဲ"


     "ကျွန်တော့်နာမည် `မောင်မြအေး` ပါ ခင်ဗျ"


      "ကဲ... ထိုင်နိုင်ပြီ။ ဟုတ်တယ်ကွာ၊ သိမ်မွေ့တဲ့ဆန္ဒကို အောင်နိုင်ဖို့ လက်နက်နဲ့ တည်ဆောက်ယူလို့မရဘူး။ မေတ္တာနဲ့သာ တည်ဆောက်ယူခြင်းဖြင့် ရနိုင်တယ်လို့ `မဟတ္တမဂန္ဒီ` က ခံယူတယ်။ သည်းခံခြင်း၊ မေတ္တာထားခြင်း၊ ကိုယ်ချင်းစာတရား ထားခြင်းတွေကို မေလျော့နေတဲ့ အုပ်ချုပ်သူ လူ့အဖွဲ့အစည်းကို အကြမ်းမဖက်တဲ့နည်းနဲ့သာ ထာဝရအောင်နိုင်တယ်လို့ `မဟတ္တမဂန္ဒီ` က ယုံကြည်တယ်။ သူဟာ လူသားကောင်းကျိုး၊ လောကကောင်းကျိုးကို သယ်ပိုးဖို့အတွက် ဗြဟ္မာ့ဘုံက ဆင်းသက်လာတဲ့ ​ကြီးမြတ်သောဝိညာဥ်တော်ဖြစ်တယ်။ ဒါကြောင့် `မဟတ္တမ` ဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ရခြင်းပဲ"


     ကျောင်းသူတစ်ဦးက ကျွန်တော့်ကို ပြုံးပြပြီး မတ်တတ်ရပ်လိုက်သည်။ 


      "သမီးနာမည်းက `နီနီမင်းနိုင်` ပါ။ `မဟတ္တမဂန္ဒီ` က `လီယိုတော့စတွိုင်း` ရဲ့ စာပေတွေကို အလွန်မြတ်နိုးတယ်လို့ လေ့လာဖူးပါတယ်။ ဟုတ်ပါသလား ဆရာ"


     "အေး... ဟုတ်တယ်။ `လီယိုတော့စတွိုင်း`ရဲ့ စာပေတွေက သူ့ဘဝကို အရမ်းလွှမ်းမိုးတယ်။ ဒါကြောင့် စာကောင်းဖတ်ရင် စိတ်ကောင်းရှိမယ်။ စိတ်ကောင်းရှိရင် လူကောင်းဖြစ်မယ်။ လူကောင်း​ဖြစ်မှ သမိုင်းလှမယ်။ ကိုယ့်သမိုင်းလှချင်ရင် စာကောင်းပေမွန်တွေ ဖတ်ကြ"


     ကျွန်တော်က စာဖတ်ဖို့ တိုက်တွန်းလိုက်ပြန်သည််။


     "ကျွန်တော့်နာမည် `မောင်ပြုံးချို` ပါ။ နားမလည်တာရှိလို့ မေးပါရစေ ဆရာ။ `မဟတ္တမဂန္ဒီ` က ဟိန္ဒူဘာသာဝင်တစ်ယောက်ဆို။ သူ့ကို ဟိန္ဒူဘာသာဝင် လူငယ်လေးကပဲ သတ်တယ်တဲ့။ အဲဒါ ဘာကြောင့်ပါလဲ ဆရာ"


     "ဒီလိုကွ၊ `မဟတ္တမဂန္ဒီ` က ဟိန္ဒူနဲ့ မွတ်စလင် ညီညွတ်ရေးကို ကြိုးပမ်းခဲ့တဲ့သူ။ ဗြိတိသျှအင်္ဂလိပ်က သူတို့ရဲ့ထုံးစံအတိုင်း ဟိန္ဒူနဲ့ မွတ်စလင်ကို မသိမသာ ရန်တိုက်ပေးထားတယ်။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးအတွက် တို့နိုင်ငံလိုပဲ တွဲရေး၊ ခွဲရေးတွေ ဖြစ်လာတယ်။ `မဟတ္တမဂန္ဒီ` က ဟိန္ဒူနဲ့ မွတ်စလင်ကို ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် အတူတကွ ယှဥ်တွဲပြီး နေထိုင်စေလိုတဲ့ ဆန္ဒရှိတယ်။ အစဥ်မပြတ် ကြိုးပမ်းခဲ့တယ်။ ဒါကို ဟိန္ဒူလူငယ်တွေက မကြိုက်ကြဘူး။ မွတ်စလင် ဘာသာဝင်တွေဘက်ကို ဘက်လိုက်တယ်လို့ ထင်ကြတယ်။


       ဒါကြောင့် ဟိန္ဒူဘာသာဝင်ဖြစ်တဲ့ `ဂတ်ဆေး` ဆိုတဲ့ လူငယ်လေးက ခြောက်လုံးပြူးသေနတ်နဲ့ ပစ်သတ်တယ်။ သုံးချက် ပစ်ခံရတယ်။ သူ့အသက် (၇၈) နှစ်။ ၁၉၄၈၊ ဇန်နဝါရီလ (၃၀) ရက်နေ့မှာ သေဆုံးတယ်။ အလွန် ဝမ်းနည်းစရာကောင်းတယ်။ လူငယ်တွေကို တစ်ခု သတိပေးချင်တယ်။ ကိုယ့်အသိဉာဏ်တိမ်တိမ်လေးနဲ့ လောကကို မရှုမြင်ကြပါနဲ့ အန္တရာယ်ကြီးတယ်"


      နားထောင်နေသူအားလုံး၏ မျက်ဝန်းများတွင် ဝမ်းနည်းရိပ်များကို ကျွန်တော် တွေ့လိုက်ရသည်။


      "ကဲ... ဟေ့၊ မျက်မှန်တစ်လက်၊ ဒိုတီ အဝတ်အစားတစ်စုံနဲ့ လူသားတွေအတွက် နှလုံးသားကို ပုံအပ်ခဲ့သူ။ မတရားတဲ့ ဥပဒေ၊ အမိန့်အာဏာတွေကို အကြမ်းမဖက်တဲ့နည်းနဲ့ အနိုင်ရအောင် အစွမ်းဆောင်နိုင်ခဲ့တဲ့ မေတ္တာရှင်။ ကိုယ်ခန္ဓာ ပိန်သေးယိုင်နဲ့ပေမယ့် သတ္တိအရာမှာ မယိုင်နဲ့တဲ့ အကြောက်တရားကင်းသူ။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး လွတ်မြောက်ရေးအတွက် အမှန်တရားဘက်က ရပ်တည်ခဲ့တဲ့သူ။


     အိန္ဒိယ ပြည်သူပြည်သားများအတွက်သာမက ကမ္ဘာ့ပြည်သူတစ်ရပ်လုံးကပါ ချစ်ခင်လေးစား ကြည်ညိုခြင်းခံရတဲ့ သူတော်စင်တစ်ပါး။ `အဟိံသ` နဲ့ မေတ္တာတရားကို  လက်တွေ့ကျင့်ဆောင်ခဲ့တဲ့ အနှိုင်းမဲ့ ဖြူစင် မြင့်မြတ်သူ။ အဲဒီလို ဂုဏ်ပုဒ်တွေ ပိုင်ဆိုင်တဲ့ `မဟတ္တမဂန္ဒီကြီး` ဟာ ဒီလို အောက်တိုဘာလ (၂) ရက်၊ ၁၈၆၉ မှာ မွေးတယ်။ ဒါ့ကြောင့် ဒီနေ့ဟာ သူ့ရဲ့ (၁၄၃) နှစ်မြောက် မွေးနေ့ပဲ။


     သူဟာ ငါတို့၊ မင်းတို့ ကမ္ဘာသူ၊ ကမ္ဘာသား အားလုံးရဲ့  နှလုံးသားထဲမှာ ထာဝစဥ် ရှင်သန်နေမယ့် ဝိညာဥ်တော်ပဲ။ တိုက်တိုက်ဆိုင်ဆိုင် မင်းတို့နဲ့အတူ ဂုဏ်ပြုခွင့်ရလို့ ငါ့ကိုယ်ငါ ကျေနပ်တယ်။ မင်းတို့လဲ ထာဝစဥ် ရှင်သန်မယ့် ဝိညာဥ်တွေ ဖြစ်ပါစေ"


      "ပေးတဲ့ဆုရအောင် ကြိုးစားပါ့မယ် ဆရာ"


      "ကဲဟေ့၊ လူငယ်တို့ မှတ်ထားကြ။ ရဲရင့်နီစွေးတဲ့ နှင်းဆီပန်းပွင့်ကို မြင်ချင်ရင် နှင်းဆီဆူးတွေကို ရေလောင်းရဲရမယ်။ နှင်းဆီဆူးတွေကို ရေလောင်းဖို့ တွန့်ဆုတ်နေရင်တော့ ရဲရင့်တဲ့ နှင်းဆီပန်းတွေကို မြင်တွေ့ခွင့်ရမှာ မဟုတ်ဘူး။ နှင်းဆီဆူးတွေကို ကြောက်နေရင် နှင်းဆီရနံ့ကိုလည်း ရှုရှိုက်ခွင့် ဘယ်ရပါတော့မလဲ။ နှင်းဆီပန်းကို လိုချင်ရင် နှင်းဆီဆူးကို မကြောက်ကြနဲ့ဟေ့"


Crd#


                          


                    


                     

စိတ်ဓာတ်

  






🔶 လူတစ်ယောက်ရဲ့ ဘဝအနိမ့်အမြင့်က.....


👉" စိတ်ဓာတ်"အပေါ် အများကြီး မူတည်နေပါတယ်။




🔶 "စိတ်ဓာတ်" မြင့်မားရင် " ဘဝ"မြင့်မားမှာဖြစ်ပြီး။




👉 "စိတ်ဓာတ်" နိမ့်နေရင် ......




👉 ငွေချမ်းသာလည်း ဘဝက နိမ့်ကျနေမှာပါ။




🔶 "စိတ်ဓာတ်" မြင့်မားတယ်ဆိုတာ ဘယ်လိုဟာကို ခေါ်သလဲ...?




{ ၁ } ရိုးသားမှု


{ ၂ } ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ် ၊ အပြောတွေအပေါ် တာဝန်ယူမှု။


{ ၃ } အရှိကို အရှိအတိုင်း ရိုးသားစွာ ဖော်ပြတတ်မှု။


{ ၄ } မကောင်းတာလုပ်လုပ် ၊ ကောင်းတာပဲလုပ်လုပ် စည်းစနစ်ကျမှု


     


{ ၅ } ကိုယ်မှားရင် မှားတယ်လို့ ဝန်ခံရဲတဲ့ သတ္တိရှိမှု။


{ ၆ } အခြားသူရဲ့ နှာခေါင်းပေါက်နဲ့ အသက်မရှူတတ်သူ။


{ ၇ } အပြောတစ်မျိုး / အလုပ်တစ်မျိုး မလုပ်တတ်သူ။


{ ၈ } ကိုယ်မှန်တယ်ထင်ရင် ရှင်ဘုရင်တောင် ပြန်ပြောရဲသလို။


       ကိုယ်မှားပြီး ဆိုရင်လည်း သူတောင်းစားတောင် ....


       တောင်းပန်ဖို့ ဝန်မလေးတတ်သူ။


{ ၉ } အမှန်တရားကိုလက်ကိုင်ထားသူ ၊ 




🔶 စိတ် သည် ဘဝ ၊ ဘဝ သည် စိတ်ပါ...။




👉 စိတ်ဓာတ် မကောင်းမှတော့ 


      မှန်လိုပဲ .....


👉 ဘဝလည်း ချောလာစရာ အကြောင်း 


      မရှိပါ။




🔶 ပေါ့ပေါ့နေ ပေါ့ပေါ့စားပြီး......




👉 " ဂွင်"ဆိုတဲ့ တစ်နပ်စား ကြံစည်


       နေမှတော့


👉 တစ်နပ်စားပြီး စားစရာ မကျန်တော့ရင်     


       ငတ်ပြီ​ပေါ့




🔶 ပညာတွေ ဘယ်လောက်ပဲ  တော်တော်




👉 စိတ်ဓာတ်တွေ မကောင်းရင်တော့   


     အသုံးမဝင်သလို........


👉 အရည်အချင်းတွေ ဘယ်လောက်ပဲ 


    ရှိရှိပါ။


👉 စည်းကမ်း မရှိရင်တော့ ......


👉 ပလိုင်းပေါက်နဲ့ ဖားကောက်နေသလို


       ပါပဲ။




🔶 သူငယ်ချင်း .......




👉 "ဘဝ" မြင့်မားပြီး အဆင့်အတန်းမြင့်တဲ့ ......


👉 လူသား တစ်ယောက် ဖြစ်ချင်ရင်တော့


👉 "စိတ် "ကို အရင်ပြင်ကြည့်လိုက်ပါ။😊




👏👏👏#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်👏👏👏


Crd#

မ ျော်သင့်သောစည်းကလေးများ

  




☝ လူတစ်ယောက်နဲ့တစ်ယောက် ကြားမှာ


👉 စည်းလေး တစ်ခုတော့ ထားပေးပါ။




☝ သူငယ်ချင်းပဲ ဖြစ်ဖြစ်


👉 ချစ်သူချင်းပဲ ဖြစ်ဖြစ်


👉 မောင်နှမကြားမှာပဲ ဖြစ်ဖြစ် ......


👉 နောက်ဆုံး မိဘနဲ့ သား/သမီး 


     ကြားမှာတောင်


👉 စည်းလေးတစ်ခု ရှိရပါမယ်....။




☝ လိုတာထက် ပိုမဝင်မိစေဖို့ ......


👉 သူ့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက် 


👉 ကိုယ်ပိုင် ခံယူချက်


👉 သူ့ရဲ့ လွတ်လပ်ခွင့် 


👉 သူ့ရဲ့ ရည်မှန်းချက်




👉 သူ့ရဲ့ပြင်လို့မရတဲ့ ဗီဇနဲ့ စရိုက်တွေ အတွက်


👉 ကိုယ်က ဝင်ရောက်သင့်တဲ့ .......


👉 အတိုင်းအတာထက် ပိုပြီး မဝင်မိစေဖို့ ..




👉 မေးသင့် မေးထိုက်တာထက်


👉 ပြောသင့် ပြောထိုက်တာထက် ပိုပြီး


👉 ဘောင်တွေ မကျော်ဖို့အတွက်


👉 စည်းတစ်ခု ထားကိုထားရပါမယ်...။




☝ အရမ်းချစ်ကြတဲ့ သူတွေက ......


👉 ဘာလို့ မုန်းသွားကြသလဲ.....?




☝ အရမ်းခင်ကြတဲ့ မိတ်ဆွေတွေက ....


👉 ဘာလို့ အမုန်းဆုံး ရန်သူတွေ ဖြစ်


     သွားကြသလဲ.....?




👉 အရင်က အရမ်းအဖွဲ့ကျ ......


👉 စားအတူ/ သွားအတူ ပျော်ခဲ့ကြတဲ့ 


     BFF တွေ


👉 ဘာလို့ ခပ်တန်းတန်းတွေ ဖြစ်ကုန်


     ကြသလဲ ......?




👉 ဘာလို့ တစ်ယောက်နဲ့တစ်ယောက်....


👉 အထင်မကြီး/ မလေးစားကြတော့


     တာလဲ...?




☝ ပြဿနာ အများစုရဲ့အဖြေကတော့...


👉 လိုတာထက်ပိုပြီး စည်းတွေကျော်


👉 ဘောင်တွေ ကျော်နင်းခဲ့ကြလို့ပါ.....။




☝ အရမ်းခင်/ အရမ်းချစ်နေကြဆဲ   


     ကာလမှာတော့။


👉 အယုံကြည်ရဆုံးလို့ ထင်မိပြီးတော့ ...


👉 မိမိဘဝအကြောင်း/ မိမိစိတ်ဓာတ်


     အကြောင်း


👉 မိမိရဲ့ မိသားစုတွေ အကြောင်း ......


👉 အိတ်သွန်ဖာမှောက် ပြောပြကြသလို




👉 မိမိကလည်း သူတပါးရဲ့ အတွင်းရေးတွေကို


👉 အကြံပြု ဝေဖန်ဆုံးဖြတ်ကြပါတယ်။


👉 အဆင်ပြေနေတုန်းတော့ အဆင်ပြေ


     နေတာပေါ့။




☝ အဲဒီကနေ တဆင့်တက်ပြီးတော့ ......


👉 သူ့ရဲ့ဘဝ/ ကိုယ့်ရဲ့ဘဝ/ သူ့ရဲ့


     အတွင်းရေး ...


👉 ကိုယ့်ရဲ့ အတွင်းရေးအထိ ဝင်


     ရောက်လာကြတယ်။


👉 စည်းလွတ် ဝါးလွတ်တွေ ပြောလာ


     ကြတယ်။




☝ ကိုယ့်ရဲ့ အတွေး/ ကိုယ့်ရဲ့ အမြင်


     တွေကို ....


👉 သူက လက်မခံတဲ့အခါ ရန်တွေ


     ဖြစ်လာကြတယ်..။




☝ သူ့ရဲ့ စည်းလွတ်/ ဘောင်လွတ် နယ်   


     ချဲ့ပြီးတော့ ....


👉 မိမိရဲ့ အတွင်းရေးအထိ ပါဝင်လာ


     တာကိုလည်း....


👉 ကိုယ်တိုင်က အရင်လို မနှစ်သက်နိုင်


     တော့ပါဘူး...။




☝ အဲဒီ အခါမှာတော့ .......


👉 သူ့ရဲ့ အပေါ်မှာ ကိုယ်မြင်ခဲ့တဲ့ .......


👉 ကိုယ် အထင်ကြီးခဲ့တဲ့/ အားသာ


     ချက်တွေအပြင်


👉 ကိုယ် လက်ခံလို့ မရတဲ့ ကိုယ်မ


     ကြိုက်နှစ်သက်တဲ့


👉 သူ့ရဲ့ character တွေပါ သိလာရတဲ့


     အချိန်မှာ....


👉 စည်းပြင် တော်တော်ကျော် နေပါပြီ။




☝ အကောင်း မြင်တာတွေ မှေးမှိန်ပြီးတော့ 


👉 မကောင်း မြင်ချက်တွေ/ အားသာ


     လာတဲ့ အချိန်မှာတော့။


👉 လူနှစ်ဦးရဲ့ ဆက်ဆံရေးတွေဟာ ....


👉 အရင်ကလို မနွေးထွေးနိုင်တော့ပါဘူး။




☝ သူက ငါထင်သလို မဟုတ်ဘူး ဆို


     တာတွေ....


👉 သူက မိတ်ဆွေကောင်း မဟုတ်ဘူး 


     ဆိုတာတွေ.....


👉 တွေးမိ လာကြပါတယ်...။




☝ တကယ်တော့ ......


👉 လူတိုင်းရဲ့ အတွင်းစိတ်မှာ ....


👉 weak pointတွေ ရှိနေပါတယ်။


👉 မရင့်ကျက်မှုတွေ ရှိတယ် မပြည့်ဝ


     တာတွေလည်း ရှိနေပါတယ်။




☝ အပေါ်ယံကသာ လူတွေနဲ့ 


     အဆင်ပြေဖို့ ....


👉 လူအထင်ကြီးဖို့ ရုပ်ဝတ္ထုပစ္စည်းတွေ 


👉 အပြုံးတုတွေနဲ့ ဖုံးကွယ်ထားကြတာပါ




☝ ခက်တာက လူတွေက .....


👉 ကိုယ်တိုင်သာ ကောင်းအောင် မနေ


     နိုင်ကြတယ်။


👉 သူများကိုတော့ ကောင်းတဲ့အရာကိုပဲ 


👉 မြင်ချင်ကြတာမျိုး/ ကြုံချင်ကြတာ


     မျိုးပါ....




👉 ကိုယ်လည်း အပါအဝင်ပေါ့.....




😁😁😁😁




☝ ဒါ့ကြောင့် ......


👉 သူတပါးရဲ့ weak point တွေနဲ့ 


     ကြုံတွေ့ရတဲ့အခါ....


👉 စည်းလွတ်/ ဝါးလွတ်တွေ ပြောဆို


     ကြတာတွေ


👉 ပြင်ဖို့ ကြိုးစားလို့ မရတဲ့အခါ .....


👉 လှောင်ပြောင်ရှုံ့ချကြ ကဲ့ရဲ့


     အတင်းပြောကြရင်း


👉 စိုသောလက်တွေ ခြောက်လာကြတာ 


     ကြုံဖူးကြမှာပါ။




☝ ဒါ့ကြောင့် ......


👉 လူနှစ်ဦး အနေနဲ့ /လူတစ်စု အနေနဲ့ 


👉 ရေရှည်လက်တွဲသွားဖို့ ရည်ရွယ်


     တယ်ဆိုရင်....




☝ နေသင့်တဲ့ နေရာမှာပဲ နေပါ ......။


👉 မမေးသင့်တဲ့ အရာတွေကို မမေးပါနဲ့။


👉 မသိသင့်တဲ့ အကြောင်းအရာတွေကို 


     မသိချင်ပါနဲ့။




☝ သူ့ရဲ့ ရည်မှန်းချက်တွေ/ သူ့ရဲ့ ခံယူ


     ချက်တွေ .....


👉 မူလ ကတည်းက ရှိနေတဲ့ သူ့ရဲ့


     စရိုက်တွေ/ ဗီဇတွေကို


👉 သင့်အမြင် သင့်ခံစားချက် တစ်ခုထဲ


     နဲ့ ပြုပြင်ဖို့ မကြိုးစားပါနဲ့။




☝ ကိစ္စတစ်ခု ပြဿနာ တစ်ခုကို ......


👉 သင်နဲ့ ထပ်တူကျဖို့ ဘယ်တော့မှ ....


👉 အတင်းအကြပ် မကြိုးစားပါနဲ့။




☝ ကောင်းဖို့အတွက် စေတနာနဲ့ ပြော


     တာရယ်.....


👉 ဝင်ရောက် စွတ်ဖက်တာရယ်က မတူ


     ဘူးဆိုတာ သိထားပါ။




☝ မိတ်ဆွေကောင်းဆိုတာ ရိုးသားရပါမယ်။


👉 ဒါ့အပြင် အကင်းလည်း ပါးရပါမယ်။


👉 သူ့စည်းကိုယ့်စည်း ၂ခုစလုံးကို ......


👉 မပြောဘဲနဲ့ အလိုလို နားလည်ရပါမယ်။




☝ လူနှစ်ယောက်ဟာ/ လူတစ်စုဟာ ....


👉 ဘယ်သောအခါမှ အရာရာအတွက်


👉 ထပ်တူကျနိုင်မယ် မဟုတ်ဘူးဆိုတာ


     လည်း သိရပါမယ်။




☝ ကောင်းတာတွေကို လက်ခံနိုင်သလို 


👉 မကောင်းတာတွေ အတွက်လည်း ....


👉 စည်းမကျော်စေဘဲ လက်ခံပေးနိုင်မှသာ


👉 ဘယ်သူနဲ့မဆို လက်တွဲနိုင်မယ် 


     ဆိုတာလည်း သိရပါမယ်။




☝ ဒါ့ကြောင့် .....


👉 မချစ်ခင်က မမုန်းဖို့အတွက် .....


👉 ကြိုတင် ပြင်ဆင်ထားလို့ ရပါတယ်။




☝ စည်းကလေးတွေ မနင်းမိအောင်ပေါ့။


👉 ဘောင်ကလေးတွေ မကျော်မိအောင်ပေါ့။






🌹


Crd #

သောကကင်းစွာရှင်သန်ပါ

   ဘဝဆိုတာ ရာသီဥတုဆန်တယ်။ အမြဲတမ်း သာယာမနေနိုင်သလို အမြဲတမ်းလည်း ဆိုးရွားမနေနိုင်ပါဘူး။ နေသာတဲ့အခါ ရှိမယ်။ မိုးအုံ့တဲ့အခါ ရှိမယ်။ မိုးရွာတဲ့...