Friday, July 3, 2020

ဦးနှောက်ကိုပျက်စီးစေသော အကြောင်း(၁၀)ချက်

ဦးနှောက်ကိုပျက်စီးစေသော အကြောင်း(၁၀)ချက်
===================================
၁။ မနက်စာမစားခြင်း
မနက်စာမစားသူတွေဟာ သွေးထဲမှာ သကြားဓာတ်ရရှိမှုပိုမိုနည်းပါးစေပါတယ်။အကျိုးဆက်အနေနှင့် ဦးနှောက်အတွက်လုံလောက်တဲ့အဟာရမရရှိတော့ဘဲ ဦးနှောက်ရဲ့စွမ်းရည်ကို ကျဆင်းစေပါတယ်။

၂။လွန်ကဲစွာစားသောက်ခြင်း
လိုအပ်တာထက်ပိုမိုစားသောက်ခြင်း၊အလွန်အကျွံစားသောက်ခြင်းဟာ ဦးနှောက်ဆိုင်ရာသွေးလွှတ်ကြောတွေကို တင်းမာစေတဲ့ အတွက် ဦးနှောက်ရဲ့ အသုံးပြုနိင်စွမ်းရည်ကိုကျဆင်းစေပါတယ်။

၃။ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းက ဦးနှောက်ကိုကျုံ့စေသလို အယ်လ်ဇိုင်းမားရောဂါ(လူရဲ့မှတ်ဉာဏ်နဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကိုကျဆင်းစေတဲ့ ရောဂါ)ပါဖြစ်လာနိင်ပါတယ်။

၄။အချိုများလွန်ကဲစွာစားသောက်ခြင်း
အချိုးဓာတ်တွေ လွန်ကဲနေရင်လဲ ခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့ ပရိုတင်းဓာတ်နဲ့ အဟာရတွေ စုပ်ယူမှုကို အဟန့်အတာဖြစ်စေပြီ အဟာရချို့တဲ့စေတဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ အနှောက်အယှက်ဖြစ်စေပါတယ်။

၅။လေထုညစ်ညမ်းခြင်း
ဦးနှောက်ဟာ ကိုယ်ခန္ဓာမှ အောက်ဆီဂျင်ကို အများဆုံးအသုံးပြုတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ညစ်ညမ်းတဲဘ လေကိုရူးသွင်းခြင်းအားဖြင့် ဦးနှောက်ကို အောက်ဆီဂျင်ထောက်ပံ့မှုလျော့နည်းစေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကိုကျဆင်းစေပါတယ်။

၆။အိပ်ချိန်မလုံလောက်ခြင်း
အိပ်စက်ခြင်းဟာ ဦးနှောက်အတွက် အကောင်းဆုံးအနားယူခြင်းပါ။အိပ်ချိန်မလုံလောက်တာမျိုး ရည်ရှည်ဖြစ်လာတဲ့ အခါမှာ ဦးနှောက်ရဲ့ ဆဲလ်တွေ သေးဆုံးတဲ့ နှုန်းမြင့်မာလာစေပါတယ်

၇။ အိပ်ချိန်မာခေါင်းအုံးကို ဖုံးထားခြင်း
ခေါင်းကို ဖုံးအုပ်ပြီအိပ်ခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်စုစည်းမှုကိုလျော့ကျစေတာကြောင့် ဦးနှောက်ပျက်စီးစေတဲ့ အကျိုဆကို ရရှိစေတယ်

၈။ကျန်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း
ကျန်းမာရေးမကောင်းချိန်မာ ဦးနှောက်ကို အလုပ်ပြင်းထန်စွာလုပ်တာမျိုး စာကျက်စာဖတ်တာမျိုးတွေဟာ ဦးနှောက် ဦးနှောက်စွမ်းဆောင်မှုကို လျော့ကျစေပါတယ်
ပျက်စီးစေပါတယ်

၉။စိတ်ဝင်စားတက်ကြွစွာ စဉ်းစားတွေးခေါ်မှု မရှိခြင်း
စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကိုအလေ့အကျင့်လုပ်ရာမှာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ဦးနှောက်ကို တက်ကြွစေတဲ့စဉ်းစားတွေးခေါ်မှုတွေ လုပ်မပေးရင် ဦးနှောက်ကျုံးစေပါတယ်

၁၀။စကားနည်းခြင်း
အသိဉာဏ်အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်းမျိုးပြောပေးခြင်းဟာ ဦးနှောက်စွမ်းရည်ကို တိုးစေပါတယ်.....
Crd......

No comments:

Post a Comment

သောကကင်းစွာရှင်သန်ပါ

   ဘဝဆိုတာ ရာသီဥတုဆန်တယ်။ အမြဲတမ်း သာယာမနေနိုင်သလို အမြဲတမ်းလည်း ဆိုးရွားမနေနိုင်ပါဘူး။ နေသာတဲ့အခါ ရှိမယ်။ မိုးအုံ့တဲ့အခါ ရှိမယ်။ မိုးရွာတဲ့...