ကပ်ရောဂါဖြစ်ရခြင်းအကြောင်း
~~~~~~~~~~~~~~~~~~
လူတို့ အသက်တမ်း
၅၀၀- တမ်း အောက်၌ လောကတွင်
အယုတ်တရားကြီး ၃-မျိုး ဖြစ်ပေါ်လာ၏။
၁။ အဓမၼရာဂ
၂။ ဝိသမလောဘ
၃။ မိစ်ဆာဓမ်မ
အဓမ္မရာဂ ဟူသည်
ယောက်ျားမိန်းမတို့သည်
မိမိတို့ဆိုင်ရာ အာရုံနှင့်
မတင်းတိမ်နိုင်ကြဘဲ
အခြားတစ်ပါး၌ စွန်းငြိ
ကျူးလွန်သော ရာဂတရား ဖြစ်၏။
(လယ်တီဆရာတော်)
(တစ်နည်း) အမေ အဒေါ် စသော
ရာဂမဖြစ်သင့်သူ၌ တပ်မက်သော
ရာဂ တရားကို အဓမ္မရာဂ ဟု ခေါ်သည်။ (အဋ္ဌကထာ)
ဝိသမလောဘ ဟူသည်
ပစ္စည်းဥစ္စာတို့၌ သူ့ဖို့ ကိုယ့်ဖို့
မျှတခြင်း မရှိကြဘဲ ကိုယ့်ဖို့ကိုယ်သာ
လုယက်ဆွဲငင်ကြသော
လောဘတရား ဖြစ်၏။
မိစ္ဆာဓမ္မ ဟူသည်
တိရစ္ဆာန်ကို သတ်မှုသည် အပြစ်မရှိ၊
အရက်သောက်ခြင်းသည် အပြစ်မရှိ
အစရှိသဖြင့် ယူဆမှုမျိုး
ဖြစ်၏။ (လယ်တီဆရာတော်)
(တစ်နည်း) ယောက်ျားအချင်းချင်း
တပ်မက်ခြင်း၊
မိန်းမ အချင်းချင်း တပ်မက်ခြင်းသည်
မိစ္ဆာဓမ္မ မည်၏။ (အဋ္ဌကထာ)
ထိုအခါ နတ်ဗြဟ္မာတို့သည်
လူတို့ကို မကြည်ညိုတော့ပြီ။
လူ့လောကကို
မစောင့်ရှောက်ကြတော့ပြီ။
နတ်ဆိုးးတို့ကို ထိန်းချုပ်ထားခြင်း
မရှိတော့ဘဲ လွှတ်ထားကြကုန်၏။
နတ်ဆိုး သရဲ သဘက်တို့သည်
လူတို့နေရာသို့ လာရောက်၍
လူတို့အား ကပ်ရောဂါအမျိုးမျိုးပေး၍
အသွေးအဆီတို့ကို
စားသောက်ကြကုန်၏။
လူတို့ကို မရခဲ့သော်
ကျွဲ နွား မြင်း သိုးစသော
သတ္တဝါတို့အား
ကပ်ရောဂါအမျိုးမျိုးပေး၍
အသွေး အဆီတို့ကို စားသောက်
ကြကုန်၏။
ထိုကပ်ဆိုက်ရာ မြို့ရွာတို့၌
လူ ကျွဲ နွားတို့သည် ထောင်
သောင်း များစွာ သေဆုံးကြကုန်တော့၏။
ဤသည်မှာ ကပ်ရောဂါဆိုက်ရခြင်း
အကြောင်းဖြစ်၏။
လူ့လောက၌ လူ့အသက်တမ်း
၅၀၀ အထက်တွင် အယုတ်
တရားကြီး ၃~ခု မရှိသေးလျှင်
နတ် သိကြား ဗြဟ္မာတို့သည်
လူတို့ကို ကြည်ညို လေးစားကြကုန်၏။
လူ့လောကကို ကြည့်ရှု
စောင့်ရှောက်ကြကုန်၏။
လူတို့ကို ထိပါးခြင်း မရှိရအောင်
နတ်ဆိုး တို့ကို ထိန်းချုပ်ထားကြကုန်၏။
ထိုအခါ လူ့လောကတွင်
မည့်သည့် ကပ်ရောဂါမျှ မရှိ။
ထို့ကြောင့် လူ့ပြည် လူ့လောကတွင်
ကပ်ရောဂါများ
မပေါ်ပေါက်လိုလျှင်
အယုတ်တရားကြီး ၃~ခုကို ဂရုပြု
ကြကုန်ရာ၏။
ကျမ်းကိုး။ ။
၁။ အင်္ဂုတ္တိုရ် တိကနိပါတ်၊
ပလောကသုတ်
၂။ ပါထိကဝဂ္ဂအဋ္ဌကထာ၊ ၃၆
၃။ ရောဂန္တရဒီပနီ
Crd,.......
Subscribe to:
Post Comments (Atom)
သောကကင်းစွာရှင်သန်ပါ
ဘဝဆိုတာ ရာသီဥတုဆန်တယ်။ အမြဲတမ်း သာယာမနေနိုင်သလို အမြဲတမ်းလည်း ဆိုးရွားမနေနိုင်ပါဘူး။ နေသာတဲ့အခါ ရှိမယ်။ မိုးအုံ့တဲ့အခါ ရှိမယ်။ မိုးရွာတဲ့...
-
#ပုပ္ပါးတောင်သမိုင်း အနောက်တိုင်းသားတို့က နတ်တို့ပျော်စံရာ အိုလံပတ်စ်တောင် (Mt. Olympus, an abode of the Gods ) နှင့်တူသည်ဟူ၍လည်းကောင်း အာရ...
-
ပုဂံဘုရားများ သမိုင်း ၁။ဓမ္မရံကြီးဘုရား သမိုင်း ထီးနန်းရဖို့ ခမည်းတော်နဲ့နောင်တော်ကိုသတ် အရက်စက်ဆုံး ဘုရင်ရယ်လို့ သမိုင်းတွင်တဲ့ နရသူ နဲ့ န...
-
သမိုင်းဝင် မြသိန်းတန်စေတီနှင့် တန်ခိုးကြီး ဗုဒ္ဓနိမ္မိတရုပ်ပွားတော် ================================== သမိုင်းဝင် မြသိန်းတန်စေတီနှင့် တန်...
No comments:
Post a Comment